အလွမ်း

ဒီအပျော်တွေက နင်နဲ့သာဖြစ်သင့်တယ်လို့
ကိုယ့်ကိုယ်ကိုတွေးရင်း ရေရွတ်နေမိ
ကိုယ်ဘယ်မှာ ဘယ်သူနဲ့သွား ဘယ်သူနဲ့စား ဘယ်သူနဲ့ ဟား
မင်းနဲ့သာ နေပူမှာ ထီးလေးဖွင့်ချင်တယ်။
မင်းနဲ့ သာဆိုရင် တွေးမိတိုင်း
ဟိုတစ်ကွက်သည်တစ်ကွက် ပွင့်လန်းလာဆဲ စံပယ်တွေ
ငါ့အိမ်နံရံမှာ မင်းထားခဲ့တဲ့ ခရေတွေ
သတိရတိုင်း ၀တ်နေကြအင်္ကျီလေးကိုပဲ ကောက်ဝတ်မိတယ်။

ဒီနေ့လည်း
မင်းထားခဲ့ဖူးတဲ့ အင်္ဂါနေ့လေးပါပဲ။
မနေ့ညက လသာတယ်
မနက်ကတော့ နေသာတယ်
ညနေကျ မိုးရွာတယ်။

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး