တွေးမိတယ်


ငါ့မှာ မျှော်လင့်ချက်၊ မျှော်လင့်ခြင်းတွေ သိပ်များများစားစားမလိုဘူး။
ငါ့မှာယုံကြည့်ခြင်းတွေ နဲ့ရူးသွပ်မှု့တွေပဲလိုတယ်။
ငါ့မှာ စာရွက်တွေလိုတယ်၊ ဘောလ်ပင်လိုတယ်။
အတုအယောင်ခံစားမှု့လိုတယ်။
ချမ်းသာကြွယ်ဝနည်းစာအုပ်မလိုဘူး၊ တက်ကျမ်းတွေမလိုဘူး။
မက်မောစရာ အစိမ်းရောင်သစ်ရွက်တွေမလိုဘူး။
လုံလောက်ရုံသာ အိတ်ကပ်ထဲထည့်မနက်ဖြန်အတွက် တွေးနေဖို့လည်းမလိုဘူး။
အိမ်လည်းမလိုဘူး။
နာမည်ကြီးဟော်တယ် က ဧည့်ကြိုတွေရဲ့ အပြုံးလည်းမလိုဘူး။
ကိုယ့်ကိုယ်ကို သံယောဇဉ်တွယ်တတ်ရုံ။
လက်ရှိအနေအထားအတိုင်းကျောင်းပညာတွေ သိပ်တတ်နေစရာမလိုဘူး
ကောင်းကင်ကိုရဲ့ကဗျာတွေဖတ်တတ်ရုံ
အနာဂတ်အတွက်စုစောင်းစရာမလိုဘူး
အိပ်မက်တွေထဲနေသားကျဖို့ပဲလိုတယ်
အပတ်စဉ်ခွင့်ယူဖို့မလိုဘူး။
လစာတိုးဖို့မလိုဘူး။
မြို့လယ်ခေါင် လမ်းမပေါ်က ကားဂိတ်တွေထဲ ထိုင်ငေးနေ ပုရွက်ဆိတ် ပြဇာတ်များ။
ငါ့မှာ နာရီ တစ်လုံးမလိုဘူး။
ရေသန့်ဗူး တွေရဲ့ဈေးနှုန်းသိဖို့မလိုဘူး။
မုတ်ဆိတ်ရိတ်ဓါးနဲ့ မွှေးညှပ်ကောင်းကောင်းမလို၊တက္ကစီငှားတတ်ဖို့မလို
ငါနေတဲ့မြို့မှာ ထိုင်ကောင်းမယ့် အအေးဆိုင်၊ ချဉ်ငံစပ် လက်သုပ်စုံဆိုင် သိဖို့မလို
အင်နာဗွန်စီ မှီဝဲဖို့မလို....
ငါ့ဥယျာဉ်ထဲ ငါစိုက်တဲ့ပန်းပင် အပွင့်မပွင့်တဲ့အခါ...။

ကျော်ညိုသွေး

Comments

noblemoe said…
ပန်းပွင့်တွေ အမြန်ပွင့်နိုင်ပါစေရှင်း
သာယာချမ်းမြေ့ပါစေနော်
မိုး

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး