ချစ်မာန

ပေါ့ပေါ့လေးထင်နေရင်တော့ ငါ့စကား ငါ ပြန်ရုတ်သိမ်းလိုက်မယ်
မလျှော့မပေါ့ပေးချင် သပေါ့ ခဏမခြားပါ အမှန်အဟုတ် မယိမ်းလိုက်ကွယ်

သိမ်းပိုက်မယ် ညာလက်ရုံးနဲ့ပါလေ
မတိမ်းမ၀ိုက် တစ်ကယ် ကမ္ဘာပျက်သုည်းခဲ့ပါစေ။

မဲ့ကာလေ… ငါ့အချစ်တွေကို နောက်ကွယ်မှာ ညည်းလှောင်နေမလား
မငဲ့ကာလေ… ခဏအဖြစ်တွေလို ပျောက်ပြယ်ကာ အပြီးရှောင်လေမလား။

အယောင်တွေလား ? ဒီလိုဆို အခုကတည်းကပင်သွားတော့
အမှောင်တွေကြား ရယ်မလိုအငို အတုလည်းမကချင် ခြားတော့။

အမှားတော့ ထပ်မလွန်ချင်ဘူး
စကားတော့ ထပ်မကျွံချင်ဘူး။

အရင်အဦး အစကတည်းက ပန်းပွင့်ဖို့အချစ်မှာအစိုးမရရင်
မကြင်ဘူး ဘ၀ထဲက လှမ်းလင့်လို့ သစ္စာ မျိုးမချချင်ဘူး။ ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး