Michael Hamburger 1924–2007

Michael Hamburger 1924–2007

ကဗျာဆရာ၊ ဘာသာပြန်ဆိုသူ ၊ ဝေဖန်ရေးဆရာ မိုက်ကယ် ဟမ်ဘာဂါ ကို ၁၉၂၄ ခုနှစ် ဘာလင်မြို့မှာ မွေးဖွားခဲ့တယ်။ သူ ရဲ့ အဖေဖြစ်သူ ဂျူး-ဂျာမန် ကပြား ကလေးသူငယ် အထူးကု ပါမောက္ခကြီး တစ်ဦးဖြစ်တယ်။ သူတို့ မိသားစု အနေနဲ့ ၁၉၃၃ ခုနှစ်မှာ နာဇီဂျာမနီ ကနေ ဗြီတိန် ကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။ ဟမ်ဘာဂါ ဟာ အောက်စဖိုဒ် တက္ကသိုလ်မှာ ပညာသင်ယူခဲ့ပြီးတော့ ပညာသင်ယူ နေစဉ် အချိန်အတွင်းမှာပဲ ကဗျာဆရာတွေ ဖြစ်တဲ့ Dylan Thomas နဲ့ Philip Larkin တို့နဲ့ အပေါင်းအသင်း ဖြစ်ခဲ့တယ်။ ကောလိပ်တက်နေချိန် ၊ အီတလီ နဲ့ သြစတီးယား တို့ စစ်ဖြစ်နေတဲ့ ဒုတိယ ကမ္ဘာစစ် အတွင်း မှာပဲ ဟမ်ဘာဂါ ဟာ စစ်မှုထမ်း ခဲ့တယ်။ စစ်အပြီးမှာ သူဟာ Oxford ကို ပြန်လာပြီး မပြီးသေးတဲ့ သူ့ရဲ့ပညာရေး ဆည်းပူးလေ့လာမှု ကို ပြီးဆုံးအောင် လုပ်ခဲ့တယ်။

သူ့ရဲ့ အစောပိုင်းကာလ အရေးအသားတွေမှာ Strict Form(တင်းကျပ် ကဗျာစည်းမျဉ်း) တွေကို အသုံးပြုခဲ့ပြီး ၊ နောက်ပိုင်းမှာ သူဟာ Free Verse(လွတ်လပ် ကဗျာ ဖွဲ့ဆိုမှု) တွေကို ဖက်တွယ် လာခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ T.S Eliot ရဲ့ အရေးအသားပိုင်းဆိုင်ရာ လွှမ်းမိုးမှု တွေကို ခံနေရဆဲပေါ့။ သူ့အရေးအသားတွေမှာ သဘာဝ လောကကြီး ရဲ့ သရုပ်သကန်တွေ နဲ့ ပျောက်ဆုံးနေတဲ့ ရည်ရွယ်ချက်တွေ ၊ ကွဲထွက် ပြန့်ကျဲနေတဲ့ အဓိပ္ပါယ်တွေ ကို ထုတ်ဖေါ်တင်ပြခဲ့တယ်။ သူ့ရဲ့ ကဗျာ နဲ့ ကဗျာရေးရာ စုစည်းမှု တွေထဲမှာ Flowering Cactus (၁၉၅၀) နဲ့ Coloected Poems (၁၉၈၄) တို့ပါဝင်ခဲ့ပြီး၊ အမှတ်တရ တစ်ခု အနေနဲ့ ၁၉၇၃ ခုနှစ်မှာ သူ့ရဲ့ A Mug’s Game မော်ဒန်ကဗျာ စာအုပ် ကို ထုတ်ဝေခဲ့တယ်။ အဲဒီ စာအုပ်ကိုပဲ ၁၉၉၁ ခုနှစ်မှာ ပြန်လည်မွမ်းမံ တည်းဖြတ်လို့ A String Of Beginings ဆိုပြီး ပြန်လည်ထုတ်ဝေခဲ့သေးတယ်။ သူဟာ စာပေဝေဖန်ရေး အလုပ်ကိုလည်း မော်ဒန်ကဗျာရေးရာ အတွက် ထမ်းရွက်ခဲ့သူဖြစ်တယ်။ ဝေဖန်ရေးနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ အနေနဲ့ကတော့ The Truth of Poetry (1969) နဲ့ edited the anthology East German Poetry (1973) တို့ပဲ ဖြစ်ကြတယ်။

ဟမ်ဘာဂါဟာ ကဗျာရေးရာ အလုပ်တွေ မြောက်များစွာပြုလုပ်ရာမှာ ဂျာမန် ကဗျာတွေကို အင်္ဂလိပ်ဘာသာ ကို ပြန်ဆိုခြင်း အလုပ်တွေကို ပြုလုပ်ခဲ့ပြီး သူဟာ အီတလီစာပေ ကို ကိုယ်တိုင်လေ့လာသင်ကြားခဲ့တယ်။ အကြောင်းကတော့ အလယ်ခေတ် မှာ ထင်ရှားခဲ့တဲ့ အီတာလျံ ကဗျာဆရာ Dante ရဲ့ကဗျာတွေကို အထူးပြု လို့ အသေအချာ ဖတ်ရှုလေ့လာပြီးဘာသာပြန် နိုင်ဖို့ အားထုတ် ကြိုးပမ်းရာမှာ အသုံးဝင်စေဖို့ပဲ ဖြစ်တယ် ။ သူ့ရဲ့ များပြားလှတဲ့ ဘာသာပြန်ဆိုမှုတွေ ထဲမှာ 1946 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Baudelaire’s Twenty Prose Poems ၊ ၁၉၅၂ ခုနှစ်မှာ Decline: 12 Poems by Geore Trakl ၊ ၁၉၈၁ ခုနှစ်မှာ An Unofficial Rilke: Poems 1912–1926 ၊ ၁၉၆၇ ခုနှစ်မှာ Friedrich Hölderlin’s Poems and Fragments  နဲ့ ၁၉၈၀ ခုနှစ်မှာ Poems of Paul Celan တို့ကို ထုတ်ဝေခဲ့ပြီးတော့ အဲဒီလို ဘာသာပြန်ဆိုခဲ့မှု အတွက် ၁၉၉၀ ခုနှစ်မှာတော့ သူဟာ ဥရောပ ဘာသာပြန် ဆု ကို ရရှိခဲ့တယ်။သူ့ရဲ့ နောက်ထပ် ချီးမြှင့် အသိအမှတ်ပြု ခံရမှု အနေနဲ့ Germany’s Goethe Medal, Austria’s State Prize for Translation, a Bollingen Foundation fellowship ချီးမြှင့်ခြင်းခံခဲ့ရပြီးတော့ အရှေ့ အယ်လ်ဂျီယာ တက္ကသိုလ် နဲ့ Berlin’s Technische Universität ကနေ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့အပ်နှင်းခြင်း ခံရခြင်း တို့ပဲဖြစ်တယ်။

ဟမ်ဘာဂါဟာ မော်ဒန်ကဗျာ ဘာသာပြန်ဆိုမှုဆိုင်ရာ အတိုင်ပင်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး University of Reading, Mount Holyoke College နဲ့ UC San Diego တို့မှာလည်း သူ့ရဲ့ စာပေဆိုင်ရာ သင်ကြားမှု အတွေ့အကြုံတွေ ဆက်တိုက် ပြုလုပ်ရယူခဲ့တယ်။ သူ ရဲ့ ဇနီးကတော့ ကဗျာဆရာမ Anne Beresford(Anne Ellen File) ဖြစ်ပြီးတော့ ၊ ဟမ်ဘာဂါ အနေနဲ့ သူ့ဘ၀ရဲ့ နောက်ဆုံးချိန် တွေကို Suffolk မှာ ကုန်ဆုံးစေခဲ့တယ်။ သူ့ရဲ့ အသက် ၈၃ နှစ် သက္ကရာဇ် ၂၀၀၇ ခုနှစ်မှာတော့ သူကွယ်လွန်ခဲ့တယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး