ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ဗျူဟာ


ဗျူဟာ


မျက်မှောက်ခေတ်ကြီးမှာ နိုင်ငံခြာတိုင်းပြည်တွေက အတတ်ပညာတွေ ၊ နည်းပညာတွေ ၊ တက္ကနစ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ မှာ သူ့ထက်ကိုယ် အလျိုလျို နဲ့ ပေါ်ပေါက်လာတော့ ဟိုမရောက် ဒီမရောက် မောင်ကျော်ညိုသွေး တစ်ယောက်လည်း ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခု ထူထောင်မယ်လို့ စိတ်ကူးမိတယ်။ ဒါနဲ့ပဲ ဘာစီးပွားရေး လုပ်ငန်းများ ထူထောင်ရင် ကောင်းမလဲ ဆိုပြီး စီးပွားရေးနဲ့ ပတ်သက်တဲ့ စာစောင်တွေ မဂ္ဂဇင်းတွေ ကို လစဉ်လတိုင်း အာသာငမ်းငမ်း ဖတ်ရှုရုံတင်မက ပဲ ၊ စားသုံးသူတွေကို ဆွဲဆောင် နိုင်မယ့် နည်းလမ်း အသွယ်သွယ်ကိုလည်း ရှာကြံဖန်တီး စဉ်းစား အဖြေရှာနေတော့တယ်။
အဲဒီလို အဖြေရှာ သုံးသပ် လေ့လာ ပြီးတဲ့ နောက် မောင်ကျော်ညိုသွေး တစ်ယောက် လုပ်ငန်းတစ်ခုကို စတင် တည်ထောင် လိုက်ပါတော့တယ်။ လုပ်ငန်းတစ်ခု ထူထောင်ရုံတင် မကဘူး။ သူ့ လုပ်ငန်း နောက်ကွယ်မှာ လူတွေ ထင်မထားတဲ့ မားကတ်တင်း နည်းဗျူဟာတွေ ကိုလည်း ကျမ်းပြုထားသေးရဲ့လေ။


မောင်ကျော်ညိုသွေး စဉ်းစားတာက စီးပွားရေး လုပ်ငန်း တစ်ခုမှာ မားကတ်တင်းက အဓိက ပဲ။ မားကတ်တင်း ကောင်းရင် လုပ်ငန်းတစ်ခုက အောင်မြင်တာပဲ။ မားကတ်တင်း လုပ်ငန်းစဉ်တွေထဲမှာတင် ကြော်ငြာကို ဆွဲဆောင်မှု အပြည့်နဲ့ လူတွေ ရင်ထဲ ရောက်သွားရင် ကိုယ့် လုပ်ငန်းရဲ့ အမှတ်တံဆိပ်က လူတွေ စိတ်ထဲ စွဲသွားရင် အောင်မြင်တာပဲ မဟုတ်လား။
သူ့လုပ်ငန်း နာမည် ကို လူတွေ စိတ်ထဲ စွဲအောင် လုပ်ရမှာ ဖြစ်တဲ့ အတွက် မောင်ကျော်ညိုသွေး ဟာ သူလေ့လာထားတဲ့ ဈေးကွက် ချဲ့ထွင်ရေး နည်းဗျူဟာတွေ ထဲ က တစ်ခုဖြစ်တဲ့ “လူတိုင်း ဟာ ထုတ်ကုန် ရဲ့ အမှတ်တံဆိပ်ကို သိစေရေး” ဆိုတဲ့ နည်းဗျူဟာ ကို စတင်ပြီး ခင်းကျင်းလေတော့တယ်။ ဒီအတွက်ကြောင့်လည်း သူ့လုပ်ငန်းက ထုတ်ကုန် တစ်ခုဖြစ်တဲ့ အိမ်သုံးဆား အမှတ်တံဆိပ် ဖြစ်တဲ့ “အိုး…ရှယ်ဘဲ” ဆိုတဲ့ အမှတ်တံဆိပ်ကို  လူသိအောင် အရင်လုပ်ပါတော့တယ်။ စစချင်းမှာ သူ့ အမှတ်တံဆိပ်ကို ဘာထုတ်ကုန်ရဲ့ အမှတ်တံဆိပ် မှန်းမသိအောင် အရင် လုပ်ယူတယ်။ တီဗွီချန်နယ်တွေမှာ သူ့ ရဲ့ “အိုး…ရှယ်ဘဲ” အမှတ်တံဆိပ် စာသားကို ဇာတ်လမ်းတွဲ တွေ ၊ တခြားကြော်ငြာတွေ ရဲ့ ရှေ့တွေ နောက်တွေမှာ ရုတ်တရက် ပေါ်လာအောင်ချိန်သားကိုက်ပြီး ကြော်ငြာလေတော့တယ်။


သူ့ရဲ့ “အိုး…ရှယ်ဘဲ” အမှတ်တံဆိပ်ဟာ အဲဒီလို လူတွေရှေ့မှုာပေါ်လာတော့ လူတွေ ဟာ ဘာမှန်းညာမှန်းမသိပဲ။ “အိုး..ရှယ်ဘဲ..” “အိုး…ရှယ်ဘဲ…” တွေ ဖြစ်ကုန်ကြတယ်။ အဲဒီ “အိုး…ရှယ်ဘဲ” ဟာ လူငယ်တွေ ကြားထဲမှာ တော်တော် ခေတ်စားလာတယ်။ လူငယ်တွေဟာ တစ်ခုခု ဆို “အိုး…ရှယ်ဘဲ” ဆိုတဲ့ စကားလေးသုံးပြီး နေ့စဉ် စကားတွေထဲမှာ ပြောဆို လာလိုက်ကြတာ ဗန်းစကား တစ်ခု အနေနဲ့ တောင် တွင်ကျယ်လာသလို ရှိတော့တယ်လေ။
အဲဒီ “အိုး…ရှယ်ဘဲ” ဟာ ဘာမှန်း ညာမှန်းမသိပဲ ဖြစ်နေရာကနေ တစ်နေ့တော့  လူတွေ သိနေတဲ့ “အိုး…ရှယ်ဘဲ” ဟာ အိမ်သုံးဆား ကြော်ငြာတာ ဖြစ်ကြောင်းကို လူတွေ သိလိုက်တဲ့ အခါ လူတွေ က သိပ်ကို ကောင်းချီး ထောပနာ ပြုကြလေတော့တယ်။


“အိုး…ရှယ်ဘဲ ကွာ”
“အိုး…ရှယ်ဘဲ က တော့ ရှယ်ဘဲ ကွာ”
“အိုး…ရှယ်ဘဲ ကွာ တို့နိုင်ငံက ကြော်ငြာ နည်းတွေ ထဲမှာတော့ တကယ့်ကို နောက်ဆုံးပေါ် နည်း နဲ့ ကြော်ငြာသွားတာပဲ။ ကုန်ပစ္စည်းကို လူတွေ ရင်ထဲစွဲအောင် ကြော်ငြာ တာ ရှယ်ဘဲ”
အဲဒီလို လူတွေက အသိအမှတ်ပြု ခံရတဲ့ အထိကို မောင်ကျော်ညိုသွေး ထုတ်လုပ်ရောင်းချတဲ့ အိမ်သုံးဆားဟာ ဈေးကွက်ထဲမှာ နေရာယူလာတဲ့ အပြင် တိုင်းသိ ပြည်သိ “အိုး…ရှယ်ဘဲ” အမှတ်တံဆိပ် အိမ်သုံးဆား ဖြစ်ခဲ့တယ်။
မောင်ကျော်ညိုသွေးဟာ ထက်မြက်တဲ့ လူငယ်တစ်ယောက် ဖြစ်လေတော့ သူ့ရဲ့ လုပ်ငန်းကို ဒီမှာ တင် ရပ်တန့် မနေပဲ။ “အိုး…ရှယ်ပဲ” အိမ်သုံးဆား အပြင် “အိုး…တစ်ကယ်ပဲ” သွားကြားထိုးတံ “အိုး…ဇွတ်ပဲ” မုတ်ဆိတ်မွှေးညှပ် စတာတွေကို ထပ်မံ ထုတ်လုပ်ခဲ့တယ်လေ။ အဲဒီ ထုတ်ကုန်တွေကလည်း မောင်ကျော်ညိုသွေး ရဲ့ သူများနဲ့ မတူတဲ့ မဟာ့မဟာ ဗျူဟာ တွေကြောင့် အောင်မြင်မှု သရဖူကို ဆောင်း နိုင်ခဲ့လေတော့တယ်။
ဒီလိုနဲ့ မောင်ကျော်ညိုသွေး ထုတ်တဲ့ “အိုး…” စီးရီး ထုတ်ကုန်တွေဟာ ဈေးကွက်ထဲမှာ အတော်လေးကို နေရာယူလိုက်တယ်။ စတိုးဆိုင် တစ်ဆိုင်ကို ၀င်သွားကြည့်လိုက်တဲ့ အခါ ။ စတိုးဆိုင်ရဲ့ တစ်နေရာရာကို လက်ညှိုး ကို ရမ်းပြီး ထိုးကြည့်လိုက်ပါ။ အဲဒီ ပစ္စည်းဟာ အိုး…စီးရီး ထုတ်ကုန်တွေ ထဲက တစ်ခုဆိုတာ အသေ အချာပဲ။ အဲဒီလောက်တောင် အိုး တွေဟာ ဈေးကွက်ကို နေရာ တစ်နေရာ ရလာခဲ့တယ်။


ဒီလိုမျိုး ဈေးကွက်ထဲမှာ မောင်ကျော်ညိုသွေး ရဲ့ ကုမ္ပဏီ က ထုတ်လုပ်ဖြန့်ချိ ဈေးကွက်တင်တဲ့ အိုး…ထုတ်ကုန်တွေ ဈေးကွက်မှာ နေရာ အခိုင်အမာ ရလာတော့။ မောင်ကျော်ညိုသွေး စဉ်းစားတယ်။ “ဒီလို ဈေးကွက်ထဲမှာ နေရာရလာတဲ့ အိုး…ထုတ်ကုန် တွေထဲက အဓိက ထုတ်ကုန် ဖြစ်တဲ့  အိုး….ရှယ်ဘဲ တံဆိပ်နဲ့ အိမ်သုံးဆား မဟုတ်ပဲ ဆပ်ပြာမှုန့် ထုတ်ရင်ကောင်းမယ်။”
အဲဒီလို စဉ်းစားတဲ့ အတိုင်းပဲ မောင်ကျော်ညိုသွေးရဲ့ ကုမ္ပဏီ က နေ “အိုး..ရှယ်ဘဲ” အမှတ်တံဆိပ်နဲ့ပဲ  ဆပ်ပြာမှုန့် ထပ်မံထုတ်လုပ်ပြီး ၊ ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်။ ကုန်ပစ္စည်းအသစ်တစ်ခု ထုတ်တိုင်း ထုတ်တိုင်း မှာ ဈေးကွက်ထိုးဖောက်တဲ့ နည်းဗျူဟာ သစ်တွေကို အသုံးပြုလေ့ရှိတဲ့ အတိုင်း ဒီတစ်ခါမှာတော့ မောင်ကျော်ညိုသွေး ဟာ သူထုတ်လုပ်လိုက်တဲ့ “အိုး…ရှယ်ဘဲ” အမှတ်တံဆိပ် ဆပ်ပြာမှုန့် အတွက် ရုပ်သံ ကြော်ငြာ တစ်ခုကို ရိုက်ကူးပြီး ထုတ်လွှင့်ဖို့ စီစဉ်တယ်။


            အဲဒီအတွက် သူ့ရဲ့ ကုန်ပစ္စည်းအတွက် ကြော်ငြာရိုက်ကူးပေးမယ့် ဒါရိုက်တာ ရယ် သရုပ်ဆောင်တွေရယ်ကို စိတ်တိုင်းကျ ရွေးချယ်တော့တယ်။ ဒီလိုနဲ့ သူစိတ်တိုင်းကျတဲ့ ကြော်ငြာဒါရိုက်တာ တစ်ယောက်ကို ရှာတွေ့တော့တယ်။ အဲဒီ ဒါရိုက်တာ ကတော့ အနုပညာလောကမှာ အခုမှ ၀င်ရောက်လာတာ ဖြစ်ပေမယ့်လည်း။ သူရိုက်လိုက်တဲ့ ကြော်ငြာတွေဟာ ပရိတ်သတ်တွေ “ဟာ..” ခနဲ “ဟင်” ခနဲ ဖြစ်သွားပြီး ကောင်းချီးထောပနာ ပြုကြရတဲ့ အထိပါပဲ။
            သူပမဆုံး ရိုက်ကူးတဲ့ အခြားလုပ်ငန်းတစ်ခုက အုန်းရှာလပတ်ရည် အရသာ အင်နာဂျီဒရင့် ကြော်ငြာ တစ်ခုဆိုရင် ဒီက ကြော်ငြာကြည့် ပရိတ်သတ်တွေ မျက်စိထဲမှာ ထူးဆန်းနေတဲ့ အတွက်ကြောင့် “သိပ်ပေါတာပဲ” လို့ ကောင်းချီးထောပနာ ပြုခံရဖူးတယ်လေ။ တကယ်တမ်းတော့ နိုင်ငံတကာမှာ ရှိနေတဲ့ ကြော်ငြာတဲ့ နည်းလမ်းတွေကို သုံးပြီး အင်တာနေရှင်နယ် စတိုင်လ် ထွင်ပြီး ရိုက်ကူးထားတာ ဖြစ်တဲ့ အတွက် သူ့ရဲ့ ကြော်ငြာပုံစံကို ပရိတ်သတ်တွေ အနေနဲ့ ထူးဆန်းနေတာဖြစ်ကြောင်း ၊ နိုင်ငံတကာမှာ ဒီလို ပုံစံတွေ ခေတ်စားနေပြီဖြစ်ကြောင်း ၊ မင်းသားမင်းသမီးတို့ သီချင်းဆို လျှောက်ပြေးနေတဲ့ ကြော်ငြာတွေ ဟာ မဖြစ်သင့်ကြောင်း၊ သူရိုက်တဲ့ ကြော်ငြာစတိုင်လ်မှသာ နိုင်ငံတကာ စံချိန်မှီကြောင်း စသည်ဖြင့် အင်တာဗျူးတစ်ခုမှာ ထည့်သွင်းပြောကြားသွားခဲ့သေးသည်။
            အဲဒီလို တော်ချက်က ရှော်ထွက်နေသည့် လူငယ်ဒါရိုက်တာ လေးဧ။်အစွမ်းကြောင့် မောင်ကျော်ညိုသွေး ထပ်မံထုတ်လုပ်ခဲ့သည့် “အိုး….ရှယ်ပဲ” အမှတ်တံဆိပ် ဆပ်ပြာမှုန့် ဧ။် ကြော်ငြာဇာတ်လမ်းလေး မှာ တီဗွီကြည့် ပရိတ်သတ်များ မျက်စိရှေ့မှောက်သို့ ထူးဆန်းစွာ ရောက်ရှိခဲ့လေသည်။



            သူဧ။်အသစ်ဖြစ်သော ကြော်ငြာမှာ ထူးဆန်းလေသည်။ ထိုသို့ထူးဆန်းသောကြောင့်ပင် ပရိတ်သတ်များ ကြားထဲတွင် အတော်ပင် ဂယက်ရိုက်ခတ်သွားခဲ့သည်။


မိသားစု တစ်စုတွင်ဖြစ်သည်။ ညဘက် (၇) နာရီ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲ ပြသချိန်အတွင်း တွင် ရုတ်တရက် တီဗွီစကရင် မှာ မည်းသွားသဖြင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြဧ။် “ဟမ် ဘာဖြစ်တာလဲဟ တီဗွီပိတ်သွားပြီ မီးအားတက်လာလို့လား ၊ ကျသွားလို့လား ကြည့်ကြစမ်းပါဦး” တစ်ယောက်သော သူက ထအော်ဧ။်။
“မီးအားလည်း ကောင်းပါတယ်။ တက်လည်း မတက်၊ ကျလည်း မကျပါဘူး။  ဘာဖြစ်တာလဲမသိဘူး။”
“မှန်းစမ်း ငါကြည့်စမ်းမယ်။ ဒီမှာ ပါဝါမီးကလည်း စိမ်းနေတာပဲလေ။ မီးအားကြောင့်မဟုတ်ပါဘူး။ ချန်နယ်ပြောင်းကြည့်စမ်းမယ်။ ဟဲ့ ရပါတယ်ဟဲ့ ဒီမှာ မြ၀တီ လာနေတာပဲ။ ဒီဘက်လိုင်းက ဖြစ်တာ။ မည်းနေတယ်။ လိုင်းပျောက်သွားတာပါ။” ထိုသို့ တစ်ယောက်တစ်ပေါက်နှင့် တီဗွီကြည်သူ မိသားစုမှာ ယောက်ယက်ခတ်နေစဉ်တွင် တီဗွီစကရင် တွင် စာတန်းတစ်ခု ပေါ်လာဧ။်
“အားလုံး စိတ်ပူစရာမလိုတော့ပါဘူး။ မည်းနေတဲ့ စကရင်တောင် ဖြူသွားအောင် လျှော်ဖွပ် ပစ်လိုက်နိုင်တယ်။” ဟူသော စာတန်းမှာ မည်းနေသည့်တီဗွီစကရင် တွင် ပေါ်လာပြီးနောက်။
အင်္ကျီလက်ပြတ် ၊ ဂျင်းဘောင်းဘီ ဇီးရိုးကွာတားနှင့် ခပ်တောင့်တောင့် အမျိုးသမီးငယ်မှာ နှုတ်ခမ်းနီရဲရဲဆိုးထားသည့် နှုတ်ခမ်းကို မဟတဟ ဖွင့်လျှက် ကုန်းကွကွ ပုံစံဖြင့်…
“အိုး…ဟင်းဟင်း…အအ ရှယ်ဘဲ…အဟင့်” ဟု တခွန်းတည်း ရေရွတ်ပြီးနောက်…
“ဆပ် ဆပ် ဆပ် ဆပ်ဆပ်ဆပ် ဆပ်ပြာမှုန့် အဟင့်” ဟု နောက်ခံ မိန်းကလေး တစ်ယောက်ဧ။် အသံနှင့် “အိုး…ရှယ်ဘဲ” ဆပ်ပြာမှုန့်ဧ။် အမှတ်တံဆိပ်ကို မြင်ရလေသည်။
ထိုအချိန်မှသာ တီဗွီကြည့်သည့် မိသားစုမှာ သက်ပြင်းချနိုင်တော့သည်။
“ တော်သေးတာပေါ့ကွာ တီဗွီပျက်တာမဟုတ်လို့”
“တော်သေးတယ် ကိုရီးယားကား မလွတ်လို့”
“ပေကြီး တီဗွီပျက်တာမဟုတ်ဘူးရား”



မောင်ကျော်ညိုသွေးရဲ့ ထူးဆန်းပါပေ့ ဆရာတွတ်ရယ်လို့ ထောပနာပြုရမယ့် ကြော်ငြာတွေဟာ တဖြည်းဖြည်းနဲ့ ဈေးကွက်ထဲမှာ ၊ စားသုံးသူတွေကြားထဲမှာ ရေပန်းစားလာတာကြောင့်…မောင်ကျော်ညိုသွေး တစ်ယောက်လည်း လျှမ်းလျှမ်းတောက် ကြော်ငြာဒါရိုက်တာကို ရွေးရကျိုးနပ်လေခြင်းလို့ ပီတိဝေဖြာ နေတော့တယ်။ ဒီလိုနဲ့တင် အားမရသေးပဲ မောင်ကျော်ညိုသွေးဟာ သူ့ထုတ်လုပ်တဲ့ “အိုး…ရှယ်ဘဲ” ကို တခြားကြော်ငြာပုံစံတစ်ခုနဲ့လည်း ထပ်မံရိုက်ကူးပြီး ကြော်ငြာလိုက်သေးတယ်။ ကြော်ငြာပုံကတော့ ထုံးစံအတိုင်းပဲ ကိုရီးယားစီးရီး လာနေချိန်မှာ တီဗွီစကရင် က ရုတ်တရက် မည်းသွားတယ်လေ။ တချို့တီဗွီကြည့်တဲ့ သူတွေကတော့ နပ်တယ်လေ ဒါကို ကြော်ငြာ ဆိုတာ သိသွားပြီ။ တချို့ကဆို တီဗွီကြည့်တဲ့ မိသားစု အချင်းချင်းကို တောင် လှမ်းပြီး ပြောလိုက်သေးတယ်။
“အိုး…ရှယ်ဘဲ နော်…တီဗွီပျက်တာ မဟုတ်ဘူး နော်” …ဆိုပြီးတော့ပေါ့။
ဒါပေမယ့် အခုတခါ ကျတော့ သူတို့လည်း အကြောင်ရိုက်ခံလိုက်ရတယ်။ ဘယ်ရမလဲ မောင်ကျော်ညိုသွေး အထူးစိတ်ကူးပြီး နာမည်ကျော် ကြော်ငြာဒါရိုက်တာရိုက်ထားတဲ့ ကြော်ငြာပေပဲလေ။
တီဗွီ စကရင်က ရုတ်တရက် ပိတ်သွားပြီးနောက် နောက်ခံစကားသံတွေ ထွက်လာတာကို တီဗွီကြည့် ပရိတ်သတ်တွေ ကြားလိုက်ရတော့တယ်။



မ - အိုး…မောင်ကလည်း  အရမ်းဆိုးတာပဲ…နေပါဦးဆို အဲဒါကြီးကို ကြောက်တယ်။ မောင်သိပ်ကဲတာပဲ… ကွာ
ကျား - ချစ်လို့ပါ ချစ်ရယ်…
မ - ကဲ …ကြည့်လူဆိုး
ဟာ…အများကြီးပဲ ပေကုန်ပီ
ကျား - အချစ်ရယ် ဘာထူးဆန်းလို့လဲ…ကိုယ်ချွတ်ပေးမှာပေါ့..
မ - ဂယ်လား ကို ဟင့် ကို..ဂယ် ချွတ်ပေးမှာလား ဒါဆိုလည်း ချွတ်ချွတ် သေချာချွတ်ပေးနော် ကို ဟင့်
ထို့နောက် ခေတ္တမျှ အသံတိတ်သွားပြီး ဒုတ်ဒုတ်ဒုတ်ဒုတ် ဟူသော Heart Beat သံများ ဆူညံလာပြီးနောက်  မိန်းကလေး အသံပေါ်လာပြန်တော့သည်။ ၄င်းကား…
“အိုး…ရှယ်ဘဲ…ကိုရယ် ရှယ်ပဲ…” ဟု ညုတုတု ဖြင့် တိုးညှင်းညှင်း အော်လိုက်သံဖြစ်သည်။
ထိုအသံများသာကြားနေရသော ကြောင့် ကိုရီးယား ကားကြည့်နေကြသော တချို့ မိန်းကလေးများမှာ နောက်ခံအသံများကြောင့် တီဗွီဆက်မကြည့်ရဲ ပဲ အိမ်ခန်းထဲ ၀င်ပြေးသွားကာ ကတုန်ကယင်ဖြစ်နေကြတော့သည်။
ထိုအချိန်တွင် မည်းနေသည့် တီဗွီစကရင်ပျောက်သွားပြီး တိုတိုကျပ်ကျပ် များ ၀တ်ထားသည့် အမျိုးသမီးငယ် ပေါ်လာပြီး
“ကိုကို ချွတ်ပေးတာ ငွင်းငွင်း” ဟူသော အသံကိုပြုလျှက် မျက်လုံးမှေး ၊ နှုတ်ခမ်းဟ ၊ ခေါင်းမော့ ၊ ရင်ကော့ ခါးကုန်း ပြီး မိန်းမ၀တ်စွပ်ကျယ် လေးကို လက်နှစ်ဖက်ဖြင့် ကိုင်၍ ပြောသည်ကို တွေ့လိုက်ရလေသည်။



မောင်ကျော်ညိုသွေး ဧ။် “အိုး..ရှယ်ပဲ” ကြော်ငြာ တမဟုတ်ချင်း ပေါက်သွားပြီး ၊ ဈေးကွက်အတွင်းတွင်လည်း ထုတ်လုပ်သည့် ကုန်ပစ္စည်းများမှာ အလွန်ပင် ပျံ့နှံ့အားကောင်းစွာဖြင့် ရောက်ရှိကြလေရာ ကုမ္ပဏီလည်း အတော်ပင် အမြတ်အစွန်းကျန်သော ကုမ္ပဏီ တစ်ခုအဖြစ်သို့ ရောက်ရှိလာပြီး ဈေးကွက်အတွင်းတွင်လည်း မောင်ကျော်ညိုသွေး ဧ။် ကုမ္ပဏီမှ ထုတ်လုပ် သော ထုတ်ကုန် ပစ္စည်း ပေါင်း ရှစ်ဆယ့်ခြောက်ခု ၀န်းကျင်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ကျော်ညိုသွေး ကား သူဧ။် ကုမ္ပဏီမှ ကုန်စည် အမျိုးအစား တစ်ခုကို တံဆိပ် လေးငါးခုလောက် ဖြင့် ဖြန့်ချိရာ ဈေးကွက်အတွင်းမှာပင် ၄င်းဧ။် ကုမ္ပဏီမှ ထုတ်လုပ်သော ဆပ်ပြာမှုန့်အမျိုးပေါင်း ဆယ့်ငါးမျိုး ခန့် ရှိလေတော့ သည်။


“စီးပွားရေး လုပ်တယ်ဆိုတာ အကွက်မြင်ရတယ်။ အမှတ်တံဆိပ် တစ်ခု နာမည် ကျသွားတော့မယ်လို့ အလားအလာရှိရင် ကြော်ငြာကို ပေါက်ကရ လေးဆယ် ရိုက်ပြီး လူတွေကို ဆွဲဆောင်ရတယ် ဒီလိုမှ မဟုတ်ရင်လည်း နောက်ထပ် တံဆိပ်တစ်ခုနဲ့ အဲဒီ ထုတ်ကုန်ကိုပဲ ပြောင်းပြီးတော့ ထုတ် ဒါဆိုရင် စားသုံးသူတွေ မျက်စိလည်သွားမယ်။ ဈေးကွက်ထဲမှာ ကိုယ့်ကုမ္ပဏီက ထုတ်တဲ့ အမှတ်တံဆိပ်တွေပဲ ဦးဆောင်ပြီး စားသုံးသူတွေ ရွေးချယ်ရ ခက်အောင်လုပ်တာ က နောက်ဆုံးပေါ် ဈေးကွက် ချဲ့ထွင်နည်းပဲ” လို့ ကျော်ညိုသွေး တွေးတယ်။ တွေးတဲ့ အတိုင်းပဲ လုပ်တာကြောင့် ကျော်ညိုသွေးရဲ့ ထုတ်ကုန်တွေက ဈေးကွက်ထဲမှာ ကလေးက အစ ခွေးအဆုံး သိလာခဲ့ရတာပဲလေ။
နောက်ပြီးတော့ ကျော်ညိုသွေး တွေးတာက ဈေးကွက်မှာ ကိုယ့် ကုန်ပစ္စည်း ကို လူသိများဖို့ပဲလိုတယ်။ ဒါကြောင့် မားကက်တင်း ကိုပဲ ဇောက်ချပြီး လုပ်တယ်။ အဓိက က မားကက်တင်းပဲလေ။ မားကက်တင်း နည်းဗျူဟာကောင်းပြီဆို ဈေးကွက်ကို လွှမ်းမိုးနိုင်မယ်လို့ ထင်တယ်လေ။ ဒါကြောင့် မားကက်တင်းတွေကို သူ့ရဲ့ ကုမ္ပဏီ မှာ လူပေါင်းမြောက်များစွာ ခန့်ပြီး အလုပ်လုပ်စေတယ်။


ဒါပေမယ့် လည်းလေ ပေါ့လေ စီးပွားရေး လုပ်တာဟာ လုပ်တိုင်းလည်း အဆင်ပြေတာမှ မဟုတ်ပဲ။ ဒီလောက်တောင် မောင်ကျော်ညိုသွေး တစ်ယောက် ကြိုးစားပြီး ဗျူဟာမြောက်တဲ့ နည်းလမ်းတွေနဲ့ ဈေးကွက်ချဲ့ထွင်ခဲ့ပေမယ့်။ တခြားပြိုင်ဘက် ကုမ္ပဏီ တွေကလည်း ပေါ်လာချေတော့ မောင်ကျော်ညိုသွေး ရဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်ထဲမှာ နည်းနည်း အောက်လာတာကို စစ်တမ်းတွေ အရ တွေ့ရတယ်လေ။ စားသုံးသူတွေ အနေနဲ့ ကလည်း သူ့ထုတ်ကုန်တွေကို စိတ်ဝင်စားမှု လျော့ပါးလာပြီး ၊ တခြား ကုန်ပစ္စည်းတွေကို စိတ်ဝင်တစား ဖြစ်နေကြတယ်လေ။ တခြားကုန်ပစ္စည်းတွေကို လူတွေ စိတ်ဝင်စားကြတာလည်း မပြောနဲ့လေ။ ဈေးကွက်အပြိုင်အဆိုင် ဖြစ်နေကြတဲ့ ခေတ်မှာ ။ ယခင်ကလို ဈေးကွက်မှာ ရွေးချယ်ခွင့်နည်းတဲ့ အချိန်မှာ ကုန်ပစ္စည်း အမယ် တစ်မျိုးတည်းကို ရွေးချယ်ပြီး ၀ယ်သုံးနေရတဲ့ အခါလည်းမဟုတ်တော့ဘူးလေ။ ဒါကြောင့်လည်း အိုး…စီးရီး ကုန်အမှတ်တံဆိပ် နဲ့ တစ်ကုမ္ပဏီတည်း ထုတ်တဲ့ ကုန်ပစ္စည်းတွေဟာ တဖြည်းဖြည်း နာမည် ကျလာတယ်လေ။ လူတွေရဲ့ စိတ်ပါဝင်စားမှု ကလည်း ကျဆင်းလာခဲ့တယ်။ ဒါကြောင့်လည်း မောင်ကျော်ညိုသွေး တစ်ယောက် တီထွင်ကြံဆ နည်းလမ်းရ ဆိုတဲ့ အတိုင်း ဈေးကွက်မှာ သူ့ကုန်ပစ္စည်းတွေ ကို လူတွေ ပြန်ပြီး စိတ်ဝင်စားမှု ရရှိလာဖို့အတွက် ကြိုးစားတော့တယ်။


သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ခေါက်ရိုးကျိုး နည်းဗျူဟာအတိုင်း ရုပ်သံကြော်ငြာနဲ့ပဲ ဆွဲဆောင်ဖို့အတွက် ကြံစည်ပြန်တယ်။ ဒါပေမယ့် အသစ်ဖြစ်ရမယ်။ ကုန်ပစ္စည်းကြော်ငြာအတွက် သူစဉ်းစားတာက စက္ကန့်ပေါင်း သုံးထောင် ငါးရာ လေးဆယ် အကြာမှာ အင်မတန့် အင်မတန် ကောင်းတဲ့ ကြော်ငြာအတွက် စူပါ စိတ်ကူး တစ်ခုကို ရရှိလိုက်တော့တယ်။
ဒီလိုရှိတယ်လေ လူတွေ ဆိုတာ တစ်ကယ်တမ်း တော့ အပေါ်ယံ တွေကို သိပ်ပြီး စိတ်ဝင်တစား ဖြစ်တတ်ကြတာ ကလား ။ အလှူတွေ မှာပဲကြည့် သားသားနားနား ၀တ်စား သွားကြရင် ခရီးဦးကြိုပြုမယ့် သူနဲ့ ၊ နေရာ ထိုင်ခင်းပေး လမ်းညွှန်ပြကြတဲ့ သူနဲ့ လေ။ စုတ်စုတ်ပြတ်ပြတ်များ ၀တ်ဆင် သွားကြည့်ပါလား ကိုယ့်ကို မကောင်းတတ် တဲ့ မျက်နှာနဲ့၊ တချို့ဆို မသိချင်ယောင် ဆောင် တောင် ဆောင်တတ်ကြသေးရဲ့လေ။ အဲဒီတော့ အပေါ်ယံ အဆောင် အယောင်က အရေးအကြီးဆုံးပဲလေ။
အဲဒီတော့ သူ့ရဲ့ ကုန်ပစ္စည်းတွေကို အပေါ်ယံ ထုပ်တဲ့ ပါကင်တွေ ကို ပိုပြီးလှပပြီး ထင်လင်းစေမယ့် ပစ္စည်းတွေနဲ့ထုပ်ပိုး ပြင်ဆင်စေတယ်။ ဘယ်လိုပစ္စည်းဖြစ်ပါစေ လူတွေအနေနဲ့ လှလှပပဆိုရင် လိုချင်ဝယ်ချင်ကြတာပဲ မဟုတ်လား။ ပြီးတော့ အဲဒီလို လှလှပပ နဲ့ သပ်သပ်ရပ်ရပ် လုပ်ထားပြီး လုပ်ထားကြောင်းကိုလည်း သိသာထင်ရှားအောင် အဲဒါတွေကို HIGH LIGHT ပေးပြီးကြော်ငြာရမယ်လို့ တွေးတယ်။


အတွေးကို အကောင်အထည်ဖော်တဲ့ အနေနဲ့ မောင်ကျော်ညိုသွေး တစ်ယောက် သူ့ရဲ့ အမှတ်တံဆိပ် ကုန်ပစ္စည်းတွေ အတွက် ကြော်ငြာရုပ်သံတွေကို ဖန်တီးပြန်တော့တယ်။ ဒီတစ်ခါမှာတော့ ယခင်ကြော်ငြာတွေ နဲ့ မတူပဲ ကွာခြားတာကတော့ ကုန်ပစ္စည်း ကောင်းကြောင်းကို မကြော်ငြာတော့ပဲ။ သူ့ကုန်ပစ္စည်းတွေကို ထုပ်ပိုးထားတဲ့ အထုပ်အပိုး ပါကင်တွေဟာ ဘယ်နိုင်ငံက မှာယူ တင်သွင်းပြီး ဘယ်နှစ်ထပ် ထုပ်ပိုးထားတာ ဖြစ်ကြောင်း ၊ ဘယ်လို အိမ်သုံးဆားဗူးဟာဖြင့် ဘယ်လို အဖုံးလေးနဲ့ ဖုံး ထားတာဖြစ်ပြီး ၊ အဲဒီအဖုံးတွေဟာ ဘယ်လို ပလပ်စတစ် အမျိုးအစား နဲ့ ပြုလုပ်ထားပြီး ၊ ပါကင်ကလည်း ဘယ်လိုလုံခြုံကြောင်း တင်ပြထားတဲ့ ကြော်ငြာတိုလေး တစ်ခုကို ထပ်မံပြီး ရုပ်သံစီးရီးတွေ ကြားထဲမှာ ကြော်ငြာဖို့ ပြင်ဆင်နေ တော့တယ်။


“အနေအထား က မိုက်တယ်နော်”
“အဟုတ်လား”
“အင်းအဟုတ်ပဲ ရွဲမနေဘူး သိပ်တောင့်တယ်”
“ဒီလိုပဲ ဖြစ်ရမယ်လေ ဒါအမှန်ပဲပေါ့”
“ဟုတ်တယ်…မြင်တာနဲ့ ဖေါက်ကြည့်ချင်လာပြီ”
“ဟင်းဟင်း ပါကင် သေချာပြီးသားပါ”
“အင်း.. ကိုယ်က ပါကင်ဆို ပါကင်ပဲ ဖောက်ပြီးသား ဘယ်တော့မှ မဆွဲဘူး”
“အင်း အထဲမှာလည်း သန့်ပြီးသားပဲ ပိုးမွှားကင်းတယ်။”
အဲဒီလို ယောက်ျားနဲ့ မိန်းမ စကားအပြန်အလှန်ပြောကြတာတွေ ပြီးတော့မှ ယောက်ျားနဲ့ မိန်းမ နှစ်ယောက်လုံး ရှေ့တည့်တည့်ကြည့်ပြီး
“အိုး…အရှည်ကြီး ကပ်စီးနှဲ” လို့ Sexy သံနဲ့ ရေရွတ်လိုက်တော့တယ်။
တီဗွီကြော်ငြာ Sample လေးကို ကြည့်ပြီး သူ့ အုန်းခရီရေးရှင်း နဲ့ ဖန်တီးရိုက်ကူးထားတာ ကို တခစ်ခစ်သဘောကျနေတော့တယ်။ ပြီးတော့ သူ့ရဲ့ နောက်ဆုံးထွက်တဲ့ မားကက်တင်း နည်းဗျူဟာကိုလည်း သူကိုယ်တိုင် နာမည်ပေး ကင်ပွန်းတပ်လိုက်တယ်။


“အခွံဗျူဟာ” 




ကျော်ညိုသွေး