ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ဂျင်းဘောင်းဘီ

ဂျင်းဘောင်းဘီ


ကျပ် တဲ့ အရသာ ဟာ ဘာနဲ့မှမတူဘူး။
ခပ်ကျပ်ကျပ် ကို ရွေးတယ်။
ကျပ်မှပဲ ကြိုက်တယ်။
ရော့ခ်သီချင်းတွေက စောင့်နေကြပြီ။
မြန်မြန်ရွေး
မြန်မြန်လေးဝယ်တော့...
ခပ်ကျပ်ကျပ်ကလေး
ခပ်ကျပ်ကျပ်ကလေးကွယ်..
ဘ၀မှာ ရသတွေ သိပ်များ
ရိုက်ချက်တွေ က နှလုံးသားကို ထိပါး
နှလုံးခုန်သံတွေ ဖိထားရအောင် ခပ်ကျပ်ကျပ်ကလေး
ကောင်းကင်ကြီး ကို ကိုယ်တို့
ခြုံရုံ ချုပ်လုပ်လို့
မိုးသားတွေထဲ လမ်းလျှောက်ကြမယ်။
ဘ၀ဟာ
စေးစေးပိုင်ပိုင်
ဘ၀ဟာ
ချပ်ချပ်ရပ်ရပ် သေသေသပ်သပ်
လှလှပပလေး။
ဟိုမှာ ရောခ့်အင်ရိုးလ် တွေ စောင့်နေကြပြီ။


ကျော်ညိုသွေး