နာရီလက်တံများ

အရင်ကတော့ ကိုယ့်ကိုယ်ကို ဖာသိဖာသာ နေတတ်တယ် ထင်ခဲ့တာ။
အရင်ကတော့ ကိုယ့်ကိုယ်ကို သွေးအေးတယ်ထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ သစ္စာရှိတယ်ထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ ရိုးသားတယ်ထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ ရှက်တတ်တယ် ထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ အချစ်ကို ကိုးကွယ်တတ်ခဲ့တယ် ထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ ငွေကြေးကို မခင်တွယ်တတ်ဘူးထင်ခဲ့တာ။
အရင်ကတော့ ယောက်ျားမှာ ဖိနပ် ၊ မိန်းမမှာ နားကပ်ဆိုတာကို နားမလည်ဘူး ထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ အင်္ဂလိပ်စာကို မချစ်တတ်ဘူးထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ တိုင်းတပါးကို အထင်မကြီးတတ်ဘူးထင်ခဲ့တာ။
အရင်ကတော့ ကိုယ့်အတွက် passport တစ်ခု မလိုအပ်ဘူးထင်ခဲ့တာ။
အရင်ကတော့ ကိုယ့်ကိုယ်ကို မာန ကြီးလွန်းခဲ့တယ် ထင်ခဲ့တာ။
အရင်ကတော့ ပညာကိုတန်ဖိုးမထားတတ်ဘူးထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ အနုပညာကို ချစ်တတ်တယ် ထင်ခဲ့တာ။
အရင်ကတော့ ကိုယ့်မှာ ဘာမှမရှိရင်တောင် ရိုးဂုဏ်လေး ရှိတယ် ထင်ခဲ့တာ။
အရင်ကတော့ တစ်ယောက်တည်း နေတတ်တယ် ထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ အောက်မေ့တသခြင်း ကင်းတယ်လို့ ထင်ခဲ့တာ။
အရင်ကတော့ ကိုယ်ဟာ ညဉ့်နက်နက်ကို ကြောက်တတ်ခဲ့တယ် ထင်ခဲ့တာ။
အရင်ကတော့ hi tech တွေကို မမက်မော တတ်ဘူးထင်ခဲ့တာ။
အရင်ကတော့ ခွေးတွေ ကြောင်တွေ ကို မချစ်တတ်ဘူးထင်ခဲ့တာ။
အရင်ကတော့ ကိုယ့်အတွက်ဆို ကိုယ်ပိုင်မိသားစု ဘ၀လေး မလိုအပ်ဘူး ထင်ခဲ့တာ။
အရင်ကတော့ အိမ်ဟင်း အိမ်ထမင်းတွေကို လျှာမတွေ့ဘူးထင်ခဲ့တာ ။
အရင်ကတော့ Home Sweet Home ဆိုတာကို အဓိပ္ပါယ်မရှိဘူးထင်ခဲ့တာ။
အရင်ကတော့ အမေ့အိမ်ကို တွယ်တာ တတ်ဖို့မလိုဘူးထင်ခဲ့တာ။
အရင်ကတော့.....။


ကျော်ညိုသွေး

Comments

ကိုကျော်ရီး ... ရဲ့ နာရီလက်တံတွေကမိုက်တယ်ဗျ..။
http://www.laypyay29.blogspot.com/
(လေပြေ)
ဒီကဗျာလေး သဘောကျတယ်။
အရင်ကတော့ အဲဒီအတိုင်းပဲ ...
ခုတော့ ...

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး