လက်ဆင့်ကမ်း သင်္ကြန်


လက်ဆင့်ကမ်း သင်္ကြန်


စာအိတ်ကလေး အဖွင့်မှာ
ပိတောက်တွေ ပွင့်လာတော့
ငုဝါတွေ အောက်မှာ သူက ရောက်နှင့်ပြီ။
နောက်ကျတဲ့ ပိတောက်ဟာ
“အနုပညာ ဂုဏ်မြောက်ရင်
ပိတောက်လိုပဲ
အကိုင်းကို ခုတ် ခြံစည်းရိုးလုပ်လည်း
အနုပညာပွင့်တွေဟာ တိမ်မြုပ်မသွားဘူး။” လို့
ဆိုတယ်။

“သက်ထွေး .. မင်းဟာ ကန့်သတ်ခံထားရတဲ့ အနုပညာသမားပဲ
သင်္ကြန် နဲ့ မင်းနဲ့ ဘာမှ မသက်ဆိုင်ဘူး” တဲ့။
မုန့်လုံးရေပေါ်တွေထဲ “ဖီ” နုတ်တွေ ထည့်လုံးတော့
သင်္ကြန်မိုးဟာ တဖွဲဖွဲရွာ။
အဲဒီ စန္ဒရား သံ တစ်ဘား စာ အောက်မှာ
အနှစ် ၂၀ ဟာ ကျပျောက်သွားတယ်။

ဒိုင်ယာရီတွေ စုတ်ဖြဲလိုက်လို့လည်း
သမိုင်းဟာ ပျောက်ပျက်မသွား
စန္ဒရား ကြီး ရောင်းလိုက်လို့လည်း တစ်ဘ၀စာ
အဖြစ်မှန်ဟာ မလွန်မြောက်။
ရေတွေ စိုရွှဲနေလည်း ကျောက်စာဟာ ပျောက်ပြယ်သွားရိုး မရှိ။



ကျော်ညိုသွေး



Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး