လေထဲကသူငယ်ချင်း

Phyu12@168city.com တဲ့
ငါ့ဒိုင်ယာရီစာအုပ်အဟောင်းလေးထဲမှာ
2005ခုနှစ်တုန်းက လက်ရေးလေးမှင်ပြယ်လို့ရယ်…….။

ငါမရောက်ဖူးတဲ့ အရပ်ဒေသက
ငါမကြားဖူးတဲ့ အသံကို စိတ်ကူးလို့ရယ်။
အဲ့ဒီတုန်းက ဒီဇင်ဘာရက်တွေလွမ်းတယ်…….။

စာပို့တိုင်း ငါ့ဆီပြန်ရောက်လာတဲ့ မေးလ်တွေထဲမှာ
ပိုင်ရှင်က ပစ်ပယ်သွားလို့ ထွက်ကျလာတဲ့
မေးလ်လေးရဲ့ ခံစားချက် ကဗျာတစ်ပုဒ်လည်း
ပါမယ်………။

လေထဲက သူငယ်ချင်းရေ…
ဒီဇင်ဘာရောက်တိုင်း အဲ့ဒီကဖေးရဲ့
နံပါတ် 28 မှာ ငါထိုင်နေမိတယ်။
ဆုံနေကြ ချက်ရွန်းလေးထဲ
မင်း နစ်ခ် ကို ငါရှာရင်းနဲ့ပေါ့။

Online Village ထဲမှာ
တစ်ကယ်တော့ ငါ အပ်ကလေးတစ်ချောင်း
ကျပျောက်ခြင်းသာ ဖြစ်မယ်။
ဘာပဲဖြစ်ဖြစ် ငါ့အရင်နေရာမှာ စောင့်နေဆဲပဲ
နာရီပေါင်း သုံးသောင်းနီးပါး။

ကျော်ညိုသွေး

Comments

အင်း..ပျဉ်းမငုတ်တို ဖြစ်နေပါပေါ့လား။။ မိုးကိုလည်းစောင့်မယ်။ ဆောင်းကိုလည်း ကြိုမယ်။ နွေမှာလည်း ...

ကဲ..ရွာစားရေ...ဗိန်းဗောင်းလေးနဲ့ အွန်လိုင်းရွာသားလေးကို ဗြောတင်လိုက်ကြပါစို့
ဖြစ်တတ်ပါတယ် အွန်လိုင်းရွာသူဖမ်းစားတာ...။
နန်း said…
အော် နာရီပေါင်း သုံးသောင်း တဲ့လား
စောင့်နိုင်ပါစေ
Online ပေါ်က ငြိတွယ်မှု ဖြူဖြူလေးကို ကဗျာထဲမှာ တွေ့လိုက်ရပါတယ် ကိုကျော်ညိုသွေးရေ...။ “နာရီပေါင်း သုံးသောင်းနီးပါး”ဆိုတာလေးက လှတယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး