အကြောင်းကြောင်းကြောင့် ဘယ်ကိုမှမပို့ဖြစ်သော.....စိတ္တဇများ..
















..........သို့"



အိပ်မက်ရုံလွှာလေး...
နှင်းတောတွေထဲမှာ လမ်းပျောက်ခဲ့တာလည်း
အခုတော့ဝါကျင်နေတဲ့ သစ်ရွက်တွေပါ။

အညိုရောင်လမ်း...
အပြန်လမ်းမှာ မိုးတွေရွာ
ပိုးစုန်းကြူးတွေလင်းတဲ့ည။

မင်းနာမည်က "လင်းလင်း" ဆိုလား ဘာလား
တိတိကျကျ ဘာမှန်းမသိ
ငါ့ခံတပ်ပြိုကျသွားတဲ့
အင်္ကျီအ၀ါလေးနဲ့ စကပ်အတိုလေးကိုပဲ
လွမ်းတယ်။

ငါ့ကဗျာကို နင့်ဓါတ်ပုံနဲ့ သရုပ်ဖော်ခွင့်ပေးပါ။
ငါ့သီချင်းကို နင့်အကြောင်းတွေ ရေးဖွဲ့ခွင့်ပေးပါ။
မင်းကြိုက်တဲ့ သရုပ်ဆောင်တွေထဲ ငါ..ပါ ပါရစေ...။ ။


(အငှားခံစားချက်ဖြင့်ရေးဖွဲ့ထားပါသည်။)

















မြို့ပတ်ရထား



ဒီနွေမှာစခဲ့တဲ့ ဇတ်လမ်း
တို့တစ်တွေရဲ့အဖြစ်က
မြို့ပတ်ရထားစီးသလိုပဲပေါ့။

ဘ၀မှာ အရေးမပါတာ ဘာမှမရှိပါဘူး
အစိတ်အပိုင်းတွေများစွာကြားမှာ
မင်းနဲ့ခဏတာ အရေးပါဖူးခဲ့။

အင်းစိတ်ဘူတာက အစ
အင်းစိန်ဘူတာမှာ ဆုံးတဲ့ တို့ရဲ့တစ်နေ့တာ
အိမ်ပြန်ချိန်ဟာ ထာဝရခွဲရချိန်လို့ မထင်ခဲ့မိဘူး။ ။


(ကိုယ်ပိုင်ခံစားချက်)


























ကိုယ့်အဖေါ်


နေ့ခင်းဘက်ဆို
ရင်းနှီးပေါင်းဖက် ဘော်ဒါတွေအတွက်
နာကျင်စရာကို ကြိတ်မှိတ်
အပြုံးနဲ့ ချွေးသိပ်ခဲ့ရတယ်။

ညဘက်တွေလည်း
နှစ်ဖြာမိဘ မောင်နှမရဲ့ကြား
မမဲ့အား မညိုးနိုင်
အနိုင်နိုင် ရယ်ခဲ့ရတယ်။

တစ်ကယ့် တစ်ကယ်တမ်းတော့
ကိုယ့်အလွမ်းတွေကို ထမ်းပိုး
ကိုယ့်မျက်ရည်မိုးတွေကို နားလည်ပေးနိုင်တာ
ခေါင်းအုံးလေး တစ်လုံးပဲရှိပါတယ်။

(သူများကဗျာကို version ပြောင်းထားခြင်းပါ)

Comments

thonn thonn said…
စကပ်အတိုလေးကို ထိသွားတယ်ဆိုပါတော့ .. လူကြီးနော် ကဗျာထဲက ဇာတိပြ ။ ဟွန်း ..

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး