ကိုယ်ချစ်တဲ့ ဗာဂို

ကိုယ်ချစ်တဲ့ ဗာဂို



ဆောင်းတွင်းလို ကိုယ့်ကိုအေးမြနိုင်မယ်ဆို

ကိုယ့်လက်ထဲက ၀ိုင်ခွက်ကို ပစ်ပယ်ရဲတဲ့အထိ။

မင်းရင်ဟာ အနက်ရှိုင်ဆုံး ချောက်ကမ်းပါး

ဖြစ်နေစေဦးတော့ကွယ်။

ရော်ဘာရွက်တွေကြွေတဲ့ အစိမ်းရောင်လမ်းမထက်မှာ

ဟိုးအဝေးက ပန်းရောင်ကောင်းကင်ကိုလှမ်းမြင်ရတယ်။

ပန်းတိုင်ကိုရောက်လုပြီလား။ ။





ကိုဂစ်တာ









Comments

pandora said…
မောင်သိန်းဇော်ရဲ့ ကဗျာလေးက ပြောတယ်

ပန်းတိုင်

မရောက်သေးရင်ေ၇ာက်အောင်သွား
ရောက်ရင်တထောက်နား
ပြီးရင်ရှေ့ဆက်သွား
အဲဒီမှာ ဘာမှမရှိဘူး။

တဲ့။ ကဲ ဘယ်လိုလုပ်မလဲ။ :P

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး