My Self

လူတွေကပြောတော့ငါက ရည်းစားများသူတဲ့
ဟုတ်ပါတယ် မှန်ပါရဲ့
ငါချစ်တဲ့ ငါ့ရည်းစားတွေ ပြောမကုန်ဘူး
ငါရူးတဲ့ ငါ့ချစ်သူတွေ ဘယ်သူမှမသိကြဘူး
အတိအကျပါကွာ
ခဏတာ ဝေးရင် ကမ္ဘာ့အမ္ဘာ အဆွေးတွေပါ
ဂစ်တာ ကိုငါပိုက် အကြိုက်ဆုံးသီချင်းတွေဆိုမယ် ငိုမယ်ကွာ
ကွန်ပြူတာရှေ့မှာထိုင်နေလည်း စိတ်ဓါတ်တွေယိုင်နေစရာမရှိ
ကဗျာတွေအတိနဲ့ ငါ့ရင်မှာ
ပြချင်တာတွေသိပ်များ တော့ ကင်းဗတ်စပေါ်က စိတ္တဇတွေသိပ်လှနေမလားကွယ်။

ချိတ်မရတဲ့ connection နဲ့ net ထဲမှ chat ထဲကသူငယ်ချင်းလည်းလွမ်းတယ်
အရမ်းကျယ်-အရယ်ကြမ်းတဲ့ ပန်းသည်မလေး အစန်းနဲ့ လမ်းမှာတွေ့လည်း ပန်းဝယ်
လန်းတယ် မနေ့ကအလွမ်းတွေ ချန်ထားခဲ့ပြီး လမ်းတွေလျှောက်
စမ်းရေသောက်ရသလို သူ့ရယ်သံလေး အဝေးရယ်က တမ်းတတယ်။
လွမ်းရတယ် ကလေးငယ်မတွေနဲ့တွေ့ရင် မမေ့ချင်ပါ
တွေ့ချင်လာ ရတက်မအေးမနှေးပဲ ၁၄ ဈေးလည်းရောက်ခဲ့တယ်
ကြောက်ခဲ့တယ် သူစိတ်မှာငါသာအရှုပ်လို့ ဘာလာလုပ်မလို့လဲ
မေးမှာလည်းကြောက်တယ်။

What is in the future is usually unforeseen.
အမှန်ဆိုအတင်းလုပ်ယူလို့မရတဲ့ကံကြမ္မာက ဘယ်သူမှကြိုတင်မမြင်နိုင်ဘူး မထင်နိုင်ဘူး နောက်မယ်
ခြောက်ဆယ်ပြည်ပြီဆို အဖေကအနားယူ ၀ါသနာပါရာတွေကို သူလုပ်မယ်
တစ်ခြားလူမရှိပါ ငါသာ အမေ့အနားအားတစ်ခုအဖြစ်နေ
အချစ်တွေကိုအလျှော့ပေးကာ ညီမလေးပညာရေးအတွက်ကူရမယ်ဆိုတာ
ငါ့ကိုယ်ငါသိလည်းကွာ
တားမရတဲ့ဝေဒနာ အဖြေမရှာနိုင် အဝေးမှာ
အကြင်နာ ၀င်္ကပါလမ်းမှာ အချိန်တွေပေး
အိမ်ပြန်ချိန်ဝေးနေခဲ့တယ်။

Comments

thiri said…
မိုက်တယ်...
ကြိုက်တယ်...
ဆက်လုပ်...
အားပေးနေမယ်..

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး