အိမ်ကလေး

Webpage တစ်ခုတည်ဆောက်တယ်ဆိုတာ
နံရံမှာ လေးကွက်ကြား ဆွဲသလို မရဘူး ကိုယ်သိတယ်။
ကိုယ့် Site ကလေး စုတ်ချာနေတော့
ဘယ်သူငယ်ချင်းမှမလာဘူးလေ။
ဒါက သဘာဝကျပါရဲ့။

ချစ်ရေး၊ ကြိုက်ရေး၊ လက်တွဲဖို့အရေး
လင်ခ့်ပေါင်းစုံချိတ်ဆက်
အိပ်မက်ကို အကောင်အထည်ဖော်ဖို့
နားလည်မှု့ ကို high Light ပေးကြပါစို့ရယ်။

အိမ်ကလေး တစ်လုံးရဲ့အဓိပ္ပါယ်ပီပြင်ဖို့
ကိုယ့် Hosting ကိုယ်မပိုင်လည်း
အငှား Hosting နဲ့
မယားပျိုခင် ယဉ်စစလေးကို
မြင်သမျှ ဘ၀င်က အေးမြချင်ရဲ့ဟယ်။

ဘေးကအမြင်နဲ့ ရယ် လန်းဖို့ မြန်မကြာ
ဘန်နာလှလှမှာ အမှန်သာကဗျာလှလှ
ရေးချစို့ကွယ်။

ကျော်ညိုသွေး

Comments

ဂွတ်ထ။။။။။။။ :)

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး