သူငယ်ချင်း နဲ့ သတင်းလိုက်တဲ့ နေ့က အကြောင်း

သူငယ်ချင်း နဲ့ သတင်းလိုက်တဲ့ နေ့က အကြောင်း



ကူညီမယ်ဆို…
ပျောက်သွားတဲ့ ရေဗက္ကာဝင်း ကို ရှာပေးပါတော့
သူငယ်ချင်း နဲ့ မိုးနတ်မင်း ရေ…။


ပျောက်သွားတဲ့ရေဗက္ကာဝင်းမှာ
အနီရောင် တီရှပ်လေး တစ်ထည်လည်းရှိပါတယ်။
Love With Understand စာတန်းလေးလည်း ထိုးထားတယ်။
ဒါပေါ့..
ဒီလိုပဲ ဖြစ်ရမယ်…
ဒါအမှန်ပဲပေါ့…။


တယ်လီပသီ ရနေတယ် ဟုတ်?
ကိုယ်လည်း လုပ်လက်စ အလုပ်ထက် အလုပ်တွေ ရှုပ်နေတယ်….
ပြီးခဲ့သော စနေနေ့ က အတော်ကြာသွားပြီပဲ…PARK ROYAL ရေ…။


Shutter တွေ ကန်းနေတဲ့ စက္ကန့် ဟာ
အတိအကျ အရိပ်ကျလို့လာ
မို့မောက်တဲ့ သောကြာဂြိုလ်ခုံကလေး မှာ
နှုတ်ခမ်းမွှေးရေးရေးနဲ့
ဒါဏ်ရာရထားတဲ့ ကစားသမားလို
ကိုယ်လည်း ပတ်ဝန်းကျင်ကို မေ့သွားတယ်
ဝေဒနာက ဖိစီးနေတော့တာကိုး။


မျက်စောင်း ၄၅ ဒီဂရီမှာ နေရာယူလိုက်ပြီး
ပြက္ခဒိန်တွေ ထဲမှာ မပါတဲ့ စက္ကန့်တွေ တဖျပ်ဖျပ်
ဘာသိဘာသာ ပုစ္ဆာတွေ အဖြေမရှာတတ်သူ ရှုပ်ထွေးခြင်းများ။


ရေဗက္ကာဝင်း သီချင်း ကိုယ် သတိရတော့
ဒီနေ့က စနေနေ့
ဒီလိုပဲ…
ဆယ်စက္ကန့်မက အရူးထ မိတဲ့ ဒရမ်ရိုက်ချက်တွေ Room သံ နှောလို့ရယ်။


ရေဗက္ကာဝင်း မျက်ဝန်းရဲ့ သုံးရာ့ခြောက်ဆယ် ဒီဂရီမှာ
သရီးဒီရုပ်ရှင်ထဲမှာ
ဆင်စွယ်ရောင် နွားနို့ ပန်းကန်ထဲမှာ
တက်ရောက်သူ ရဲ့ လိပ်ပြာများ ဂျစ်ပစီဆန်သွားတဲ့
အရောင်လွင့်ဂျင်းန် မှာ


ကိုယ်ရေးလို့ မပြီးနိုင်သေးတဲ့ ကဗျာ နာမည် ကတော့
ကုမ္ပဏီယူနီဖောင်း ၀တ်ထားတဲ့
အကူးစတစ်ဂစ်တာ တစ်လက် အကြောင်းတဲ့လေ။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး