လေးဖြူမလေး

မင်းအဆူ အအော်လေးတွေပဲ
ကျေနပ်နှစ်သိမ့််လို့
ငါ့မှာ မီးရထားတွေ အမောင်းကြမ်းခဲ့တယ်
မင်းကိုတမ်းတမိတိုင်းလည်း
လေးဖြူရယ်…
ကြေးအိုးရယ်…
ဟန်ထွန်းရယ်…
နောက်ပြီး နိုင်းဝမ်းရဲ့ သီချင်းရယ်
ထိုးစိုက်ကြတဲ့ ငါရင်ခွင်လည်း ဗွက်ပေါက်နေရတယ်။

ချစ်ရပါသော… မယ်သောကြာ
အရင်က….
ပွင့်လွယ် ကြွေလွယ် ပန်းတွေနဲ့
သောကြာထောင့်မှာ
ဗုဒ္ဓဟူးထောင့်မှာ သပြေတွေ လှုခဲ့သလိုမျိုးတော့မဟုတ်
နည်းပညာမပါတဲ့ အနူးညံ့ဆုံးအစိတ်ပိုင်းကိုယူပါ
မင်းငွေရောင်တွေ တောက်ပလာတဲ့ အထိပေါ့။

ကျော်ညိုသွေး

Comments

အရမ်းမိုက်တယ်..ပေးချင်တာကို မိတယ်ဗျ....
လာရောက်ခံစားသွားပါတယ်...။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး