ခြင်းကလေး

စည်းလုံးခြင်းအတွက်
နှီးမသုံးတယ်လေ
အပြီးအဆုံးထိ ကြိမ်ထိုးကာ
မသိမ်မညှိုး တစ်မျိုးအလန်းရယ်
အဆန်းကွယ် လက်မှု့အတတ်မို့
ခတ်ဖို့လာစမ်း။
အသာမကြမ်းပါ လာစမ်းကွာ နေစောင်းရင်
ခြေစောင်းထက်ဖို့ မပျက်သမို့ပါ
တစ်ချက်အတို့မှာ ၀ဠာသို့ တက်မယ့်အလား
ကြွားဝင့်တဲ့အလှနဲ့
“ကျမဟဲ့” “ကျမဟဲ့” နဲ့လည်း
မကျကွယ့် ခဏနဲ့ တင်
အမြင်ဆန်းစရာ သူဆောင်
လူမောင်တို့ အစွမ်းရယ်စွက်လို့
ဆန်းကျယ်တဲ့ အကွက်တွေမှာ
လေမှာဝဲတဲ့ ခြင်းကလေးမနေအား
ခြေဖျားပေါ်မှာလည်းဝဲ
အမြဲပဲ သူပျံလို့ လို့မဆုံးသေး
ပခုံးလေးပေါ်နားလို့ နားတယ်
ဖ၀ါးကသယ်သမို့
တစ်ကယ်ချော့ကာသိမ်းရင်
မယိမ်းဘူး ဒူးအကျသူဝင်လို့
လူမမြင်ခင်ခြေခွင်နားက
ပျံလွှားတဲ့ ခြင်းကလေး။

ကျော်ညိုသွေး

Comments

shwezinu said…
ခြင်းလုံးကဗျာလေးက ကောင်းလိုက်တာ
မျက်လုံးထဲမှာပေါ်လာတယ်
စိတ်ထဲကတောင် ခြင်းလုံးလေး ကိုလိုက်ဖမ်းနေမိတယ်

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး