သို့....သီရိခေတ္တရာ

အနက်ရောင်လမ်းမပေါ်က ပုရွက်ဆိတ်တစ်ကောင်
ပုရွက်ဆိတ်တစ်ကောင် ၀မ်းဗိုက်ထဲက နောက်ထပ်
ပုရွက်ဆိတ် လေးဆယ့်တစ်ကောင်။
ကျောပိုးအိတ်တွေ၊ ကင်မရာတွေ၊
ဧရာဝတီရဲ့ကမ်းနားက သစ်ပင်စိမ်းစိမ်းတွေ။
ကျရေ အတိုင်းစုန်ဆင်းလာတဲ့ မော်တော်ပုံရိပ်တွေ
နေပူကျဲကျဲတွေ၊
နံရံပေါ်မှာ ပုံရိပ်တွေစီ၊ ထောင့်တွေကိုတိပ်နဲ့ကပ်လို့ စီခြယ်တယ်။

ဟေ့...
တွေ့ပြီးပြီလား
Tag ပြီးပြီလား။
ကိုယ်စီလက်ရေးတွေ၊ ကိုယ်စီ အတွေးတွေ
ကိုယ်စီသတိတရတွေ၊ ကိုယ်စီ အမှတ်တရတွေ
ပြန်လွမ်းနေတာလား၊ ပြန်တမ်းတနေတာလား
ဟုတ်လား။

ဆိုင်ဘေးက သစ်ပင်လေးနား
မင်းကင်မရာကပုံတွေပြန်ကြည့်နေတုန်းက
သူငယ်ချင်းက သီချင်းသံနဲ့ မှေးငိုက်နေတုန်းက
လယ်ကွင်းထဲမှာ လက်ညိုးနှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်တုန်းက
ကန်သင်းရိုးလမ်းလေးအတိုင်း ပြေးကြတုန်းက
ငါက ကင်မရာလေးထောင်ပြီး နေကိုရိုက်ဓါတ်ပုံရိုက်ချင်ခဲ့။
ပျော်ပါတယ်...
နောက်တစ်ခါသွားမယ်ဆိုရင် လိုက်ဖြစ်အောင်လိုက်မှာပေါ့။
အကျိုးရှိတာတစ်ခုခုက...
မတွေ့ရတဲ့သူငယ်ချင်းကိုတွေ့ရလို့...
မရောက်ဖူးတဲ့ဒေသကို လေ့လာခွင့်ရလို့
WE UNITE မို့လို့ပေါ့...
ပြီးတော့....
အင်း...............။

တူနဲ့ ထမင်းစားခဲ့ရတာအစ
အကောင်းဆုံးသူငယ်ချင်းရဲ့ နားလည်ပေးမှု့အလယ်
ကားပေါ်မှာ အရိုးရဲ့သီချင်းလေးကြားခဲ့ရတာအဆုံး
အားလုံးသောသူငယ်ချင်းများနှင့်တကွ
ကွမ်ရင်မယ်တော်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။


ကျော်ညိုသွေး

(ခရီးသွားအမှတ်တရ ကဗျာလေးရေးမိပါတယ်။ ပထမတစ်ခါပြည်သွားတုန်းက ကဗျာနဲ့ဆိုရင် ခုကဗျာက ဒုတိယအခေါက်ပေါ့။ ပထမကဗျာလေးကိုခံစားချင်တယ်ဆိုရင် ဒီမှာ ကြည့်နိုင်ပါတယ်။ ပြည်ခရီးသွားမှတ်တမ်းဖိုင်လေးကိုလည်း ခရီးကပြန်လာလာချင်း 31,August မှာလုပ်ခဲ့ပါတယ်။ ဒီမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။)

Comments

အနက်ရောင်လမ်းမပေါ်က ပုရွက်ဆိတ်တစ်ကောင်
ပုရွက်ဆိတ်တစ်ကောင် ၀မ်းဗိုက်ထဲက နောက်ထပ်
ပုရွက်ဆိတ် လေးဆယ့်တစ်ကောင်။
ကျောပိုးအိတ်တွေ၊ ကင်မရာတွေ၊
ဧရာဝတီရဲ့ကမ်းနားက သစ်ပင်စိမ်းစိမ်းတွေ။
ကျရေ အတိုင်းစုန်ဆင်းလာတဲ့ မော်တော်ပုံရိပ်တွေ

တင်စားတာ မိုက်လှချည်လား ညီရ။
ပုရွက်ဆိတ်တစ်ကောင် ၀မ်းဗိုက်ထဲ ကိန်းအောင်းလို့
အစာလေးတွေ ဖလှယ်စား .. စကားလေးတွေ ဖေါ်ရွေပြောတာ ပြည်ကာလရဲ့ အချီမှာ စတယ်ဆို အဆုံးမှာ တို့တွေ တုံးရုံးအိပ်တာတွေ မှတ်မိသေးပါရဲ့ ...။

နောက်အခါများ ထပ်ဆုံတာပေါ့ ..။

ခင်မင်စွာ
idulize (အရုပ်ကလေး)

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး