ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အဖေ ရက်စက်တယ်...

.
အဖေ့ရဲ့အိမ်တွင် ကျွန်တော်တို့မောင်နှမတစ်သိုက် နေခဲ့ရသည်မှာ ကျွန်တော့်တစ်သက် အနှစ်နှစ်ဆယ်ပင်ကျော်ခဲ့လေပြီ။ အဖေ့အိမ်တွင် အဖေ့ တစ်ချက်လွှတ်အမိန်များ နှင့် ကျွန်တော်တို့မောင်နှမများသည် အဖေ့ကို ချစ်၊ ကြောက်ရိုသေစွာဖြင့် သိုသိုသိပ်သိပ်နေခဲ့ သည်မှာ အဖေ့ကို ချစ်၍လည်းကောင်း၊ ကြောက်၍လည်းကောင်း၊ အဖေ့အလိုအရ လိုက်နာသမှု ပြုလုပ်ထားရသော်လည်း ဤသည်မှာ အကောင်းထက်အဆိုးကိုသာ ရည်ရွယ်သလိုဖြစ်နေရပါသည်။ ကျွန်တော်တို့မောင်နှမများ ထဲတွင် ကျွန်တော်အပါအ၀င် နှစ်ယောက်သုံးယောက်သည်ပင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ ဖြစ်နေသည့်တိုင် အဖေသည် အလွန်ပင် ချုပ်ချယ်လွန်းရာကျသည်ဟု ကျွန်တော်ဆိုချင်ပါသည်။ ကျွန်တော်တို့သည် ကျောင်းမှအပြန် ဆိုက်ဘာကဖေးတစ်ခု တွင် အဝေးရောက်သူငယ်ချင်းများနှင့် တွေ့ချင်၍အင်တာနက်ဝင်သုံးနေကြောင်းအဖေ သိသည့်အခါ အဖေက မင်းတို့ ပိုက်ဆံနဲ့အချိန်တွေသိပ်ဖြုန်းတာပဲ ဘာမှလည်းဟုတ်တာမဟုတ်ဘဲနဲ့ဟု အော်ငေါက်ဖူးပါသည်။ အိမ်တွင် အားလပ်ရက်များတွင် ဟစ်ဟော့ပ်တေးသီချင်းများ ဖွင်၍နားထောင်ရာတွင်လည်း အဖေ့ရဲ့လက်ညှိုးသည် Stop ခလုတ်ပေါ် သို့အကြိမ်ကြိမ် ရောက်ခဲ့ဖူးပါသည်။ လူငယ်ဆိုသည်မှာ လွတ်လပ်မှု့ကိုမြတ်နိုးပြီး မြင်မြင်ရာကို စူးစမ်းချင်စိတ်နှင့် ဒွန်တွဲနေသူများလည်းဖြစ်ပါသည်။ အသစ်အဆန်းကိုလည်း မြည်းစမ်းကြည့်ချင်ကြပါသည်။ အဖေ့ရဲ့ဆုံးမသွန်သင်မှု့များကြောင့်လည်း ကျွန်တော်တို့ မောင်နှမများသည် ရင်ကျက်တန်သင့်သလောက် ရင့်ကျက်ပြီး အဆိုးအကောင်း အကျိုးအကြောင်းကို စဉ်းစားဆင်ခြင် နိုင်သည့်စွမ်းအားများလည်း ရှိနေခဲ့ပါပြီ။ အဖေတို့ခေတ်က နားထောင်သော တွံတေးသိန်းတန် သီချင်းများကိုလည်း ကျွန်တော်တို့မောင်နှမများ အသံနေအသံထားမှန်မှန်ဖြင့် ဆိုညည်းနိုင်ပါသည်။ သို့သော် ကျွန်တော်တို့ ကြိုက်သည်မှာ Hip Hop နှင့် R&B ပင်ဖြစ်ပါသည်။ ထိုအတူ အင်တာနက်အသုံးပြုပြီး ကျွန်တော်တို့ မောင်နှမများသည် ဖျော်ဖြေရေးဝက်ဘ်ဆိုက်များကိုလည်း ကြည့်ပါသည်။ ထို့အတူ ကျွန်တော့်တို့ဧ။်ခပ်ဆိုးဆိုး အစ်ကို ကိုမိုးသည် ပေါက်ကရလေးဆယ် များကို အင်တာနက်စာမျက်နှာပေါ်ကို တင်ပါသည်။ ကျွန်တော့်မှာ အနုပညာဝါသနာပါသဖြင့် ကဗျာလေး စာလေးများကို ရေးပြီးတင်ပါသည်။ အစ်ကိုလေး ကိုမျိုးမြင့် သည်လည်း ပျော်စရာဟာသလေးများကို ရေးပါသည်။ ညီမလေးမှာလည်း အလုပ်တစ်ဖက် ကျောင်းတစ်ဖက်ဖြင့် ပညာကိုကြိုးစားသင်ယူရင်း သူဧ။် အလုပ်နှင့် ကျောင်းမှ အတွေ့အကြုံလေးများကို ရေးပြီးဘလော့ပေါ်သို့တင်ပါသည်။ ဘလောဂ်စပေါ့ခေါ် web log server ဖြစ်သည့် blogger.com ဧ။်ကောင်းမှု့ဖြင့် ဘလော့ဂ်ဂါလေးများလုပ်ကြပါသည်။ ဘလောဂ်လေးများပေါ်တွင် ကျွန်တော်တို့ဧ။်ယုံကြည်ချက်များ ခံစားမှု့များကို လွတ်လပ်စွာ ရေးသားဖေါ်ပြကြပါသည်။ အထူးသဖြင့် မြန်မာဘလော့ဂါများသည်။ လူငယ်အချင်းချင်းရိုင်းပင်းကူ့ညီကာ တတ်မြောက်သိရှိမှု့မှန်သမျှကို တစ်ဦးကိုတစ်ဦး တွဲလျှက် ဘ၀လမ်းကို လျှောက်လှမ်းနေကြသူများဖြစ်ပါသည်။ နည်းပညာ တတ်ကျွမ်းသူများက သူတို့ဧ။်နည်းပညာများကို ညီငယ်ညီမငယ်၊ အစ်ကိုအစ်မ၊ ဦးကြီး၊ ဒေါ်ကြီးများကို ပြန်လည်ဝေမျှကာ ချစ်ခင်ကြင်နာစွာဖြင့် ပြားနေသောကမ္ဘာကြီးပေါ်တွင် ပျော်နေကြသူများဖြစ်ကြပါသည်။ ကျွန်တော်တို့လူငယ်များသည်လည်းပဲ နိုင်ငံတော်အတွက် လူစွမ်းအားအရင်းအမြစ်များကို ပိုမိုတောက်ပအောင် လုပ်ဆောင်ချင်သည့်ဆန္ဒများမှာ အများအပြားရှိကြပါသည်။ အဖေ့အိမ်တွင် အဖေ ဂုဏ်ယူရအောင် ကျွန်တော့်တို့ မောင်နှမ ဘလော့ဂ်ဂါများသည် စွမ်ဆောင်ချင်သည့်ဆန္ဒများလည်း ကိုယ်စီရှိကြပါသည်။ ထို့အတူ အင်တာနက်ဆိုသည်မှာ လူငယ်တိုင်းမဖြစ်မနေ ထိတွေ့ အသုံးပြုနိုင်ရမည့် အရာပင်ဖြစ်ပြီး မည်သို့မှတားဆီးပိတ်ပင်၍မရစကောင်းပါ။ လုပ်လည်းမလုပ်ကောင်းပါ။ လူငယ်များအတွက် ယနေ့ခေတ်တွင် လိုအပ်ချက်များ ပိုမိုများပြားကာ မမှီမကမ်းနှင့် အမောတကော လိုက်တမ်းပြေးတမ်းကစားနေရသည်။ ယခုလိုခေတ်ကြီးတွင် အဖေ့အနေဖြင့် လူငယ်များဧ။်ခံစားချက်များကို စာနာနားလည်စေလိုပါသည်။ အဖေသည်လည်း လူငယ်ဘ၀မှ ကြီးပြင်းလာသည်ဖြစ်ရာ လူငယ်ဘ၀တွင်တွေ့ရှိရသော အခက်အခဲများနှင့် လိုအပ်ချက်များကို အဖေ့ အနေဖြင့်သိမြင်နိုင်မည်ဟု ယူဆမိပါသည်။ ယခုအခါ နိုင်ငံတစ်ကာ လူငယ်များနှင့် မဖြစ်မနေ ရင်ဘောင်တန်းရမည့် အခြေအနေသို့ရောက်ရှိလာသောအခါ အိမ်ထဲတွင်ပိတ်၍လှောင်ထားသလို အဖြစ်ခံနေရသည့် ကျွန်တော်တို့မှာ အလွန်ပင်အားငယ်ရပါသည်။
သူများအိမ်မှ ကလေးများ ဆော့နေသည်ကို ပျော်နေသည်ကို လှမ်းမျှော်၍ ကျောင်းစာအုပ်ကိုသာ မျက်ရည်စမ်းစမ်းနှင့် ဖတ်နေရသော ကလေးငယ်ဧ။် ခံစားချက်များလိုပင်။
ငယ်ငယ်က အဖေ့အိမ်တွင် အဖေ့စကားကိုနားထောင်ပြီး မိဘကိုကူညီသည့် ကျွန်တော်တို့ဧ။် ညီအစ်ကို မောင်နှမများနှင့်အတူ အဖေစကားကို နားမထောင်သည့် တစ်ခြားအစ်ကို အစ်မ ညီငယ် ညီမငယ်များကိုလည်း တွေ့သည့်အခါ အဖေက ကျွန်တော်တို့ကို အားလုံးခေါ်၍ရိုက်သောအခါ ကျွန်တော်တို့သည် အမည်မသိသော ခံစားချက်များဖြင့် မျက်ရည်ပေါက်များ ကျခဲ့ရပါသည်။ အဲ့ဒီတုန်းက အဖေသည် ကျွန်တော်တို့ကို ကျောင်းစာပဲကျက်ခိုင်းပြီး အိမ်တွင် တီဗွီရှိလျှက်နဲ့ပင် တီဗွီကြည့်သည်ကို လည်းမကြည့်ခိုင်းပါ။ တွတ်ပီစာအုပ်ဖတ်သည်ကိုလည်း မကြိုက်ပါ။ ကျွန်တော်တို့ဘာသာ ပန်းချီဆွဲသည်ကိုပင် အဖေက ရိုက်ပါသည်။ ကျောင်းတွင် သူငယ်ချင်းများက ကျန်ကျောင်းကား အကြောင်းပြောသည့်အခါ ကျွန်တော်တို့မောင်နှမများသည် မျက်နှာငယ်ဖြင့်ငေးနေသည်ကို အမှတ်ရနေမိပါတော့သည်။

gravatar

အကိုရေ
အကိုပြောချင်တာကိုနာလည်ပါတယ်
မိဘဆိုသာ အုပ်ထိန်းသူဖြစ်ပါတယ်။ ဟုတ်ပါတယ်။
သားသမီးတွေကို လမ်းမမှားအောင်ထိန်းကျောင်းပေးရပါတယ်။
သားသမီးတွေကို ထိန်းကျောင်းတယ်ဆိုတာ ထောင်တခုလိုတော့ မဖြစ်သင့်ဘူး။ စူးစမ်းချင်တာကို စူးစမ်းစေပြီး မှားနေရင် နာလည်အောင်ရှင်းပြ။ နောက်တခါဒီလို မလုပ်နဲလို့ ထိန်းကျောင်း ပေးသင့်ပါတယ်။ ငါပြောသလိုလုပ် ဆိုတော့ဘယ်ကောင်းမလဲ။ လူတဦးနဲ့တဦးစိတ်ချင်း မတူကြပါဘူး။ အမြင်တွေက ကွဲပြားနေတတ်ပါတယ်။ အဲဒါလေးကို ထည့်သွင်းပေးစေချင်ပါတယ်။ နောက်ပြီး လူငယ်ဆိုတာ အသစ်ကိုစူးစမ်းချင်တယ်လေ။ အဲဒီစိတ်ကို မရိုက်ချိုးသင့်ပါဘူး။ လမ်းကိုကိုယ့်ဘာသာဖောက်စေပြီး ထိန်းကျောင်းစေချင်တယ်။ ဒါကျွန်တော့်သဘောပါနော်။။

ဟဲဟဲ ဒါနဲ့ အကို့ညီမလေးလည်း ဘလော့ဂါပဲဆို မိတ်ဆက်ပေးပါအုံးဗျာ။ ကျွန်တော်က ခင်တတ်ပါတယ်နော် ဟီး :P :P

gravatar

ကိုဂစ်တာရေ...
အကို့ရဲ့ခံစားချက်ကိုနားလည်ပါတယ်
မီးလေးတို့ဆိုရင်လဲအဖေ့အိမ်မှာနေတုန်းကဒီလိုမျိုးပဲ
ထိန်းချုပ်ခံရဖူးပါတယ်...မိဘကတော့သားသမီးတွေကို
ချစ်လို့စိုးရိမ်လို့ပေါ့နော်...ဒါပေမယ့်...သားသမီးဖြစ်တဲ့သူမှာတော့
ထောင်ကျနေသလိုစိတ်ကျဥ်းကျပ်၇တာပေါ့....
မီးလေးကအကြီးဆိုတော့ပိုပြီးတော့တောင်ချုပ်ချယ်ခံရတာပေါ့
အခုတော့လဲအဖေနဲ့မနေတာကြာတော့လွပ်လပ်စွာနေရပေမယ့်
ဒီလိုလွတ်လပ်မှု့မျိုးနဲ့ အဖေရဲ့ ချုပ်ချုယ်တဲ့ အိမ်လေးကို လဲချင်တယ်ကိုဂစ်တာရေ.....
မိဘနဲ့ဝေးနေမှဘာပဲဖြစ်ဖြစ်ပေါ့နော် မိဘရဲ့အရိပ်အောက်မှာပဲနေချင်တယ်...
ပျော်ရွှင်ပါစေနော်

gravatar

ရင်ထဲထိ ထိလိုက်တာ အကို လူကြီးတစ်ယောက်နဲ့အမြင်နဲ့ လူငယ်တစ်ယောက်ရဲ့အမြင်မတူနိုင်ဘူးဆိုတာကိုလည်း နားလည်လိုက်ပါတယ် အကို့ခံစားရတာကိုလည်း စာနာနားလည်ပေးပါတယ်
အကို ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ

gravatar

အစ်ကိုရေ အစ်ကိုကမိဘနဲ.နေရသေးတယ် ကျွန်တော်အဖေနဲ.အမေက ကွဲနေကြတာ။

gravatar

ကိုဂီတာရေ---
"အဖေ ရက်စက်တယ်..."
ကို ဖတ်ရင်း မိဘနဲ့ သားသမီး
တွေရဲ့ ခေတ်ကွာဟ မှုကို တွေ့လာရတယ်--
ဘာပဲဖြစ်ဖြစ်လေ---မိဘနဲ့သားသမီး
မိဘဆိုတာကတော့--သားသမီးတိုင်းကို--
ကောင်းတာပဲမြင်ချင်ကြတာပါ----

gravatar

ဒီလိုအဖြစ်အပျက်မျိုးဟာ အရှေ့တိုင်းမှာ မကြာခဏ ကြားနေရတဲ့ ပြဿနာပါပဲ။ အကောင်းဆုံးက မိသားစုဆိုတာ ပျော်ပျော်ရွှင်ရွှင် နားလည်မှုနဲ့ သူ့အကြိုက် ကိုယ့်အကြိုက် ၊ သူလုပ်ချင်တာ ကိုယ်လုပ်ချင်တာကို အပြန်အလှန် အပေးအယူတည့်ဖို့ အရေးကြီးပါတယ်။ ခေတ်နဲ့ မျက်ခြေမပြတ်သင့်သလို ဘေးကနေ လိုအပ်တာလောက်ကို ထိန်းသိမ်းပဲ့ပြင်ရုံလောက်ပဲ လုပ်ရင် အကောင်းဆုံးပါပဲ။ တခါတလေ စေတနာဟာ လူတစ်ယောက်ကို ဝေဒနာတင်မက ၊ မလိုလားအပ်သော ချုပ်နှောင်မှုတွေ ဖြစ်စေတတ်တယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်။ ကလေးအရွယ်မှာ စိတ်ပူလို့ ဘယ်သွားသွား ဘာလုပ်လုပ် စိတ်မချပေမယ့် အရွယ်ရောက်လာရင် လွတ်လပ်မှုအတိုင်းတာတစ်ခုကို ပေးရပါတယ်။ တခါတလေ လူငယ်တွေကို အလွန်အကျွံ အန္တရာယ်ဖြစ်ကိန်း မမြင်ဘူးဆိုရင် လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်ရပါတယ်။ ဒါမှ ဘ၀ရဲ့ ခါးသီးမှု ၊ အေးချမ်းမှု ၊ လွတ်လပ်မှု ၊ သတ္တိရှိမှု အရသာကို လက်တွေ့ခံစားဖူးမှာပါ။

တစုံတစ်ခုဖြစ်မှာစိုးရိမ်ရင် လူငယ်တွေနဲ့ ပေါင်းသင်းပြီး စကားဝိုင်းထဲပါ ၊ မျက်ခြေမပြတ် ကလေးတွေလုပ်နေတာကို လေ့လာရင်း အမြင်မတော်တာလောက်ကိုပဲ အပြုသဘောနဲ့ ဆုံးမမယ်ဆိုရင် စေတနာတွေကို လူငယ်အားလုံးက ပိုမိုလက်ခံ နားလည်သဘောပေါက်လာကြမှာပါ :)

အကောင်းဆုံးကို သေချာနားလည်ရှင်းပြပြီး လွတ်လပ်ပျော်ရွှင်အေးချမ်းစွာ မိသားစုအားလုံး ချစ်ခင်ကြပါစေရှင် :)

မိဘနှင့်သားသမီး ပတ်သတ်ပြီး ဒီပို့စ်ကို ရေးဖူးပါတယ်။

http://linletkyalsin.blogspot.com/2007/12/blog-post_03.html

gravatar

ကိုဂစ်တာရေ
ဒီပို့စ်လေးကို ဖတ်ပြီး စိတ်မကောင်းဘူး။ မိဘတွေရဲ့ စေတနာကတော့ သံသယရှိစရာကိုမဟုတ်ပေမယ့် မျိုးဆက်ကွာဟမှုမှာ သူတို့ နားမလည်နိုင်တာတွေ ရှိနေတာတော့အမှန်ပဲ။

မြန်မာပြည်မှာ မိဘတွေက သားသမီးတွေကို ကလေးလိုပဲ အမြဲမြင်နေပြီး ငါပြောသလိုလုပ် ဆိုတာမျိုးပဲ ဖြစ်နေတတ်တယ်။ အဖေ နားလည်အောင် အကျိုးအကြောင်း ပြောပြကြည့်ပေါ့နော်။ အဖေက ကိုယ့်ကို လူကြီးလို မြင်လာအောင် ကိုယ်ပြောပြမယ့် စကားကို သေသေချာချာ လေးလေးစားစား နားထောင်ချင်လာအောင်လို့ အိမ်ကိစ္စတွေ မိသားစုအတွက် အရေးကြီးတဲ့ ကိစ္စတွေမှာလည်း အဖေအားကိုးလောက်မယ့် လူကြီးနေရာက ၀င်ကူလုပ်ကိုင်ပေးရင်း တဖြည်းဖြည်း နားလည်မှုကို တည်ဆောက်နိုင်မယ် ထင်ပါတယ်။