မျောက် ၂
မျောက် ၂
လက်သန်းရယ်လက်ညိုး နှစ်ချောင်းရယ်နဲ့
ဟက်ဟက်ဟက်လို့ ရယ်လိုက်မယ်။
ကီးဘုတ်ကိုပြန်မကြည့်နဲ့ မျောက်
မင်းသစ်ကိုင်း လွတ်သွားတာ တော်တော်ကြာပြီ
လူတွေကမင်းကို
အပမ္မာဒေနသမ္မာဒေထ- မမေ့မလျော့သော ဇွဲလုံးလနဲ့
ရယ်ရဖို့စင်ပေါ်တင်ပေးထားကြတယ်။
ဟုတ်တယ်။
မင်းတက်ကနေတာ ကျိုးကျ တော့မယ့် ကလပ်ယဲ့ယဲ့လေး
ပန်းသီးလေးရှေ့ချ မင်းရေးသမျှတွေ အားလုံး
အက်ဖ်တူဿးယ် ခိုးခိုးခစ်ခစ် ဖော်အဲဗား ဆောရီး။
အိုင်းစတိုင်းလည်းသေသွားပြီ
လေယာဉ်ပျံတွေလည်းပျံနေရင် မမြင်ရတဲ့ ခေတ်ရောက်ပြီ။
တစ်ခုခုဆိုချွေးသီးတွေ မိုးသီး မိုးပေါက်လောက်ကျ ရအောင်လည်း
ဆယ့်နှစ်လတိုင်းဟာ ဇွန်လ မဟုတ်တော့
ပင်လယ်ပြင်တွေချွေးစို့တာလည်း ဟဟဟ ရယ်စရာ။
ရယ်စရာတွေတောင် ရယ်စရာ ဖြစ်ဖို့ ကြိုးစားရတာ
ရယ်စရာ။
ဒီကမ္ဘာဟာမင်းထင်သလို ခြေချော်လဲတတ်တဲ့
ယုန်ကလေးလည်းမဟုတ်
ဒီကမ္ဘာဟာမျက်ကပ်မှန်နဲ့ ဘာနဲ့ ညာနဲ့
ဘာဘာညာညာ ဆိုလည်း ဘယ်နဲ့ ညာ နဲ့
ကလေးတွေသွားပြော ဆိုတဲ့ စကားတောင် ဟောင်းသွားပြီ။
ကိုသောင်းကြည်ဘဲဥဆိုင်မှာ ရေဒီယို မဖွင့်တော့တာ ကြာပြီ။
ဘာလို့ဆို
ပရိုဂရမ်းမင်းနဲ့ ဥဖေါက်နည်း
ကလေးတွေကစားနေလေရဲ့
ဘောင်ထောက်ပြီးကျွင်းဝင်တာလောက်တော့
တယောအိုကြီး ထိုးနေတဲ့ အဖိုးကြီးက
သြော်...ခြင်ရိုက်နေလို့ပဲခက်တယ်။
နေရောင်ခြည်မမြင်ဖူးရအောင်လည်း ၀င်ရိုးစွန်းမဟုတ်
အပူချိန်မြင့်တက်ရအောင်လည်းအီကွေတာ မဟုတ်
ရုပ်ထွက်ကောင်းတိုင်းငေးကြည့်ရအောင်လည်း
ဟောတစ်ခါဟောတစ်ခါ စကရင်တွေ က အပြောင်းအလဲများလွန်းတယ်။
ဆိုတော့ကာ.
သီချင်းတွေပိုမြိုင်လာပြီ မင်း မျောက်က ကဖို့ မျောက်ရေ…
နှုတ်ခမ်းမွှေးရှည်ရှည်တွေနဲ့ရယ်တဲ့ အခါ
အဆီပြန်နေတဲ့မင်းမျက်နှာလည်း ငပိရည်လောက် မက်မောစရာမကောင်း
အုန်းသီးရဖို့ပင်စည်ကို ခေါင်းနဲ့ ပြေးတိုက်ချေဦး
မင်းခေါင်းပေါ်တစ်ပေအကွာမှာ ကျလာတဲ့ အုန်းသီး
အဲဒီပြကွက် ငါ ခဏ Pause လုပ်ထားပေးစမ်းမယ်
တွေးတွေး ပြီး ရယ်စရာ မျောက်ရေ…။
ကျော်ညိုသွေး
Comments