"အောက်အီးအီး....အွတ်"

အဘိုးကြီးချိနဲ့ ခေတ်ကဗျာဆရာ ကောင်းကင်ကို လည်း
အမျိုးသမီးကြည့်ခဲ့ အချစ်မှာသာမောင်းတင်လိုလည်း

အပြစ်သာရှာကြည့်တဲ့ ၀န်းကျင်ပါးစပ်ကြားမှာ
မေတ္တာဟာ မငြိခဲ့ အတင်းပင်ထပ်ပွားစရာ။

မတတ်အားပါ အချစ်ကိုချောင်းရုံပ
ထပ်များမကြာ အသစ်အပျိုကောင်းစုံသဗျ။

ဘုံဘ၀မှာ တစ်ကိုယ်တည်းကြာပြီပေါ့။
ကြုံသမျှသာ အိုအမြဲ သာ မပီတော့။

ညိုမွဲပါပြီ အချစ်စန်းမှာလည်းနော်
နှစ်ကိုယ်နွှဲကာကြည် ချစ်လမ်းသာပဲမျှော်။

သြော်...ဂေါ်မစွံတာတွေလည်း
အတော် အော်..တွန်ကာနေလည်း ရှော်...။


ကျော်ညိုသွေး


PS - အကို ကောင်းကင်ကို ရဲ့ ဘလောဂ့်က "ဆူး" ဆိုတဲ့ကဗျာလေး သဘောကျမိတယ်။ ဖတ်ပြီးတော့ အပေါ်က ကဗျာလေး နဲ့ ကွန်မန့်ပေးမိပါတယ်။ အပျော်ကဗျာလေးပါ။ ပေါတောတောလေးပေါ့း)

Comments

Sai said…
အော် ... လက်စသတ်တော့ ကိုဂစ်က အောက်အီးအီးအွတ် ကိုးးး။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး