Infinity ဆီက ဆုံမှတ်

အမှား။ အစကတည်းက ဟော့ဒီတွေ့ဆုံခြင်းတွေကြား ငါတို့က စည်းပါးပါးလေးခြာပြီး အမှား။၊ ကွဲပြားမှု့က ကြီးထွားနေခဲ့တာ ငါမသိခဲ့။ အကြည့်တစ်ချက်နဲ့တင် ရင်ကိုဝင်လာတဲ့ လေပြည်က မုန်တိုင်းအဖြစ် ဆောက်တည်ရာမရပြန့်ကျဲအောင် ဖြစ်ခဲ့လိမ်မယ်လို့မထင်ခဲ့ ဆုံမှတ်တစ်ခုမှာ စုံရပ်လို့တွေ့ခဲ့ကြပေမယ့်။ ကြုံမှကြုံတတ်ခဲ့တဲ့ ပုံပြင်ဇတ်လမ်းက ထူးမခြားသော်လည်း ရူးသွားအောင်မျိုးစေ့ချမိသလို တည်ရှိခဲ့တာ အပီအပြင်ပါပဲ။ ငါ့ရဲ့ ဟောဒီ့ရင်ဟာလည်း မင်းအတွက်ပျိုးကျဲခဲ့တဲ့ ပန်းတွေက မအောင်မြင်ခဲ့။ မြေစမ်းလို့ခရမ်းမပျိုးခဲ့ပါဘူး။ မဖြေနိုင်အောင်တမ်းတခဲ့လို့၊ ဒီရင်ခွင်လမ်းအစမှာကတည်းက တမ်းတကြောင်းကြေငြာခဲ့မိတာ။ ခုတော့ လည်းလွမ်းသမျှက စခန်းချလို့မရနိုင်အောင်ပဲဖြစ်ရတယ်။

မေတ္တာအစစ်ကိုကြေညာရင်း နစ်ကာနွံထဲခြေကျရင်း ဖြစ်ခဲ့တယ်။ လှုပ်လေသမျှတွေလည်း မြုပ်စေဖို့ဖြစ်ရမယ်ဆိုတာသိပေမယ့်။ မင်းမေတ္တာကင်းဗတ်ဖြူပေါ် လှမ်းယောင်လို့ ပန်းရောင်ချယ်မိခဲ့တယ်။ အစကတည်းက အားကောင်းတဲ့ အဖြူရောင် နံရံမှာ ငါ့ကဗျာတစ်ကြောင်းတည်းနဲ့ သစ်ခဲ့သမျှတွေ ညစ်မွဲ။ အချစ်မနွှဲတတ်ခဲ့ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်ပါတယ်။

ဒီပုတ်ထဲက ဒီပဲလို့လည်းထင်မှာစိုးတယ်။ ရင်ကအညှိုးတွေက မင်းကိုလှမ်းပြောပြနေပါတယ်။ မလန်းသော ခဏတိုင်းမှာ ပန်းသောအလျှတွေဖြေဖို့ တစ်နေရာမှာ အသေအချာရှိချင်ရဲ့။ မသိရင်လည်းမသိနဲ့ မချိတဲ့ ကိုယ့် ဒါဏ်ရာတွေကို အမှန်သာသိမ်းထုပ်ထားရင်း မတိမ်းမရှုပ်ပဲနေလိုက်ပါ့မယ်။

ပန်းတွေကလည်းကိုယ်စီပွင့်ပေမယ့် သူ့အဓိပ္ပါယ်နဲ့သူ၊ တစ်ကယ့်လူအချစ်ရဲ့ အယောင်မပြတဲ့ အချစ်ဟာ မောင်နှမ မေတ္တာဆိုတဲ့ တံတိုင်းမှာ ၀င်ရောက်မိတော့မှ ရင်အနောက်အကျိတွေကြား ထင်သလောက်ထိလေမသွားပဲ အရာရာဟာရပ်တန့် တပ်လန့်လို့ပြေးခဲ့ရတဲ့ စစ်ကြောင်းလို အချစ်အပေါင်းရေထဲမျောခဲ့ရတယ်။ ဆုံမှတ်တစ်ခုရဲ့ ပုံပြင်ဟာ ယုံချင်စရာကောင်းလောက်အောင် ပြဇတ်ဆန်ခဲ့တာ အဆုံးမဲ့တဲ့အထိပါပဲကွယ်။


အချစ်မဲ့ဂစ်တာ တက်ဂ်လိုက်တဲ့ ပို့စ်ပါ။ ဘာကိုရေးလို့ရေးစေချင်မှန်းလည်းမသိပါဘူး။ ကျွန်တော်လည်းရေးချင်တာရေးပါတယ်။ ခေါင်းစဉ် နဲ့ကိုက်အောင်ပေါ့။ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ဆိုတဲ့ စကားအတိုင်း လိုက်နာပြီး အောက်ပါပုဂ္ဂိုလ်များကို တက်ဂ် လိုက်ပါတယ်။

၁။ အကို အရုပ်ကလေး@Idulize
၂။ ညီငယ် သူရဿဝါ
၃။ သူငယ်ချင်း ဆုဝေ(ဟိုလိုလိုဒီလိုလို)
၎။ ညီမငယ် တာတာ
၅။ ညီမငယ် မီးလေး
၆။ ညီမငယ် ဖူးဖူးလေး
ရ။ ညီမငယ် စောတာရာ

Comments

လွတ်မလားလို့ ပုန်းနေတာ ခုတော့ လွတ်တော့ဝူး.... :P

အစ်ကိုရေ ရေးပေးပါ့မယ်... တန်းပလိတ်ပြင်နေလို့ လာမယ် ကြာမည် မျှော်
အချစ်မဲ့ဂစ်တာ တက်တာနဲ့ ဂစ်တာ တက်တာ တစ်ပုဒ်ထဲ ဖြစ်နေလို့ တော်သေးတယ်
Prizewai said…
ငါ့သူငယ်ချင်းရဲ့ ငါ့ကိုတပ်ဂ်တဲ့ ပထမဆုံးပို့စ်လေး..
ရေးရမှာပေါ့..
ခေါင်းစဉ်လွဲလည်းမတတ်နိုင်ဘူးနော်..
ရေးပြီးပါပြီ အစ်ကိုတော်...
တက်ဂ်ဖို့ လာဖတ်သွားတယ်ဗျာ... အလုပ်တွေ မအားတာနဲ့ ခုမှပဲ အေးအေးဆေးဆေး လာဖတ်ရတာ ... ကာရံလေးတွေနဲ့ မိုက်တယ်..။
ရေးပေးတဲ့ အတွက်လည်း ကျေးဇူး..။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး