ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ချစ်သူ အလှဖွဲ့


ကျေးဇူးပြု၍ အသက်ပြင်းပြင်းလေးတောင်
မရှူပါနဲ့….
အများတစ်ကာတွေကြားမှာ
ဟားစရာတွေကြားရင်တောင်
မမြင် မကြားချင်ယောင် ဆောင်
ယောင်လို့တောင် မရယ်မပြုံးပါနဲ့
ကြယ်အလုံးပေါင်း မရေနိုင်တော့တာမို့ လုံလောက်ပါပြီကွယ်။

နှုတ်ခမ်းနီကို အညိုရောင်ဆိုးနော်
သနပ်ခါးကိုလည်း ဘဲကြားလိမ်းပါ
ရက်ပ်ပါတွေလိုပဲ ၀တ်ပြီး
ဖြစ်နိုင်ရင်..
ပြေးပြေးလွှားလွှားလည်း မလုပ်မိပါစေနဲ့နော်
ရင်ခုန်သံတွေ ချွဲပစ်
ရင်ထဲမှာစစ်တိုက်နေတာ ငါပဲဖြစ်ပါရစေ…။

gravatar

အူတိုလှချည်လားဗျ...တော်ကြာ အူရှည်တဲ့နောက်လိုက်သွားဦးမယ်..:P

gravatar

ကောင်းလှချည်လားဗျာ
ကဗျာတွေ!!
အတွေးတွေ!!

gravatar

ရင်ခုန်သံတွေ ချွဲပစ်
ရင်ထဲမှာစစ်တိုက်နေတာ ငါပဲဖြစ်ပါရစေ…။
စာသားလေးကြိုက်တယ် ဗျာ

gravatar

ဟဲဟဲ ကဗျာလေးကို သဘောကျတယ်ဗျာ။

gravatar

ကဗျာရော Sketch လေးကိုပါ ခံစားသွားတယ်ဗျို့။