ကိုယ့်ဘ၀နဲ့ကိုယ်

Photobucket


ယောက်ျားတွေ အသည်းခွဲလို့
မိန်းမတွေ မသေလောက်ဘူး။
မိန်းမတွေ အသည်းခွဲလို့တော့
ယောက်ျားတွေ သေသွားခဲ့ဖူးတယ်။


အဖန်ငါးရာ ငါးကမ္ဘာဆိုတော့…
ခံလိုက်ဦးပေါ့ မောင်စိုင်း။
ငါ့ထက်မင်း ရဲရင့်တယ်လို့တော့
လက်ခုပ်လက်ဝါး မတီးလိုဘူး။


ဒီလိုဒီလို…
လူတစ်ယောက်ကို ထားခဲ့ဖို့ကို
အစကတည်းက ဘ၀ထဲဝင်လာတဲ့လူတွေကြား
နောက်ထပ် အဖန်ငါးရာ စတေးလိုက်တော့။


မင်းက အ၀ီစိငရဲမှာ ခေါင်းစိုက်
တစ်စုံတစ်ယောက်ကတော့ နောက်တစ်ယောက်ကို ပြောင်းကြိုက်။
ကောင်းလိုက်တဲ့ အလွမ်းကား။
အကယ်ဒမီ ရမသွားဘူး။




ကျော်ညိုသွေး

Comments

တစ်ချို့မိန်းမတွေ ကောင်းကို မကောင်းဘူး...
ကောင်းတဲ့မိန်းကလေးတွေ မတွေ့ဖူးသေးလို့ပါလေ ....
အေးဗျာ..။ ဒီကဗျာလေးကိုဖတ်ရင်း တစ်လောက ကြိုးဆွဲချသေသွားတဲ့ ပုသိမ်ကကောင်လေးကို သွားသတိရတယ်။ အတော်မိုက်တဲ့ ငနဲလေးပဲ။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး