ဗျူဟာ
  ဗျူဟာ    မျက်မှောက်ခေတ်ကြီးမှာ  နိုင်ငံခြာတိုင်းပြည်တွေက အတတ်ပညာတွေ ၊ နည်းပညာတွေ ၊ တက္ကနစ်တွေနဲ့  စီးပွားရေးလုပ်ငန်းတွေ မှာ သူ့ထက်ကိုယ် အလျိုလျို နဲ့ ပေါ်ပေါက်လာတော့  ဟိုမရောက် ဒီမရောက် မောင်ကျော်ညိုသွေး တစ်ယောက်လည်း ကိုယ်ပိုင်လုပ်ငန်းလေး  တစ်ခု ထူထောင်မယ်လို့ စိတ်ကူးမိတယ်။ ဒါနဲ့ပဲ ဘာစီးပွားရေး လုပ်ငန်းများ  ထူထောင်ရင် ကောင်းမလဲ ဆိုပြီး စီးပွားရေးနဲ့ ပတ်သက်တဲ့ စာစောင်တွေ  မဂ္ဂဇင်းတွေ ကို လစဉ်လတိုင်း အာသာငမ်းငမ်း ဖတ်ရှုရုံတင်မက ပဲ ၊  စားသုံးသူတွေကို ဆွဲဆောင် နိုင်မယ့် နည်းလမ်း အသွယ်သွယ်ကိုလည်း  ရှာကြံဖန်တီး စဉ်းစား အဖြေရှာနေတော့တယ်။  အဲဒီလို အဖြေရှာ သုံးသပ်  လေ့လာ ပြီးတဲ့ နောက် မောင်ကျော်ညိုသွေး တစ်ယောက် လုပ်ငန်းတစ်ခုကို စတင်  တည်ထောင် လိုက်ပါတော့တယ်။ လုပ်ငန်းတစ်ခု ထူထောင်ရုံတင် မကဘူး။ သူ့ လုပ်ငန်း  နောက်ကွယ်မှာ လူတွေ ထင်မထားတဲ့ မားကတ်တင်း နည်းဗျူဟာတွေ ကိုလည်း  ကျမ်းပြုထားသေးရဲ့လေ။    မောင်ကျော်ညိုသွေး စဉ်းစားတာက  စီးပွားရေး လုပ်ငန်း တစ်ခုမှာ မားကတ်တင်းက အဓိက ပဲ။ မားကတ်တင်း ကောင်းရင်  လုပ်ငန်းတစ်ခုက အောင်မြင်တာပဲ။ မားကတ်တင်း လုပ်ငန်းစဉ်တွေထဲမှာတင်  ကြော်ငြာကို ဆွဲဆောင်မှု အပြည့်နဲ့ လူတွေ ရ...