Liver Pool နဲ့ Chelsea ပွဲခန့်မှန်းတွေနဲ့ ပလူပျံနေသလို တရှဲရှဲ



Liver Pool နဲ့ Chelsea ပွဲခန့်မှန်းတွေနဲ့ ပလူပျံနေသလိုပဲပေါ့။
ငါကြိုက်တဲ့ Jennifer ရဲ့ မြုးကြွတဲ့တေးသွားအလှလည်း မှုန်ဝါးသွားရော
လူကြီးကြိုက်ခန့်မှန်းတွေနဲ့ လူငယ်ကြိုက်Underground Hip Hop တွေနဲ့
မှိုင်းမိ။
ငါတို့ရပ်ကွက်ကို တစ်ပတ်ပတ်ပြီး ဘီယာဘူးမော့ကာ လမ်းလျှောက်တုန်းကလို
အိမ်ရှေ့ပဲပြန်ရောက်တာပဲ
ဒါပေမယ့်ငါက မူးဝေ မှိုင်းမိနေ…။
ခန့်မှန်းတွေ ..ခန့်မှန်းတွေ ငါ့ကိုပြောစမ်း ပြောလိုက်ကြစမ်းတော့..
ခန့်မှန်းတွေ မင်းတို့လည်းခန့်မှန်းနေ ခန့်မှန်း
ဘာတွေကို ခန့်မှန်းသလဲ
Liver Pool နဲ့ Chelsea ပွဲခန့်မှန်းတွေနဲ့ ပလူပျံနေသလို
ခန့်မှန်းမေးခွန်းတွေ…
ခန့်မှန်း ဖြေကြားချက်တွေ တင်သွင်း
ဘာပဲဖြစ်ဖြစ်ပွဲပြီးတော့ မီးသေရမှာပဲ မဟုတ်လား
ငါလည်းခန့်မှန်းပြီး တွန်းတိုက်
ငါလည်းခန့်မှန်းပြီး ဘေးထိုင်ဘုပြော။
ဟုတ်တယ်။
အေးဆို
“ကျွန်တော့်အထင်တော့ ဒါကိုချုံငုံသုံးသပ်ပြီးပြောရရင် 2010 မှာ …………….”
“ဖြစ်နိုင်ချေရှိတာကပေါ့လေ……….”
“ကဲ…အခုအလှည့်ကျဆွေးနွေးမယ်ပုဂ္ဂိုလ်က………………..
………စက္ကန့်သုံးဆယ်လောက်ပဲကျန်ပါတော့တယ် တိုတိုနဲ့လိုရင်း ဆွေးနွေးနိုင်ရင်အကောင်းဆုံးပါပဲ”
ငါကတော့ ဘေးထိုင်ဘုပြော…။
Liver Pool နဲ့ Chelsea ပွဲခန့်မှန်းတွေနဲ့ ပလူပျံနေသလိုပဲလို့နော
ရွှီခနဲ…………..လက်ခေါက်မှုတ်သံကြားလိုက်တယ်
သူငယ်ချင်းက အိမ်ရှေ့မှာရောက်နေတာလား။



ကျော်ညိုသွေး


Comments

နန်း said…
စာတွေလာဖတ်သွားတယ်
ထပ်လာဖတ်အုံးမယ်
လင့်ထားပါရစေနော်
shwezinu said…
သူများလည်း ဘောလုံးပွဲနားမလည်တော့ ဒုက္ခ ဘာမန့်ရပါ့မလည်း

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး