InterNOT

အွန်လိုင်းတက်ကာ တစ်ယောက်ယောက်နဲ့ စကားပြောမယ်လို့ စိုင်းပြင်
အင်တာနက်ကဖေး ကိုရောက်တော့ ငါတစ်ယောက်လည်း အထဲကို မဆိုင်းဝင်
ယူဇာနိမ်းပါ့စ်ဝဒ် ရိုက်နှိပ်ပြီးတော့ ကလစ်တစ်ချက်ပေးတယ် ဆိုင်းအင်

ကော်နက်ရှင်နှေးနေပါလား ဒီခဏမှာတော့ လိုင်းမ၀င်
ဒီလိုနဲ့ တွေ့ကရာ လျှောက်နှိပ် ဂိမ်းဆော့နေရင်း အွန် မလိုင်းခင်
အင်း…
ဂိမ်းဆော့တာလည်းအတော်ကြာပြီ ထိုင်နေရတာ ညောင်းညာမိပေါ့ ငါ့စိတ်ထဲက ပျိုင်းချင်
ကဲ exit ကိုနှိပ် ဂိမ်းအပြင်ထွက် တွေ့လိုက်ရတာ ဆိုင်းဂင်းအင်
ဆယ့်ငါး မိနစ်တောင်ရှိပြီ ခုထိလိုင်းမတက်ပါ ငါ့စိတ်ထဲ က နှိုင်းချင်
(@$%&^*^&%&^*(*&*@@%$%*&%####&^%^&$%^$)

ခဏနေတော့ ဖြစ်ရပြန်ပြီ status က ကော်နက်တင်း
မြန်မာပြည်မှ ဖြစ်နေတာက အင်တာနက်ဟာ အတော်ခက်ခြင်း
ဒီမီးလေးစိမ်းဖို့က ကြာတာ ကြာတာ အတော်နဲ့မလင်း
ဆိုသာဆို အပိုတွေပါကွာ အလွမ်းလည်းမဟုတ်တဲ့ မပျော်တဲ့ သီချင်း

နေ့တိုင်းပဲ မော်နီတာရှေ့မှာ အတော်မကြည်သာ အပြည့်နဲ့ stresses တွေမိ
လုပ်လိုက်သမျှ ဘာမှမရတော့ ပျက်နေတဲ့ခန္ဗီတရားက ကြက်ခြေအတိ
လုပ်စရာတွေကတော့ အမျှင်ကိုမပြတ် ခက်လိုက်တာကွာ ဆက်နေ၏

Internet သုံးတယ်ဆိုတာ ဒီရန်ကုန်မှာတော့ သုံးတာ ဂျီတော့ခ့်
ဒီလိုမှမဟုတ်ရင်လည်းပဲ ဒိုတာ ၊ ဂျန်နရယ် အပီဆော့
ဝက်ဘ်ဆိုရင် သိလိုက်တာပဲ MKSK Sexy ပေါ့။

ကွန်ပြူတာမှာ မှာကော်နက်ရှင်မရှိ ရင် ဘာလုပ်မှာလဲ foreigner အတည်မေးတယ်
“Can’t explore the site cos connection being slow” ဆိုတော့ နိုင်ငံခြားသားက ရယ်သေးတယ်။
ဒါကြောင့်လည်း ရတာလေးကနေ ဟိုကျော်ဒီကျော် ပရောက်ဆီနဲ့ မရမက ကို တစ်ချို့ကလည်း အီသေးတယ်။

Comments

မြန်မာပြည်က အင်တာနက်အကြောင်း အပြည့်အ၀ခံစားလိုက်ရတယ်။
Welcome said…
ဒီလိုအလိုမကျတဲ့ ရက်တွေ များလာတော့ အမှန်ပဲ စိတ်ဖိစီးမှုတွေ များလာရတယ်။ မေတ္တာပို့ရတာလည်း မနည်းတော့ဘူး။ နက်တက်တိုင်း အဘိစ္ဇျာပွားရတာ အကုသိုလ်များလှပါတယ်။ ဒါပေမယ့်လည်း မနေနိုင် မထိုင်နိုင်တာမို့ တက်မြဲ စိတ်ဆင်းရဲမြဲပါပဲ။


ခင်မင်တဲ့

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး