ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ကျွန်တော် အကြိုက်ဆုံးကြော်ငြာ

တစ်ခါက စာသင်ခန်းထဲတွင် ဆရာတစ်ယောက်ပေါ့ပေါ့ ပါးပါး ပြောလိုက်သော စကားလေး ကို အမှတ်ရ နေမိသည်။ ထိုစဉ်က ကျွန်တော် အထက်တန်း ကျောင်းသားဘ၀ပင် ရှိလိမ့်ဦးမည်။ စာသင်ပြရာတွင် အလွန်ကောင်းသော ဘောဂဗေဒ ဆရာ က ကျောင်းသားများ မျက်စိထဲပေါ်လွင်အောင် တစ်ခါတစ်လေ ဟာသလေးများစွက်ကာ သင်လေ့ရှိသောကြောင့် ကျွန်တော်တို့ ဧ။် အသည်းစွဲဆရာဖြစ်ခဲ့ဖူးသည်။



တစ်နေ့။ဘောဂဗေဒ သင်ရင်း စားသုံးသူများဧ။် ကြိုက်နှစ်သက်မှု့ပြောင်းလဲပုံနှင့် ပတ်သက်၍ ဆရာက …

“ငါဆိုရင် ငယ်ငယ် လေးငါခြောက်နှစ်က ဘောလုံးကန်တာကို ကြိုက်တယ်၊ ၁၅ နှစ်လောက်လည်းရောက်ရော ဘိလိယက်ထိုးတာ ကြိုက်တယ်၊ အသက်နှစ်ဆယ် လေး ၊ နှစ်ဆယ့်ငါးလောက်လည်းရောက်ရော ဂေါက်ဖ် ရိုက်ရတာကို ကြိုက်သွားတယ်” ဟုပြောသောအခါ တစ်ချို့ ကျောင်းသားများက “ဟာ… ဒါဆိုဆရာ က တစ်ဖြည်းဖြည်း သေးသွားတာပေါ့…အကြိုက်ကိုပြောတာပါ ”ဟု နောက်သောအခါ ဆရာရော ကျွန်တော်တို့ပါ ၀ါးလုံးကွဲရယ်ခဲ့ကြရသည်။ နောက်တစ်ယောက်ကလည်း “အခုရော ဆရာဘာကြိုက်လဲဟု ”လှမ်းမေးလေသည်။ ထိုအခါ ဆရာက “ခုတော့ အင်း…… ပုတီးစိပ်တာပဲ”ဟု ပြုံးစိစိဖြင့် ပြောသောအခါ ကျောင်းသူတစ်သိုက်မှာ ဆရာ့ကို ချစ်စနိုးဖြင့် “ဟားးး….ရေ……” ဟု လှမ်းသရော်ကြလေသည် မှာ အမှတ်တရပင်။ ယခုထိမမေ့သေး။



အမှတ်တရဖြစ်ခဲ့သော ထိုအခါက ဆရာသင်ခဲ့သော ကျောင်းစာထဲကလိုပင် ကျွန်တော့် အသက်အရွယ် ပြောင်းလဲမှု့အရ ကြိုက်နှစ်သက်မှု့များလည်းပြောင်းလဲခဲ့ဖူးသည်ကို သတိပြုမိခဲ့ပါသည်။ ကျွန်တော်ငယ်စဉ် လေး၊ငါးတန်းလောက်က ကျွန်တော်သည် ကြော်ငြာများကို လွန်စွာကြိုက်နှစ်သက်ခဲ့ဖူးသည်။ ကျွန်တော်သည်ပင်မက အခြားသော ကလေးသူငယ်များ သည်လည်း ထိုစဉ်က ကြော်ငြာများဧ။် လွှမ်းမိုးမှု့အောက်တွင် ရောက်ရှိခဲ့လိမ့်မည်ဟု ထင်မိပါသည်။ ထိုခေတ် ထိုအခါက ကလေးများသာမက လူကြီးတစ်ချို့ပင် ကြော်ငြာများကို နှစ်ခြိုက်ခဲ့ကြသည်။ ညနေတိုင်း ဆွဲဆောင်မှု့ကောင်းသော စီးပွားရေး ကြော်ငြာများ သည် လူအများဧ။်စိတ်ကို ဖမ်းစားနိုင်ခဲ့သည်။ ကြော်ငြာသည်ပင် ဖျော်ဖြေမှု့တစ်ခုလိုဖြစ်လာသည်။ ကြော်ငြာမင်းသားမင်းသမီးများ ၀င်ငွေကောင်းသည်သည်မက နာမည်ကြီး ကြော်ငြာ မင်းသား၊ မင်းသမီးများဧ။် ကြော်ငြာများကို ပင်တိုင်သီဆိုပေးရသော ကြော်ငြာအဆိုတော်များပင် အလုပ်ဖြစ်ခဲ့ကြသည်။ ထိုမျှသာမက ကြော်ငြာ သီချင်းများ ကိုပင် စီးရီးထုတ်ကာ တိပ်များ၊ ဗီစီဒီများ ထုတ်ခဲ့ကြသည် အထိ ဖြစ်ခဲ့သည်။ ကျွန်တော်သည်ပင် ကြော်ငြာသီချင်းများ နားထောင်ပြီး ကိုယ်တိုင် သီချင်း များစုဆောင်းခဲ့ဖူးသည်။



သို့သော် လူတို့ဧ။် ကြိုက်နှစ်သက်မှု များ ပြောင်းလဲနေသည် ဆိုသည့် သဘောအရ ထိုသို့သော ကြော်ငြာများသည် သုံးလေးနှစ်ခန်ကြာပြီးနောက် လူအများဧ။် စိတ်ဝင်စားမှု့မှ လျော့ပါးလာခဲ့ရာ ယခုအချိန်တွင် မည်သူမျှ ကြော်ငြာများကို စိတ်ပါလက်ပါ ထိုင်ပြီးကြည့်ရှု့နေသည်ဟူ၍ မရှိတော့ပေ။ ကျွန်တော်ကိုယ်တိုင်ပင် ကြော်ငြာများကို ငြီးငွေ့လာခဲ့သည်။



ထိုကြောင့် ကြော်ငြာများဧ။် ဆွဲဆောင်မှု့များသည်လည်း တစ်ဖြည်းဖြည်း အသွင်ပြောင်းလာခဲ့သည်။ ကံစမ်းမဲနှင့် ဆွဲဆောင်ခြင်းဖြင့် လည်းကောင်း ၊ သီချင်းများဖြင့် သရုပ်ဆောင်များ က ကာ လှုပ်ကာဖြင့် ဆွဲဆောင်ရာမှ တစ်ချို့မှာ ဇတ်လမ်းအသွင် ဆောင်လာကြသည်။ ထိုမှတစ်ဖန် အဓိက သိစေချင်သေ မက်ဆေ့ခ်ျကို ပေါ်လွင်ရုံသာပြလာကြသည်။ သို့သော် ကြော်ငြာ ခေတ်ဦးက ပုံစံမျိုးလည်း တစ်ခါတစ်ရံ ပါလာတတ်ကြသည်။



ကျွန်တော် ကြော်ငြာများနှင့် ဝေးခဲ့သည်မှာ ခန့်မှန်းခြေအရဆိုလျှင် လေးငါးနှစ်ခန့်ပင် ရှိလိမ့်မည်ထင်သည်။ ကျောင်းတက်၊ အလုပ်တက် နှင့် တစ်ခြား အမျိုးမျိုးသောကိစ္စများနှင့် တီဗွီကို နပ်မှန်အောင် မကြည့်ခဲ့ရ။ အခုနောက်ပိုင်းမှပင် အလုပ်ကပြန်လာသော အချိန်များတွင် အိမ်ကိုစောစော ပြန်ကာ မိသားစုနှင့်အတူ တီဗီဇတ်လမ်းများကြည့်ခြင်း၊အခြာသော အစီအစဉ်များ ကြည့်ခြင်း များ ပြုလုပ်လာနိုင်ခဲ့သည်။



တစ်ခါတွင် အလုပ်မှ ပြန်လာသော အခါ ကျွန်တော် အိမ်ထဲရောက်ရောက်ခြင်း ဖွင့်ထားသည့် တီဗီကို အမှတ်တမဲ့ ကြည့်လိုက်ရာ ဇတ်လမ်းတစ်ခု လာနေသည်ကို တွေ့လိုက်ရသည်။ “ဘာဇတ်ကား ပါလိမ့်” ဟု ကြည့်နေလိုက်မိသည်။ ပထမတစ်ခန်း ပြီး၊ ဒုတိယ အခန်းရောက်မှပင် ကျွန်တော် ကြည့်နေတာ ဇတ်လမ်း မဟုတ် ကြော်ငြာတစ်ခုဖြစ်နေမှန်း သိတော့သည်။ ထိုကြော်ငြာသည် သာမာန်ကြော်ငြာများထဲမှ သိသိသာသာခွဲထွက်နေသော အထူးအဆန်းကြော်ငြာတော့ မဟုတ်။ ရိုးရိုးဇတ်လမ်းဆင်ကာ ရိုက်ကူးထားသည့် ဆေးကြော်ငြာ တစ်ခုပင်ဖြစ်သည်။ သို့သော် ဤကြော်ငြာကို ကြည့်မိသော အခါ ကျွန်တော့်ငယ်စဉ်ဘ၀ကို ဖြတ်ခနဲ ဆိုသလို သတိရမိသည်။ ဤကြော်ငြာလာတိုင်း လုပ်လက်စ ၊ပြောလက်စ စကားများ တန့်ကာ မလွတ်တမ်းကြည့်နေသည်ကို သတိထားမိသော ကျွန်တော့် အမေက “ သူက အဲ့ဒီ့ကြော်ငြာလာရင် ဘယ်တော့မှ လက်မလွှတ်ဘူး” ဟု ပြောဖူးသည်။ ဟုတ်ပါသည်။ ဤကြော်ငြာလာတိုင်း အမေပြောသလို မလွတ်တမ်း အသေးစိတ်ကြည့်မိသည်။ အဘယ်ကြောင့်ဆိုသော် ကြော်ငြာဇတ်လမ်းထဲမှ သရုပ်ဆောင် ကလေးမလေးဧ။် သွင်ပြင်နှင့် သနားစဖွယ် သရုပ်ဆောင်ဟန်က ကျွန်တော့််ရင်ကို ဆွဲလှုပ်နိုင်သောကြောင့်ပင်။



အလုပ်မှ မောပမ်းစွာ ပြန်လာသော အဖေဖြစ်သူကို ကလေးမလေးက အဖေဆီပြေးသွားပြီး “ဟာ..ဖေဖေ ပြန်လာပြီ ဖေဖေ သမီးနဲ့ ကစားရအောင်လေ ” ဟုမျှော်လင့်ချက်အပြည့်ဖြင့် ပြောစကား အဆုံးတွင်တော့ အဖေဖြစ်သူက “ဖေဖေ ဒီနေ့ ပင်ပန်း လာလို့ သမီးရယ် နောက်နေ့မှ ကစားကြရအောင်နော်” ဟု ဆိုလိုက်သော အခါ ကလေးငယ်မလေး ခမျာ ညှိုးငယ်စွာဖြင့် ခေါင်းလေး တစ်ဆတ်ဆတ် ကို မသိမသာလေး လှုပ်ကာ တစ်ဖက်ကိုလှည့်သွားရှာသော ဇတ်ကွက်သည် ဖော်ပြမရနိုင်သော ခံစားမှု့တစ်ခု ကူးစက်လာစေသည်။ ကလေးငယ်မဧ။် စိတ်တွင် ၀မ်းနည်းသွားလေမည်လား၊ ဖခင်အပေါ်စာနာစိတ်ဖြင့် မိမိဆန္ဒများကို ထိန်းချုပ်လိုက်ရသဖြင့် ရင်ဘတ်ညှိုးနွမ်းသွားလေမည်လား စသည်ဖြင့် နောက်ဆက်တွဲခံစားမှု့ကို ကျွန်တော့်ဘာသာ ပုံဖော်နေမိသည်။



ထိုကလေးမျိုးဧ။် စိတ်ခံစားချက်ကို ကျွန်တော် ကိုယ်ချင်းစာ၍ ရပါသည်။ ကျွန်တော်သည်လည်းပဲ ငယ်စဉ်က မေတ္တာငတ်ခဲ့ဖူးသူ။အထီးကျန်ဆန်ခဲ့ဖူးသူ ဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ငယ်ငယ်က သုံးလေးနှစ် အရွယ်မှစ၍ အသက် ၇နှစ် ၈ နှစ် အရွယ်ထိ ကျွန်တော်သည်။ မွေးချင်း မောင်နှမမရှိ။ကစားဖော်၊ ကစားဖက် ဟူ၍မရှိ၊ တစ်ယောက်တည်း နေခဲ့ရသည်။ အဖေက တစ်နယ်တစ်ကျေးသို့ အလုပ်ကိစ္စဖြင့် သွားနေသော အချိန်တွင် အမေကလည်း အိမ်တွင်းမှု့ကိစ္စများနှင့် ကိုယ်ပိုင် စီးပွားရေးသေးသေး တစ်ခုဖြင့် အားလပ်သည်ဟူ၍ မရှိသော အခါ ကျွန်တော်သည် ကလေးဘ၀ တွင် အထီးကျန်စွာ အချိန်ကုန်ခဲ့ဖူးသည်။ တစ်ခါတစ်လေ အဖေပြန်လာသော အခါ အနီးကပ်နွေးထွေး မှု့ပေးခဲ့သော်လည်း အချိန်အများစုမှာ တစ်ယောက်တည်းသာ ကုန်ဆုံးခဲ့ရသည်။



၎င်းဧ။်အကျိုးဆက်မှာ၊ အရွယ်ရောက်ခါစ အချိန်တွင် လူအများကြားသို့ သွားလာရမှာကြောက်ခြင်း၊ ပေါင်သင်းဆက်ဆံရာတွင် အဆင်မပြေခြင်း၊ ရှက်ခြင်း၊ ရုံးပြင် ကန္ဒားများသို့ ကိစ္စရှိသောအခါ သွားရမည်ကိုကြောက်ခြင်း များခံစားခဲ့ရပါသည်။ အဆိုးဆုံးအခြေအနေမှာ လက်ဖက်ရည်ဆိုင်ရှေ့မှပင် ဖြတ်လျှောက်ရမည်ကို တွန့်နေတတ်ခဲ့ခြင်းပင်။



ငယ်ငယ်က ထိုသို့ တစ်ယောက်တည်း ဖြစ်နေသောကြောင့် ရှက်တတ်ကြောက်တတ်လွန်းသော ကျွန်တော့်အခြေအနေကို သိသော အဖေ က စိတ်မကောင်းခဲ့ပေ။ ကျွန်တော့်ကို ရဲရဲတင်းတင်း ဖြစ်စေရန် နှင့် ဈေးအ၀ယ်တတ်စေရန် ကုန်စုံရောင်းသော “မပြုံး” တို့ဆိုင်သို့ အ၀ယ်လွှတ်စဉ်က “ပိုက်ဆံ တစ်ကျပ်” ကိုကိုင်ကာ ဟိုကြည့်ဒီကြည့်ဖြင့် မ၀ံမရဲ ထွက်လာခဲ့ဖူးသော ကျွန်တော့်ငယ်ဘ၀ကို အမှတ်ရနေမိသည်။



အထက်တန်းကျောင်းသား ဘ၀သို့ရောက်သော အခါ အဖေနှင့်အမေ က သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး နေသည်ကို အလွန်အကျွံတားမြစ်ခြင်း မပြုခဲ့ပေ။ လိုအပ်မှသာ ဆုံးမသမှု့ ပြုခဲ့ကြသည်။ သူငယ်ချင်းများနှင့် ဟိုဟိုသည်သည် ခရီးတိုလေးများ လည်း အပျော်သဘော စေလွှတ်ခဲ့သည်။ ကျွန်တော်သင့်ခဲ့သော အထီးကျန် အဆိပ်များကို လွင့် ပျယ်စေရန် ကျွန်တော့်မိဘများ က နားလည်မှု့များ ပေးခဲ့သည်ဟု ယုံကြည်မိပါသည်။



ကလေးငယ်များသည် အနာဂတ်လေးများဖြစ်သည်ဟုဆိုပါလျှင် ကလေးဘ၀တွင် လိုအပ်သော နွေးထွေးမှု့များ၊ မိဘမေတ္တာနှင့် ကစားဖော်၊ ကစားဖက် များ သည် အမှန်တစ်ကယ် လိုအပ်လှသည်ဟု ထင်မြင်မိပါသည်။ သို့မှသာ ကလေးငယ်များသည် ရဲတင်းပွင့်လင်းမှု့များ၊ လတ်ဆတ်တက်ကြွမှု့များ နှင့် စိတ်ခွန်အားများ ဖြစ်စေကာ လှပသော အနာဂတ်များသို့ တက်လှမ်းနိုင်ကြပေလိမ့်မည်။



ကြော်ငြာဇတ်လမ်းထဲမှ ကလေးငယ်မ လို ၊ ကျွန်တော် ငယ်ငယ်တုန်းက အထီးကျန်ဆန် မှု့မျိုးကို မည်သည့် ကလေးကိုမှ မခံစားစေလိုပေ။ အနာဂတ် ဧ။် ကလေးများ အားလုံးကို လတ်ဆတ်သော နှလုံးသားများ ကိုယ်စီ ဖြစ်စေချင်နေမိတော့သည်။





ကိုဂစ်တာ

gravatar

ကိုယ်ကိုတိုင် ခံစားရပြီး သူများတွက် နားလည်ပေးတက်တဲ့ စိတ်ဓါတ်လေးကိုလေးစားတယ်။ အဆိပ်သင့်အချိန်တွေ ကုန်ဆုံးခဲ့ပြီး ဘ၀ကို အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတယ်ဆိုတာ ယုံပါတယ်။ နှစ်သစ်မှာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ပြီး ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရပါစေလို့ တောင်းဆုပြုပါတယ် လူကြီးမင်းရှင်။

gravatar

ကိုဂစ်တာလည်း တဖြည်းဖြည်း သေးသွားမယ်နော်။ ဟိ ကြိုက်တယ် ဒီ Post ကို။

gravatar

အရေးကောင်းတယ်ဗျာ။