တစ်အုံ့နွေးနွေး

အချစ်နဲ့ဘ၀ သီချင်းနားထောင်ရင်းနဲ့ကို
မင်းအကြောင်းတွေ စဉ်းစားရင်း ၀မ်းနည်းပြီးငို
ငါဘယ်လိုလုပ်ရမလဲ ကလေးရယ်။

အတွေးတွေ
အဆွေးတွေ
ပေးနေ လျှက်နဲ့ မင်းလက်တွေ ဆုပ်ထားသလား
အဟုတ်ဖျားသွားခဲ့ တယ်
မင်းအပြုံးတွေ လွင့်လာတုန်းကပေါ့ကွယ်။

ဒီအတိုင်းလေးပဲကောင်းပါတယ်။
ပြတ်ပြတ်သားသားမပြောနဲ့
ရပါတယ်။
ရေပြင်အလယ်မှာမျော….နေရတာလေးပဲကျေနပ်တယ်
ကမ်းကပ်မှ အလွမ်းဇတ်တွေနဲ့ မမောချင်ဘူး။

အစိမ်းသက်သက်ရည်းစားစာပေးခဲ့တယ်
မင်းကိုငါမခင်ဘူး
မင်းနဲ့ငါ သူငယ်ချင်းလည်းမဖြစ်ချင်ဘူး
မင်းကိုငါ ညီမလေးလို့ ခေါ်တယ်
မင်းက ငါ့ညီမလေး မဟုတ်ဘူး
သိမ်းထုပ်ထားတဲ့ အိပ်မက်တွေနဲ့ ငါတစ်ယောက်တည်း
မဖေါက်မလွဲတဲ့ စိတ်နဲ့ သိပ်ချစ်နေမယ်
အဆိပ်ဖြစ်နေလည်း မော့သောက်လိုက်ချင်တယ်အတင်းပဲ
မင်းကိုချစ်တဲ့စိတ်နဲ့
အတိတ်ကိုသော့ခတ်
ဘ၀ကိုပုံအပ်လို့
ငါ့အသက်ဓါတ်တွေက တစ်လျှပ်လျှပ်
ဖြတ်မရတဲ့ကြိုးတွေက အထပ်ထပ်
ရပ်တန့်လို့ မရနိုင်ဘူး
ဆူးတတ်တဲ့ဆူးကို အရူးလိုဖက်တွယ်မိပြီး
ငရဲမီး ကိုမှမော့သောက်ချင်နေတာ။ ။


(ကိုယ်ပိုင်ခံစားချက်)

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး