Q

.
ကြူကြူမွှေးတဲ့ခွါညိုပါ xxxxx လေယူရာတိမ်းယိမ်းနွဲ့ရှာ( အမည်မသိသီချင်း)
ကျူကျူ ပါအောင်ငို (မြန်မာစကားမှ အသုံးအနှုန်းတစ်ခု)


ကြူကြူမွှေးတဲ့ခွာညိုပါ။
မြန်မာဘာသာစကားတွင် ကြူ ဆိုသည်မှာ သာယာဖွယ်၊ နှစ်သက်စွဲလမ်းဖွယ် ဟူသော အဓိပ္ပါယ်ကိုယူနိုင်ပါသည်။ ကြူသည် မည်သည့်ခေတ်ကာကစတင်သုံးစွဲသည်ဟူ၍မသိရှိ သော်လည်း။ ကြူဧ။်အဓိပ္ပါယ်မှာထိုအတိုင်းပင်ဖြစ်သည်။ ခွာညိုပန်းဧ။်မွှေးထုံပုံလွန်ကဲပုံကို ကြူကြူဟူ၍သုံးနှုန်းလိုက်ခြင်းပင်။

ငိုသောအခါ အသားကုန်။မျက်ရည်ရွှဲရွှဲ နှာရည်ရွှဲရွှဲ ဖြင့် တစ်အီအီဖြစ်လျှက် အသံထွက်ကာ ရှိုက်ကြီးတစ်ငင်အဆက်မပြတ် ငိုကြွေးသည်ကိုလည်း ကျူကျူပါအောင်ငိုဟု ဆိုလိုက်ခြင်းအားဖြင့် အသည်းအသန်ဖြစ်မှု့ကိုပေါ်လွင်လာစေပါသည်။

ထို့ကြောင့် ကျူသည် မရပ်မနား အသည်းအသန်ဖြစ်မှုကို ဖေါ်ပြခြင်းဖြစ်ပြီး၊ ကြူ ဆိုသည်ကား နှစ်သက်စွဲလမ်းဖွယ် ကိုဖေါ်ပြလိုခြင်းဖြစ်ပါသည်။

ခေတ်ပေါ်မြန်မာစကား တွင် Q ဟုသုံးနှုန်းသည်ကို မကြာခဏတွေ့ မြင် ကြား သိ ရပါသည်။ ထို Q ကို မြန်မာစာလုံးဖြင့် ကျူ(သို့မဟုတ်) ကြူဟုရေးသည်ကို တွေ့ရပါသည်။ အမှန်မှာ ကျူ ဟုပင်ရေးရမည်ဖြစ်ပြီး။ ကြူ ဟုရေးလျှင် နှစ်သက်စွဲလမ်းဖွယ်ကောင်း သည်ဟု ယူဆရမည်ဖြစ်သည်။

အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ကျူသည် အလွန်အကျူးဖြစ်သည့်သဘောကိုဆောင်သည့် အတွက် ထိုစကားလုံးကိုအစွဲပြု၍ အခုခေတ်စကားတွင် အသံထွက်ဆင်တူသည့် Q ကိုသုံးစွဲလာကြသည်။ များသောအားဖြင့် မိန်းကလေးများကို ယောင်္ကျားလေးများက ရည်းစားစကားပြောခြင်းတွင် လွန်လွန်ကြူးကြူးနှောက်ယှက်သည့်သဘော မရပ်မနား တွန်းတွန်းတိုက်တိုက် လုပ်သည် ကို ဆိုလိုချင်သည်ဖြစ်ပြီး။ စိတ်နှောက်အယှက် ဖြစ်စေသောကြောင့် အချင်းချင်း ပြောဆိုကြသည့်အခါ

“အဲ့ဒီ့ကောင်ပေါ့ ငါ့ကို လာလာ Q နေတာ ပျစ်ချွဲနေတာပဲကွာ သောက်မြင်တောင်ကပ်တယ်”ဟုပြောဆိုလေ့ရှိကြသည်။

ယောက်င်္ကျားလေးက မိန်းကလေးကို ရည်းစားစကားပြောသောအခါ အလွန်ပင်ချွဲပစ်နေကာ အသနားခံလျှက် မိန်းကလေးကမှ ပြန်မချစ်လျှင် သေရမည့်ပုံ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲကာ သေနာကျရလောက်အောင် အဆက်မပြတ် ဖွဲ့နွဲ့သော သူအတွက် Q ဟု မိန်ကလေး မျာက သမုတ်လိုက်ခြင်းပင်။

ထို့ကြောင့် Q ကျူ ဖြစ်ပြီး ကြူမဟုတ်ပါ။ ကြူဆိုလျှင် ရည်းစားစကားပြောသည့် ယောင်္ကျားလေးသည် နှစ်သက်စွဲလမ်းဖွယ်ကောင်းသော သူပင်ဖြစ်နေလိမ့်မည်။

Comments

အဟမ်း
အသင့်
ကိုယ်တွေ့များနှင့်
ပေါင်းစပ်ရေးသားထားသည့် အတွက်
မဟုတ်ဘူးဟု
မငြင်းလို။
သင်ဆိုတိုင်း
ဟုတ်ပေမည်။
သက်ထွန်းညိမ်း said…
တယ်ဟုတ်ပါလား Q ကိုအဓိပ္ပါယ်ဖွင့်ဆိုထားလိုက်တာ
တစ်ခါမှတောင်မစဉ်းစားမိဘူး ဟဲဟြ
လူလ said…
မင်္ဂလာပါ ကိုဂစ်တာ

တွေ့ကြုံလိုသူ ပျိုဖြူဖြူနှင့်၊ လှစ်ကြူစကား ပြောလိုငြားက၊ ကြိုးစား အားစိုက်..

ရှေးကဗျာတပုဒ်မှာ ကြူ ဆိုတဲ့ စာလုံးကို ဖတ်ရတယ်။
လူပျိုလှည့်သည့်အခါ သုံးပြုတာ ဖြစ်တယ်လို့ သိရတယ်။ ယောင်္ကျားလေးတယောက်က သူနှစ်သက်တဲ့ မိန်းကလေးတယောက်ကို လှစ်တဲ့အချိန်မှာ ပြောသည့်စကား။ တပါးသူများ သိလို့မကောင်းသော တပ်မက်မှုအရ ပေါ်ပေါက်လာသော စကားလုံး ဖြစ်လိမ့်မည်။
ကျူ ဆိုတာက ကျူပင်ရဲ့ အပေါက်က ၀ါးပင်လို အဆစ်မရှိ၊ တတန်း တဖြောက် ရှိသောကြောင့်.. အကို ပြောသလို ကျူကျူပါအောင် ငို ။ ကလေးတယောက် ငိုလို့မဆုံးနိုင်ဘူးကို ဆိုလိုလိမ့်မည်။ ကျူပင်ငုတ် ကျူငုတ်မကျန် စကားစုလို အလုပ်တခုကို ပြီးမြောက်အောင် ဆုံးခန်းတိုင်အောင် ပြုမှုသည် ဟု ထင်မြင်မိပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ...

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး