ဟိုက္ကူကဗျာ ( ၂ )

အိုင်ထဲမှာကျွဲများ၊
နေပူ နွံအိုင်လယ်တွင် လူး၊
အချင်းချင်းထပ်လျှက်။


(ဟိုက္ကူကဗျာပုံစံလေးပါ။ ရေးကြည့်တာ အရင်တုန်းက တစ်ပုဒ်ရေးဖူးသေးတယ် နှစ်နှစ်လောက်တော့ကြာသွားပြီ။ သူက ခေါင်းစဉ်မတပ်ရဘူး၊ သုံးကြောင်းကဗျာအမျိုးအစား၊ သဘာဝကိုဦးစားပေးပြီး ရေးဖွဲ့လေ့ရှိကြတယ်လို့ အစွန်အဖျားကြားဖူးတာပဲ။ အပြုသဘောဆောင်ရမယ်။ ဖျက်လို့ဖျက်စီးသဘော၊ အဆိုးမြင်မှု့မပါရဘူး။ ကာရံ မပါရဘူး လို့ဆိုတယ်။ ကဗျာကို ပထမအကြောင်းမှာ စာလုံးငါးလုံး ၊ ဒုတိယအကြောင်းမှာ စာလုံးခုနှစ်လုံး၊ တတိယအကြောင်းမှာကျတော့ ငါးလုံးပြန်ပြီးရေးရတယ်။ ၅-၇-၅ ပုံစံပါ။ ကိုယ့်အယူအဆ ကိုထည့်ပြောရရင် ကဗျာတစ်ပုဒ်လုံးကို ခြုံကြည့်ပြီးသဘာဝကျတဲ့မြင်ကွင်းတစ်ခုကို ပန်းချီဆွဲထားသလို မျက်လုံးထဲမှာပေါ်လာစေရမယ်။ ကဗျာက ပေးထားတဲ့ မက်ဆေ့ခ်ျ့ကိုလည်း ပန်းချီတစ်ခုအဖြစ် ပြန်လည်ဖန်တီးဖို့ အဆင်ပြေစေရမယ်။ ဟိုက္ကူကဗျာကောင်းတစ်ပုဒ် ဖြစ်ဖို့ရာကတော့ ကဗျာရေးတဲ့သူရဲ့ စိတ်အာရုံစုစည်း နိုင်မှု့အပေါ်မှာ အများကြီး မူတည်နေမယ်လို့ထင်ပါတယ်။)

ကျော်ညိုသွေး

Comments

အဟေးးဟေးး ဟုတ်ပါရဲ့ဗျာ။ ဖောင့်ပြောင်းလိုက်တော့ အဆင်မပြေတော့ဘူး။ ကျွန်တော်ထင်တာတော့ ဘကြီးရဲ့ Template ကြောင့်ဖြစ်လိမ့်မယ်။ တစ်ချို့Template တွေမှာ စာလုံးကြီးလိုက်ရင် စာလုံးတွေထပ်သွားတတ်တယ်။ အဲဒါကို Edit HTML မှာ Post Body ရဲ့ ဖောင့်ဆိုက်ကို လိုအပ်သလို ချိန်ပေးလိုက်ရင်တော့ ရတယ်။ ကျွန်တော်လည်း အစက အဲဒီလိုဖြစ်တယ်။ ဒါပေမဲ့ ဘကြီးရဲ့ Template မှာ ရ/မရ သိဝူးနော်။
ဟိုက္ကူကဗျာက မြတ်လေးသျှင်လည်း ရေးတယ်နော်။
အိမ် said…
ကဗျာလေးကိုလာခံစားသွားတယ်ဗျား...။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး