31 Dec Night

လမ်းထဲကို ၀င်လိုက်သည်နှင့် နှစ်သစ်ကိုကြိုဆိုသောအနေဖြင့် တစ်လမ်းလုံးအမှောင်ချထားကြသည်။ လမ်းထဲတင်မဟုတ် တစ်ရပ်ကွက်လုံး၊ တစ်မြို့လုံးက နှစ်သစ်အကြို အနေဖြင့် လျှပ်စစ်မီး ချွေတာရေးဖြင့် အဓိပ္ပါယ်ရှိစွာ ကြိုဆိုကြသည်။ ကျွန်တော်တို့လမ်းထဲမှာ ကိုရွှေကြီးတို့အိမ်ရှေ့တွင် လူပျိုကာလသားများကလည်း ၀ီစကီ တစ်ပုလင်းထောင်က နှစ်သစ်တွင် အဓိပ္ပါယ်ရှိသော နေ့သစ်များကို တည်ဆောက်ရင် ဖြတ်သန်းသွားကြရန် ဆွေးနွေးပြောဆိုနေကြသဖြင့် အလုပ်ကပြန်လာသော ကျွန်တော်လည်း ၀င်ရောက် နားထောင်နေမိသည်။

ပြီးမှ အလုပ်ယူနီဖောင်းများ လဲရန် သတိရသဖြင့် အိမ်သို့ အမြန်ပြန်ရသည်။ ထိုနေ့က သဘောကောင်းသော အလုပ်ရှင်က ဆယ်နာရီခွဲအထိသာ အလုပ်ဆင်းရန် ခွင့် ပြုသဖြင့် ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်း မှာ အလုပ်မှစောစီးစွာပြန်လာခြင်းဖြစ်လေသည်။ အိမ်သို့ရောက်သောအခါ အ၀တ်အစားများကို အမြန်လဲပြီး အစာမစားရသေးပဲ အိမ်မှာလည်း စားစရာသောက်စရာ မ၇ှိသောကြောင့် ကျွန်တော်တို့မြို့ဧ။်အစည်ကားဆုံးနေရာဖြစ်သော ၃ ထိပ် သို့ သူငယ်ချင်းကိုဝင်ခေါ်ပြီး ထွက်လာခဲ့သည်။

ရပ်ကွက်ထဲမှထွက်လာရသော်လည်း ကျွန်တော်တို့ရပ်ကွက်ထဲတွင် စည်ကားနေသည်မို့ ကျွန်တော်အခုအချိန်အထိ မေ့မရပဲ တစ်သသဖြစ်နေရသည်။ လျှပ်စစ်မီးများ အမှောင်ချပြီး နှစ်သစ်ကိုကြိုဆိုချိန်တွင် ငါးနှစ်ဝန်းကျင် ကလေးလေးလေးငါးယောက်ခန့်မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းကာ ဟိုဟိုဒီဒီငေးမောပြောဆိုရင်း မီးမွှေးကာ ဘာမှန်းမသိသော စားစရာတစ်ခုခုကို ကင်စားရန် ကြိုးစားနေကြသည်မှာ ကြည်နူးဖွယ်ပင်။ ထို့အတူ ရပ်ကွက်လူကြီး ဖိုးကြည်ဝင်းဧ။် အိမ်ရှေ့တွင်ရပ်ထားသော ဒိုင်နာကားပေါ်တွင်တော့ ကျွန်တော်မသိသည့် ကာလသား တစ်ဦးမှာ

“ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာxxxx ပြန်ဆုံနေကြ ဒီလိုအချိန်လေးရောက်လာ ”

အစပြုသည့် လင်းနစ်ဧ။် သီချင်းကို ခပ်တိုးတိုးသီဆိုနေလေသည်။

သူငယ်ချင်းနှစ်ယောက် ၃ထိပ်သို့ရောက်သောအခါ ကျွန်တော်တို့စားနေကြ ထမင်းကြော်ဆိုင်လေးမှာ ဆိုင်ပိတ်တော့မည်ဖြစ်ကြောင်းပြော၍ ဘာကြောင့်လဲမေးကြည့်သောအခါ အခု ပြီးခဲ့တဲ့ 2008 ခုနှစ်အတွင်း စီးပွားရေးများ အရောင်းအ၀ယ်များ ဖြစ်ထွန်းလွန်းသောကြောင့် ထမင်းကြော်ဆိုင်ပိုင်နှင့် နှင့် သားသမီးများသည်။ အီကွေတိုရီရယ် ဟော်တယ်တွင် ဒင်နာ သွားရောက်သုံးဆောင်က နယူးရီးယားပါတီ အသေးလေးတစ်ခုပြုလုပ်ပျော်ရွှင်ကြမည် ဖြစ်ကြောင်းနှင့် နှစ်သစ်ဧ။်နေအထွက်ကို ကြည့်ရှုခံစားကြမည်ဖြစ်ကြောင်း ပြောသည်။ သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက်လည်း သူတို့ဆိုင်မှာ ထမင်းကြော်ကို မြန်ဆန်စွာ သုံးဆောင်ပြီးလျှင် ကျွန်တော်တို့ မြို့ဧ။် ဂုဏ်ယူဖွယ် ပြယုဂ်တစ်ခုဖြစ်သော ကြိုးတံတားပေါ်သို့ တက်ကာ ဒီဇင်ဘာနောက်ဆုံးညဧ။် အလှအပကို စုပ်တစ်သပ်သပ်ဖြင့် ကြည့်ရှု့ငေးမောနေကြလေသည်။

ထိုသို့ ထိုင်နေကြရင်း ကျွန်တော့်အနေဖြင့် လွန်ခဲ့သည့် 2008 ကာလများအတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးရင်း ကျွန်တော့်အပေါ်ယုတ်မာခဲ့သော သူများနှင့် ကျွန်တော့်ကို နှိမ်ချဆက်ဆံခဲ့သော သူများကို သတိရနေမိသည်။ သူတို့အကြောင်းများကို ဘေးတွင်ရှိသော ကျွန်တော့်သူငယ်ချင်းကို သူတို့အကြောင်းများကို ပြောပြနေမိသည်။ ထိုအချိန်တွင် ကျွန်တော် သိပ်ချစ်ရသော မ၀ါဝါကျော်မှာ ဘာလုပ်နေမည်နည်း။ ဘယ်နေရာတွင်ရှိနေမည်နည်း။ ကျွန်တော်မသိပါ။ သူ့ကိုလည်းလွမ်းလွမ်းဆွတ်ဆွတ်ဖြင့် သတိရ တမ်းတနေမိပါသည်။ လေးဖြူဧ။် စာမျက်နှာ 15 သီချင်းမှာ ထိုညက ကျွန်တော့်အတွက် ဖြစ်ခဲ့ပါသည်။





I wrote this Post by tagging Mg Shing Thant( www.mgshinthant.blogspot.com ). Thank you for your Tagging \"Shin Thant\"

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး