မိုးဟေကို နဲ့ တူတဲ့ ကောင်မလေး


စာကို စရိုက်ကတည်းက ပတ်ဝန်းကျင်က သာသာယာယာ
အခုရေးလိုက်တဲ့ သာသာယာယာ စကားလုံးကလည်း သာသာယာယာ
အဲ့ဒါ ရာသီဥတုကြောင့်လား
အခန်းအနေအထား နဲ့ အဲ့ယားကွန်း ချိန်သားကိုက်မှု့ကြောင့်လား
ဒါမှမဟုတ် မျက်စိရှေ့က အရည်လဲ့တဲ့ LCD ကြောင့်လား
အိုခေ …
ဘာပဲဖြစ်ဖြစ် သစ်တယ်။
ငယ်ငယ်ကဆို အရမ်း ကတ်သီးကပ်သတ် ဆန်တယ်
အောင်အောင့် နာမည်က ခရမ်းချဉ်သီး
မျိုးမင်းထက်နာမည်က မြင်း
ရဲဝင်းထွေး နာမည်က ဘဲ
မိုးမင်းဝင်းနာမည် လိပ်နင်ဂျာ
ဒါဆို…
အခုကောင်မလေးက မိုးဟေကို
မိုးဟေကို က မှဲ့မပါဘူး ၊ ကောင်မလေးက မှဲ့ပါတယ်
ဒါကြောင့် သူက မိုးဟေကိုထက် သာတယ်။
သာပါတယ်ကွယ်…။
အိုး…ရေ…။
ထူးဆန်းလှချည်လား?
အခန်းအပူချိန် အနေအထားကလည်း နော်မယ်
ငါ့အခန်းငယ်ထဲမှာလည်း ငြိမ်သက်နေတဲ့ ဗုံတွေက ထလို့ ပျော်တယ်
အဆင်မပြေတာက…
ဆာဗာတွေ မိန်တိန်းလုပ်နေလို့
ကော်နက်ရှင်က …..အင်း…
မျက်တောင် ကော့ကော့လေးပဲ ငေးကြည့်နေပေါ့။               

ကျော်ညိုသွေး

Comments

khin oo may said…
အဆင်မပြေတာက…ဆာဗာတွေ မိန်တိန်းလုပ်နေလို့hard disc တွေ ပျားတုပ်နေတယ။်
ကော်နက်ရှင်က လေးဘက်နာဘဲ. အသက်ကိုအောင့်မိပါ့ကောင်မလေးရေ..မင်းအနမ်းလေးတစ်ရှိုက်လောက်ရရင်တော့ ရင်ခုန်နိုင်သေးတယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး