အုံ့ပုန်း

ကိုယ်မက်ခဲ့သော အိမ်မက်တွေလည်းအဆိပ်ခွက်တွေထဲမျောလို့ ၊
တစ်ခန်းရပ်အလွမ်းဇာတ်မို့ ကမ်းစပ်မှာ ရပ်နေတဲ့ကိုယ်
အရောင်စုံ လှေကလေးတွေ  ကိုယ်ရှိရာ ကမ်းကပ်ဆိုက်စဉ်
လိုက်မယ်တကဲကဲလည်း မထိုက်ရယ်လွဲသမို့
လိုက်ချင်လည်းလိုက်မရ နောက်ကျလို့
ကျောက်ချလို့ပဲ ကမ်းစပ်မှာရပ်မိတယ်။
အလွမ်းဇာတ်ပါ အတတ်သိလည်း
မပြတ်အသိမှာ အရင်ထက်ပိုအမှတ်မရှိပါ ကပ်ငြိလို့
ထပ်ထိလို့အခါခါလည်း မနာပါပဲအခါခါကို
ငါသာငိုချင်တဲ့ မင်းသားပါပဲ
မင်းအနားမှာ ငါခိုနေရင်း မချိလေ အတင်းဖြစ်တဲ့ဝေဒနာ
အကြည့်တွေအရင်းစစ်တဲ့နွေအခါ
အနေကြာရင်ဝေဆာတာ အသေအချာပဲ ကြေညာမိတော့မယ်။
နဘေကဗျာ ကြည့်လို့ နင်သိလည်း
မြင်မကြည့်ပဲ အမြင်အသိနဲ့တင် ရင်ဖိလို့ ရယ်နေမယ်ထင်
တကယ်ဘ၀င်စိတ်နှလုံးက
အတိတ်တုန်းက  ပိတ်ဖုံးနေတဲ့ ဆိတ်သုဉ်းခဲ့အကြောင်းတွေ ပယ်ရှား
တစ်ကယ်များ တောင်းဆုတွေ ရေစက်နီးရင်
ပြောင်းပြုမသွေ တစ်သက် ညည်းလင်အဖြစ်နဲ့ဆက်လို့
အသစ်…တို့ရဲ့ရက်တွေ ချစ်လျှက်၊
အသက်တို့လေ ဆွေးတဲ့အထိ
မက်မပြေအကြည့်နွေးနဲ့ ဆက်နေမယ် အထိတွေးထားလေရဲ့။

ကျော်ညိုသွေး

Comments

အရေးအသားကတော့ ဆရာလွန်းစတိုင်လ် ပါနေသလိုပဲ.။ အားကျပါ၏။ အတုယူပါ၏။

ဘလော့ဂ်လင့်က ကျနော့်ဆီမှာ အလုပ်မလုပ်ဘူးဗျ။ ချိန်းလိုက်လည်း အရင်အတိုင်းပဲဖြစ်နေတယ်။ ဘာဖြစ်လို့လဲမသိဘူး။ ပို့စ်အသစ်ရှိမရှိ မသိရတော့ ခဏခဏလာလာကြည့်ရတယ်။ တစ်ခုခုတော့စီစဉ်ပါဦး ဘကြီးညိုရယ်။

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး