Consumers' Obsession

.
လူတစ်ယောက်ကို အခုအချိန် Super ၀ယ်ခဲ့စမ်းပါဆိုရင်။ ၀ယ်ခဲ့ပါလိမ့်မယ် Super Coffee Mix တစ်ထုပ်ကို။ သူခင်ဗျားကို ဘာမှပြန်မေးမယ်လို့ မထင်ဘူး။ Super Lemon Tea လား၊ Super Coffee & Me လား၊ Super ကွေကာလား တစ်ခုမှပြန်မေးမှာ မဟုတ်တာသေချာပါတယ်။
လေဆာ ၀ယ်ခဲ့ ပါလို့ဆိုရင်လည်း ၀ယ်ခဲ့ပါလိမ့်မယ် သွားတိုက်ဆေးတစ်ဗူး။ ဘာလေဆာလဲလို့ ဘယ်သူကမေးမှာလဲ။ လေဆာဆိုတာသွားတိုက်ဆေးပဲ။ သွားတိုက်ဆေးဆိုတာ လေဆာပဲ။ အခုမှလာပြီး လေဆာပန်းရောင်အိပ်မက်တွေ၊ သစ်ရိုင်းလေပွေတွေ ဘာတွေလာလုပ်လည်း No ပါ။ ဘယ်လောက်ပဲ ဇိမ်ခံပါ ပြောနေလည်း မထူးပြီ။ လေဆာကို စားသုံးသူက သွားတိုက်ဆေး ဟုတံဆိပ်ခတ်နှိပ်လိုက်ကြပြီ။
ထို့အတူ စားသုံးသူဧ။်စိတ်ထဲတွင် မည်သို့မျှ ပြောင်းလဲ၍မရအောင်ဖြစ်ရသည်က ဖူဂျီဆပ်ပြာခရင်မ် ပင်။ ဖူဂျီဆပ်ပြာခရင်မ်သည် စားသုံးသူဧ။်လိုအပ်ချက်ကို အပြည့်အ၀နီးပါး ဖြည့်ဆည်းပေးနိုင်သော ကုန်စည်တစ်ခုပင်။ စားသုံးသူဧ။် ကျေနပ်နှစ်သိမ့်မှု့ကို ကောင်းကောင်းရယူနိုင်ခဲ့သောကြောင့် ဖူဂျီဆိုသည်မှာ အ၀တ်အစားများကို ချေးညှော်များ၊ ဖားဥများအတွက်လွန်စွာအားကိုးရသော Powerful cream ဟုထင်မှတ်စွဲယူခဲ့ကြသည်။ ဖူဂျီကို ကလေးသူငယ်၊ လူကြီးလူငယ်များအားလုံးက သိထားကြသည်မှာ ဆပ်ပြာခရင်မ်။
ထိုအချိန်တွင် ဖူဂျီမှအသစ် ထပ်မံထုတ်လုပ်လိုက်သော ဆပ်ပြာမွှေးဆိုသည် များပေါ်ထွက်လာခဲ့သည်။ ဖူဂျီဆပ်ပြာမွှေးသည် အလွန်ကောင်းချင် ကောင်းနေပါလိမ့်မည်။ သို့သော် စားသုံးသူသည် စိတ်ထဲတွင် စွဲမှတ်ထားသည်က ဖူဂျီသည် ဆပ်ပြာခရင်မ်သာဖြစ်ပြီး လွယ်ကူစွာဖြင့် ဖူဂျီဆပ်ပြာမွှေးဆိုသည်ကို လက်မခံနိုင်ကြပေ။
ထို့ကြောင့် စားသုံးသူဧ။် စိတ်တွင်စွဲမှတ်မှု့ခိုင်မြဲခြင်းကိုလည်း ကုန်စည်အသစ်တစ်မျိုး ဈေးကွက်သို့ မတင်သွင်းမီတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်လျှက်ရှိသည် ဟု ထင်မြင်ယူဆမိပါသည်။ ၄င်းမှာ အလွန်ပင်အရေးပါပြီး ဒုတိယထုတ်လုပ်လိုက်သော ကုန်ပစ္စည်းအမျိုးအစားဧ။်အရည်အသွေး ပေါ်မူတည်၍ မူလ အမျိုးအစားကို အကျိုးသက်ရောက်မှုလည်းရှိနိုင်ပါသည်။
ထို့အတူ မီကိုကော်ဖီမစ်သည်လည်းပဲ ၄င်းတို့အသစ်ထပ်မံထုတ်လုပ်လိုက်သော Gold Roast Gold သည်ဈေးကွက်တွင်မတွင်ကျယ်ခဲ့ပေ။ သို့သော် Hi Tea မှာလူသိများခဲ့သည်။ နာမည်တစ်လုံးနှင့်နေနိုင်ခဲ့သည်။ လူကြီးလူငယ်၊ ကလေးပါမကျန် ဟိုင်းတီးဆိုလျှင် မြန်မာပြည်မှ ကလေးစူပါ သရုပ်ဆောင်နှင့် အဖွဲကြော်ငြာသော အသင့်သောက် လက်ဖက်ရည်ထုပ် မှန်းတန်းသိကြသည်။ အကြောင်းမှာ နဂိုပေါက်ပြီးသား နာမည်ကိုအရိပ်ခို ၍ ကုန်ပစ္စည်းမိတ်ဆက်ခြင်း မပြုပဲ သီးခြားနာမည်တစ်ခုဖြင့် ဈေးကွက်ကို ထိုးဖေါက်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်ဟု ယူဆမိပါသည်။
စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းဧ။် ကြော်ငြာမှု့အပေါ်တွင် တစ်ခါတည်း နေရာသတ်မှတ်ပေးလိုက်ပြီးဖြစ်သည်။ A ဆိုသောကုန်စည်သည် သကြားဟုဆိုလျှင် A ကို သကြားဟုသာ စိတ်အစဉ်တွင်စွဲထင်နိုင်ပါသည်။ ဆွဲထင်နိုင်အောင်လည်း မူလအစက ကြော်ငြာအားကောင်းကောင်းဖြင့် ဆွဲဆောင် ထားခဲ့သောကြောင့်ပင်။
ထို့ကြောင့် ကုန်ပစ္စည်း အသစ်တစ်မျိုးအတွက် ဈေးကွက်မိတ်ဆက်ခြင်းတွင် စာသုံးသူဧ။် အင်အားကြီးမားလှသော စွဲထင်မှတ်ယူမှု့ကို ပယ်ရှားနိုင်ရန်အရေးကြီးပြီ။ ကုန်ပစ္စည်းဧ။်အမျိုးအစား ပေါ်မူတည်၍ စားသုံးသူဧ။်စိတ်အမြင်တွင် ကွဲပြားရန်လိုအပ်သည် ဟု ထင်မြင်မိပါသည်။

Comments

good!!!!
တော်တယ်ဗျာ။
thonn thonn said…
consumer မဟုတ်ဘူးလား..??

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး