မှာတမ်း

မှာတမ်း


ဟုတ်တယ်။
ပုံနှိပ်စာလုံး နဲ့ သူ့နာမည်လေး တွေ့မိတယ်။
လှလိုက်တာကွယ်။


ကမ္ဘာပေါ်က ဖလိုရိုက် ဆေးရည်တွေကုန်ပြီလား။
စတော်ဘယ်ရီခင်းထဲမှာ
ကြွေဗေဒင် အဟောလေး
မပြတ်သားဘူး ရယ်...။


ဟုတ်တယ်။
အိပ်မက်ထဲ
ဆင်နှာမောင်းတွေ စမ်းမိတဲ့
မျက်မမြင်ပုဏ္ဏားဟာ
သီချင်းတစ်ပုဒ် ဆိုရှာတယ်။


ပန်းဆိုးတန်း တစ်ဝိုက်မှာ
ကျကျန်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ဟာ
အခုတော့ နေ့လည်စာ စားနေတဲ့
ရင်ဖုံးအင်္ကျီ လေး သာ ဖြစ်တယ်။ 


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး