Beloved Day
Beloved Day
ဒီလို Blog Day မျိုးမှာ
ကျွန်တော်ဟာ ခရမ်းရောင် ဂျင်းန်းအကျပ် တစ်ထည် ရဲ့
ချုပ်ရိုးကြောင်း ဖြူဖြူလေးတွေ ကို
စိမ်းလန်းစိုပြေ ဥယျာဉ်ထဲမှာ ငေးကြည့်နေခဲ့ဖူးတာပေါ့။
ကျွန်တော့် ကို အသိအမှတ်ပြုတဲ့ အနေနဲ့
သစ်ရွက်တွေ ကြွေပေးကြတယ်။
လေပြေတွေ ပိုလို့ အေးပေးကြတယ်။
ကောင်းကင်ဟာလည်း ကော်ဖီရောင်ပြောင်းပေး လိုက်တယ်။
သူ့ ကော်ဖီတွေ ဆို ကျွန်တော် အမြဲတမ်း ငြင်းတယ်။
တကယ်ဆို ကျွန်တော် ကော်ဖီသရဲ တစ်ယောက်သာပဲလေ။
ဘာလို့ ငြင်းဆိုမိမှန်း အဖြေမရဘူး။
သူ့လက်ချောင်း ဖောင်းဖောင်း သွယ်သွယ်လေးတွေ နဲ့
ဖျော်တဲ့ ကော်ဖီဟာ
ကျွန်တော့် နှုတ်ခမ်း နဲ့ ထိုက်တန်ပါ့မလား
တွေးမိလို့ ဖြစ်မှာပါလေ။
၂၀၀၈ ခုနှစ်ဟာ ကျန်ခဲ့ပါပြီ။
August ရဲ့ Rhythm တွေ ဟာ စိမ်းလန်းစိုပြည် ရဲ့ ရေကန်စိမ်းစိမ်းတွေထဲမှာ
စက္ကူလှေကလေး နဲ့ အပြည့်
ဘယ်ဆီ ဘယ်ဝယ်မသိ မျောလွင့်သွားပေါ့။
လှော်ခတ်သူ မပါပဲ နဲ့။
ဝင်းဦး ရဲ့ မပြီးသေးသော ပန်းချီ ကား သီချင်း ကိုပဲ
ကျွန်တော်ဟာ နှလုံးသားဓါတ်ပြားပေါ် ကြိမ်ဖန်များစွာ အပ်ထောက်လို့
မြည်တမ်းစေခဲ့ပေါ့။
Comments
ကဗျာဆရာ ကို ကျော်ညိုသွေး ကို ...
ဒီလို အမှတ်တရတွေ ထားခဲ့တယ် ...
လွန်ခဲ့သော ... ငါးနှစ် က ပုစ္ဆာ ...
P.S : ကဗျာ ဖတ်ရင်း ... စိတ်ထဲ ပေါ်လာတာလေး ...
ရေးခဲ့တာပါ ခင်ဗျာ ... ။ :)