ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

မူလအရည်အသွေး ဒီဇိုင်းပုံစံအသစ်

မူလအရည်အသွေး ဒီဇိုင်းပုံစံအသစ်



ချေမွလိုက်ပါတော့ ရီဝေနေတဲ့ စက္ကူ ငှက်တွေကို
အချင်းချင်းဟာ တစ်ယောက်ကိုတစ်ယောက် ဖြန့်ခင်းလို့
ဟောဒီအချိန်ဆို အပြင်မှာ ညမွှေးပန်းရနံ့တွေလည်း
သုခမ ကုန်စည်တွေ ဖြန့်ချိရေး နဲ့ သင်းထုံနေလောက်ပြီ
မင့် လယ်ကွင်းထဲ ကျဲ ချင်သလို ဖြန့်ကျဲလိုက်…
မင်းမျိုးစေ့တွေ မြက်ပန်းဖြူတွေလို လှိုင်လှိုင်ပွင့်စေတော့။


ကမ္ဘာပေါ်မှာ အပြောင်မြောက်ဆုံး တေးသွား
ဘယ်သူတွေ  ရေးဖွဲ့ ပြီးလို့ ငိုက်မြည်းနေကြဆဲ။
အပြင်မှာ ကလေးငယ်တွေ လရောင်ကို ငတ်မွတ် တမ်းတစွာ ပျော်မြူးသလို
ကိုယ်တို့ ချွေးစက်တွေနဲ့ရင်းလို့ အလှပဆုံး ယိမ်းနွဲ့စို့လေ…
ကိုယ်တို့ ဘယ်လောက် ထုပ်ပိုးထားရသလဲ
ဟောဒီမှာ…

ဇီးရိုးရော ၊ ၀မ်း ရော
အနီရော ၊ အနက်ရော
ပလပ်စ် ရော ၊ မိုင်းနပ်စ်ရော
ဒီ အခန်းငယ်ရော နာရီသံတွေကို မျက်ကွယ်ပြုလို့
အချိန်ယန္တရားကြီးဟာ တဒုတ်ဒုတ် နဲ့။


ပြောင်းဖူးတွေ သီးတဲ့ အချိန်။
ကိုယ့်တို့ လင်းလက်သင့်ပြီကွယ့်။
ကိုယ်ဟာ ပြောင်လက်စွာ တိုက်ချွတ်ထားတဲ့ ကြေးရုပ်လိုပဲ
နွားနို့တွေရဲ့ သခင်မ ဟာ
ဒီညမှာ ဘယ်လောက်များ မှောင် လို့ မည်းသလဲ။
စမ်းတ၀ါးဝါး နဲ့ တွားသွား သတ္တ၀ါ တွေ နဲ့ တိုးတိတ်တဲ့ ရုပ်ရှင်ဖလင်တွေ ရွေ့လျားတယ်။
ညမွှေးပန်းရနံ့တွေလည်း ကြောင်အော်သံတွေ ကြောင့် ကိုယ့်နာမည်ကိုယ် မေ့မလား။
မျိုးစေ့ချန်ထားတဲ့ ရုံးပတီသီးတွေလည်း ခြောက်သွေ့ အက်ကွဲ
ခပ်ရိုင်းရိုင်း သံမြည် လို့ တဒိုင်းဒိုင်း ထ ပေါက်ကွဲကြတော့တယ်။



ဒီအချိန်မှာ…
တချို့  တလေလည်း ဖလင်တွေ အလိပ်လိုက် အခွေလိုက်
တိမ်တိုက် ၀ဲဝဲ လို ဆံပင်တွေ ကို ဖွာလန်ကြဲနေလိုက်
အကူးစတစ် ဂစ်တာထဲ ဖျားနာနေတဲ့ နှင်းဆီတွေလည်း
အနက်ရောင်တွေ လင်းပ။
ခဏခဏ နဲ့ ခဏခဏ
စွဲလမ်းမှု နဲ့ မူးယစ်နေသလိုလို
သောကတောင်တန်းမှာ ရေခဲပန်းတစ်ပွင့် ပွင့်နေသလိုလို..
စိတ္တဇနာမ်စားတွေ ဆံပင်တွေ ဖြန့်ခင်းထားတဲ့ နံရံတွေ ပေါ်မှာ...
လူးလွန့် နေသလိုလို...
ဖုန်းခေါ်သံတွေ က ခြောက်လှန့်နေသလိုလို..
မနေ့တနေ့က မြို့လယ်ခေါင်မှာ ကဗျာစာအုပ်ဝယ်နေရင်း
နတ်သားတအုပ်က နှလုံးသားကို ဆွဲဆုတ် သွားသလိုလို
အဖျားတွေကို ယုယစွာ ပွတ်သပ်လို့။
ပျားရည်တွေကို ပုလင်းထဲက သွန်ချလိုက်ပါတော့
ဟောဒီ ကြမ်းပြင်ပေါ်မှာ လျှောတိုက်
ပစ္စုပန်ကို ကျောသား ရင်သား မခွဲခြား နဲ့တော့လေ။
ချွေးစက်တွေ ၊ မောဟိုက်သံတွေ ၊ ပင်ပန်းစွာယိုစီးလို့
တိတ်တိတ်ဆိတ်ဆိတ်ကနေ ပစ်ဖေါက်ခွဲ
ကြမ်းတမ်း ပစ် တဲ့ မုန်တိုင်းတွေ အထိ
ကိုယ်တို့ ကြောက်ရွံ့ ဖူးတဲ့ တောကြီးမျက်မည်းဟာ။


ရောင်းမကုန်တဲ့ ကုန်စည်ကို အတင်း ထိုးရောင်းနေသလို
သွေးတိုးသံတွေ ဆူညံနေလိုက်ကြ
အပြင်မှာ ခွေးတွေက အစာရှာ
ကြောင်တွေက အချင်းချင်း ကိုက်သံတွေ ဆူညံလှတယ်
လ ကလေး သာနေတာ ကဗျာဆန်ပါရဲ့ 
ကလေးငယ်တွေလည်း ပျော်မြူးနေပါရဲ့
ပုရစ်သံတွေလည်း ဆူညံ့နေပါရဲ့
ကဗျာဆရာ ဟာလည်း အချစ်ရဲ့ လှပနူးညံ့ ပုံကို ရတီဖွဲ့ လို့
သံသရာ ရိုလာကိုစတာမှာ ငိုကာယိုကာ ကျူးရင့်လေတယ်။
မျက်နှာကျက်က တကျွတ်ကျွတ်မြည်တဲ့ အိပ်မြှောင် သံတွေ ထဲမှာ
လိုက်ပါ စီးမျောနေတာ အကောင်းဆုံး အလုပ်ပဲ။
ဘာလုပ်မှာလဲလေ။


မီးပူမထိုးထားတဲ့ အကျီ င်္တွေ အတိုင်း ကိုယ်တို့ တွန့်ကြေနေပါစေ
ဝေဒနာဆိုတာ လုပ်ယူထားရတဲ့ အရာကွယ့်။
တန်ဖိုးထားတတ်ရဲ့လား။
ရှိရှိသမျှကို ကန်ကျောက် ပစ်ကြစို့ ။


ဒါတို့ အခွင့်အရေးလေ။
ဂစ်တာကို ကြိုးတွေ ပြတ်သွားတဲ့ အထိ အမောတကော
တီးခတ် တတ်ပါရဲ့လား တစ်လုံးတည်းသော တပ်လျှက်ကျန်ခဲ့သော ကြယ်သီးဝါရေ….။
ဆင်ခြင်ကွယ်…ဘာမှလည်းမတတ်သာဘူး။
လှနေတဲ့ အလှတွေ ဟာ ကိုယ်တို့အတွက်တော့ မဟုတ်ဘူး။
ဗရမ်းဗတာ အော်ဟစ်ခြင်း ဟာ သီချင်း ကိုယ်တို့တွေ စကားလုံးအဓိပ္ပါယ်လေ
ကိုယ်ဆိုလိုချင်တာ ဘာမှန်း သိဖို့လိုလို့လား။



ခိုပြာတွေ လယ်လို ညည်းတွားတယ်။
ဆင်တွေ ဘယ်လို ကျည်တယ် ဆိုတာ…
အလကားတေးသွားတွေပါကွယ်။
ဘဇာမှ အရာမ၀င်ပါဘူးလေ
ကုတ်ခြစ်တာတွေတောင် သွေးထွက်မလွန်သေးဘူး။
ဆန်းဆန်းပြားပြား ဗန်းစကားတွေ အတောအတွင်း။
နှိပ်ထားတဲ့ ဓါတ်မီးတွေ မပိတ်မိကြဘူး။
ရှိစေတော့ ရှိစေတော့လေ…
ခဏကြာရင် မှောင်မိုက်တော့မှာပဲ။
ညမွှေးပန်း ရနံ့တွေ ကို ကြောင်တွေ တခုတ်တရ ကုတ်ခြစ်ပါစေဦး
သွေးစိမ့်နေတဲ့ လက်သည်းရာတွေ ထဲမှာ လျှပ်စီးတွေ အကြောလိုက်တာ မြန်လွန်းတယ်။
ရိုးတွင်းချဉ်ဆီတွေထဲ က ယားနေတဲ့ အယားတွေ ဟာ…
ငယ်ငယ်တုန်းက တံတွေးစွတ်ထားတဲ့ ဗျောက်သီးတွေ ထထ မြည်သလို မျိုး….။


ကျော်ညိုသွေး