" မိုးမင်းဝင်း သို့…. "


အလှအပဆိုတာ လုပ်ယူလို့မရလို့
တောသူက တောသူလောက်ပဲလှမယ်
မြို့သူက မြို့သူလောက်ပဲလှမယ်
နီကတိုးမက နီကတိုးမလောက်ပဲလှမယ်။


သူငယ်ချင်းမင်းက
မင်းအိမ်သားတွေနေကောင်းရဲ့လားလို့မေးရင်
လူကြီးက လူကြီးလောက် ကျန်းမာပြီး
ကလေးက ကလေးလောက်ကျန်းမာပါတယ်။


ငါ့အဖေက သူဌေးကြီးဆိုမှတော့
ငါကလည်းသူဌေးသားပဲပေါ့
သူဌေးမဟုတ်လို့ မင်း ဆီက ဘီယာနည်းနည်းလောက်
ကပ်သောက်ပါရစေ…။
မင်းနဲ့ငါသူငယ်ချင်းမို့ ဒီတစ်ခွက်တော့ မင်းကတိုက်မယ်။


ဒီလိုနဲ့ မင်းနဲ့ငါ ပထမနှစ်တုန်းက
ငါစာမေးပွဲကျလို့ ကွဲသွားခဲ့လည်း
မင်းနဲ့ငါသူငယ်ချင်းပဲ။


စာတတ်ပေမယ့် အနာဂတ်ကိုတော့
မမြင်နိုင်လို့
တို့တစ်တွေ တောတွေ တောင်တွေတက်ရင်း
တည့်တည့်တိုးမိတော့ တိတ်တိတ်တိုးတိုး
ကြေကွဲကြရတယ်။
အဆင်ပြေလာမှာပါ သူငယ်ချင်း။




ငါလည်း ဒီလောက်တော့ ခံနိုင်ရည်ရှိပါတယ်
ပြောရင်း..နဲ့ ပျော့သွားရတာ။
ငါကတော့ ရင်ဘတ်တွေ မာနေပြီထင်လို့
နောက်ထပ် သစ်တစ်ပင်စိုက်မိတာ
မာယာတွေပဲသီးပွင့်လာတယ်…..။
အခါခါညည်းခဲ့တဲ့သီချင်းလည်း
တယောသံတွေထဲချာချာလည်။


ဟော…
ခုပဲ ရထားလေးတစ်စင်း
ငါ့ထိုင်ခုံကို ငွေပြန်အမ်းသွား ပြန်ပြီ။
မင်းနဲ့မရှေးမနှောင်းပဲလေ။
လုပ်ယူလို့မရတာတွေကတော့ လုပ်ယူလို့မရကြဘူး
အဲ့….
လုပ်ယူလို့ ရတဲ့ဟာတွေကြတော့လည်း
လုပ်ယူလို့ရကြပြန်တယ်။
အခြေအနေနဲ့ အချိန်အခါ အရ
ကောင်းကောင်းလှုပ်ရှားကြတာပေါ့ သူငယ်ချင်း။            ။



ကျော်ညိုသွေး

Comments

shwezinu said…
အခြေအနေနဲ့ အချိန်အခါ အရ
ကောင်းကောင်းလှုပ်ရှားကြတာပေါ့ သူငယ်ချင်း။ ။

မျှော်နေမယ်နော်

ခင်မင်စွာဖြင့်

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး