နှုတ်ဆက်ခဲ့တယ်

.
အားလုံးရဲ့မျက်လုံးဝိုင်းဝိုင်းတွေအောက်မှာ
မင်းတစ်ယောက်သိပ်ပျော်နိုင်ပါစေ...
ထာဝရမဟုတ်တဲ့ တစ်ခဏမှာ တစ်ဘ၀လုံးအတွက်ပွင့်တဲ့ပန်း
လန်းဆန်းပါစေကွယ်...။

စမ်းချောင်းကလေးတွေလည်းစီးလို့
ပန်းအဟောင်းလေးတွေလည်း ညည်းလို့ကြွေ
အနမ်းခေါင်လောင်းမထိုးပဲ နှုတ်ဆက်ခဲ့တယ်။

ပန်းပေါင်းအစုံတွေ့လား
အလွမ်းချောင်းအစုန်မျောတော့မယ် မင်းမလိုက်နဲ့
ကိုယ့်ထိုက်နဲ့ကိုယ့်ကံ
မနက်ဖြန်အတွက် ဒီနေ့ပဲငိုလိုက်ပါ့မယ်
ရွာလိုက်တဲ့ မိုးတွေသည်းသည်း။

ဘယ်လိုအစီအစဉ်တွေနဲ့ ဘယ်လိုကျင်လည်မလဲ
ရင်ထဲမှာတယောထိုးနေပေမယ့်
ပြောဖို့မလိုတော့ပြီ။
အချိုပေါ့တဲ့လမ်းတွေရှေ့ဆက်နေရင်း
မနေ့ကပန်းတွေ နှုတ်ဆက်ခဲ့တယ်။ ။

Comments

thonn thonn said…
ကဗျာလေးက ကောင်းပါ့ ။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး