ဖြေးဖြေး အေးဆေး

ဆိုးဝါးတဲ့ မာန်တွေက
သူ့ဘက် နဲ့ ကိုယ့်ဘက်ကို ကြည့်ပြီးတော့ မှ နှံနေကြ
နောက်ဆုံးတော့ ရခဲ့မယ် ဒီသံဝေဂ
ကိုယ့်နေရာ ကိုယ် အေးဆေး သွားလို့ ပြန်နေကြ
တစ်ချို့ကလည်း ငြိမ်းအေးရာဆီ သွားဖို့ကို ကြံနေတာ
ဗုဒ္ဓရဲ့ ဆုံးမစကားတွေ မှန်နေတာ
Action နဲ့ Reaction က မျက်နှာချင်းဆိုင် မှန်တွေပါ။

အဆံတွေက မပြည့်သေးခင်
တစ်ယောက်ကို တစ်ယောက်ကြည့်တော့
သဘောတွေက မတွေ့သေးချင်
တစ်ယောက်ရဲ့ အားနည်းချက် တစ်ယောက်က အမြဲတမ်း ဖြည့်တွေးရင်
အဲ့ဒါက ငြိမ်းချမ်းမှု့ ရရှိစေမယ့် ဖြေဆေးပင်။

ငွေပေးရင် အားလုံးပဲ အဆင်ပြေမယ် ထင်ပြီးတော့ အခက်ဝေကြ
ဒါကြောင့်ပဲ လူတွေကြား ရောင်စုံပြဿနာ တက်နေရ
အမျိုးမှန် ၊ အရိုးခံတဲ့ စိတ်တွေ အခုတော့ ပျက်နေရ
လောကရဲ့ Game ထဲမှာ တစ်ယောက်နဲ့ တစ်ယောက်ကို Check နေကြ
နှလုံးသားကို ပေသီးခေါက် အနိုင်ယူဖို့ တွက်နေတာ
အောင်မြင်မှု့တွေပိုက်ပြီး ဘာကြောင့်မာန်တွေ တက်နေမှာ ?
လောကဓံရှစ်ပါးက မျက်နှာမလိုက် အားလုံးပဲ ပျက်ကြွေမှာ
ထာဝရမဲ့ လောကမှာ အားလုံးပဲ အသက်သေမှာ။

ကျော်ညိုသွေး



Comments

စောစောစီးစီးလာဖတ်ပြီး သံဝေဂယူသွား၏။
noblemoe said…
ဒီကဗျာကအရမ်းကောင်းလိုက်တာ အစဆုံးကောင်းလွန်းလို့  ခွင့်ပြုရင်ကူးယူချင်မိပါတယ်။

*ကြံနေတာဗုဒ္ဓရဲ့ ဆုံးမစကားတွေ မှန်နေတာAction နဲ့ Reaction က မျက်နှာချင်းဆိုင် မှန်တွေပါ။

ငွေပေးရင် အားလုံးပဲ အဆင်ပြေမယ် ထင်ပြီးတော့ အခက်ဝေကြဒါကြောင့်ပဲ လူတွေကြား ရောင်စုံပြဿနာ

ဘာကြောင့်မာန်တွေ တက်နေမှာ ?လောကဓံရှစ်ပါးက မျက်နှာမလိုက် အားလုံးပဲ ပျက်ကြွေမှာထာဝရမဲ့ လောကမှာ အားလုံးပဲ အသက်သေမှာ။ *

သာယာချမ်းမြေ့ပါစေနော်
မိုး

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး