ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ဖြစ်ရိုးဖြစ်စဉ်

အဲ့ဒီ့စပျစ်သီးလေး ကြွေမကျလို့
သည်းသည်းလှုပ်တုန်းကတော့
အနာအကျိတ်ကို ခွဲပဲထုတ်ရတော့မလို။
အခုတော့လည်း ဝေခွဲမိတာ…
ငါတို့ဟာ မီးရထားတွေပဲ…။
ဘယ်ဘူတာမှာမှ ကြာကြာရပ်ခွင့်မရှိကြ။

အခုနေ..
နောက်ကြောင်းပြန်ကြည့်တော့
တစ်ဖြည်းဖြည်း ဝေး
အစက်အပျောက်လေး တစ်ခုကနောက်မှာ
ကျန်ခဲ့တယ်။

အစက်အပျောက်လေးပေါင်းများစွာက စီတန်းလို့
အဲ့ဒီ့မျဉ်းတစ်ကြောင်းပေါ်မှာ
ပုရွက်ဆိတ်တစ်ကောင်ကတော့
မျဉ်းဖြောင့်အတိုင်း…။
ပုံပြင်တွေကတော့ မရေးဖွဲ့ရပါပဲ
စာအုပ်ထူကြတယ်။


ကျော်ညိုသွေး

gravatar

ဖြစ်ရိုးဖြစ်စဉ်ပေမယ့် ကဗျာမှာ အသစ်တစ်မျိုးမြင်နေရသလားလို့ .. ။

ဒီထက် ပိုကျစ်လစ်ရင် ပိုလှသွားမယ်ထင်တာပဲ .. ဟီး

ခင်မင်စွာ
idulize (အရုပ်ကလေး)

gravatar

အရင်ကတော့ စပျစ်သီး
ခုတော့လည်း မီးရထားပါလား.... :)

gravatar

အဲ့ဒီ့စပျစ်သီးလေး ကြွေမကျလို့
သည်းသည်းလှုပ်တုန်းကတော့
အနာအကျိတ်ကို ခွဲပဲထုတ်ရတော့မလို။
အခုတော့လည်း ဝေခွဲမိတာ…
ငါတို့ဟာ မီးရထားတွေပဲ…။
ဘယ်ဘူတာမှာမှ ကြာကြာရပ်ခွင့်မရှိကြ။

မိုက်လှချည်လား ညီရေ။