ဆူးလှည်း

ဥပမာပေးရင်းလည်း ပေးလို့မရအောင် sensitive ဖြစ်တယ်
ထိကရုန်းပင်လို၊ ခူယားလို့
တွေ့လိုက်ရင်ဆုံလိုက်ရင် လည်း ကွန်မြူနစ် ဇတ်လမ်းတွေထဲကလို့
စကားပုံတွေ နဲ့ စကားလုံးတွေက မာကျော ခက်ထန် အစွန်းရောက် ဖောင်းပွ
ဥပမာပေးရင်လည်း Sensitive ဖြစ်မယ်
ဒီကဗျာလေးရဲ့အောက်ခြေမှာ ကဗျာရေးသူနာမည်ပါမှာမဟုတ်ဘူး
ကဗျာဆိုမှတော့ ရေးသူနာမည်ပါရမယ်လေ
မဟုတ်သေးဘူး ကဗျာရှင်က သူ့နာမည်မထည့်ချင်ဘူးလို့ပြောသဗျ
ဒါဆိုလည်း အမည်မသိလို့ရေးပါလား
မဖြစ်နိုင်ဘူး ရေးသူကိုက ဘာမှတပ်တာမကြိုက်ဘူး
ဒါဆိုရင်……
လင်မရှိတဲ့ မယား၊ တံခွန်မရှိတဲ့ရထား၊ သိမ်မရှိတဲ့ကျောင်းဆိုသလို
မတင့်မတယ် ဖြစ်နေမှာပေါ့။
ဒါကတော့ သူ့ခံယူချက်နဲ့ပဲဆိုင်လိမ့်မယ်ထင်တယ်
ခံယူချက်ဆိုတာ အမှားအမှန်ခွဲခြား သိမြင်နိုင်စွမ်းရှိလို့လား
ကျွန်တော်လည်း ဒါကြောင့်ပဲ ဝေမှိုင်းညို ရဲ့ဇတ်ကားတွေကို မကြိုက်တာ
အဲ့လိုပြောတော့ ဝေမှိုင်းညို ဇတ်ကားတိုင်းကလည်း ခင်ဗျား မကြိုက်စရာတွေချည်းပဲ
မဟုတ်သေးဘူးလို့ မဟုတ်ကြောင်း ကျုပ်ကိုပြော
ကျုပ်နဲ့ခင်ဗျားနဲ့ ခင်ဗျားနဲ့ကျုပ်
ဟိုးဝေးဝေးမှာက မြက်ခင်းတွေကတော့စိမ်းလန်းဆဲ

ငှက်ပျောရွက်လို ထိရှလွယ်တာရယ်
ထိကရုံးလို ထိလွယ်သိလွယ်တာရယ်
ခူယားကောင်လို တုန့်ပြန်နှုန်းမြန်တာရယ်
အိပ်မက်တွေထိ သွေးတွေကဆူပွက်
စကားပြောခြင်းအနုပညာ၊ အပြောစားခြင်းအနုပညာ။
သရုပ်ဆောင်ခြင်းအနုပညာ၊ လိမ်ညာခြင်းအနုပညာ၊
ဆွေးနွေးခြင်းအနုပညာ၊ ငြင်းခုံခြင်းအနုပညာ
ပြက်ရယ်ခြင်းအနုပညာ၊ ကျီစယ်ခြင်းအနုပညာ
နေသားတစ်ကျ ခင်ဗျားပဲ Compact ဖြစ်အောင်လုပ်ပေးပါ။
တစ်ဆိတ်လောက်
ဖုန်းခေါ်သံက မခံနိုင်လောက်အောင် sensitive ဖြစ်လွန်းနေလား။


ကိုဂစ်တာ

Comments

ကဗျာလေးကထိရှတချက်တည်းနဲ့
ထိရှတယ်ဗျို့.....

အားပေးလျက်
pandora said…
ဒီကဗျာကို သဘောကျတယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး