ဘလော့ဂ်ဂါရွာလေးမှာ

.
ပေါက်ကရလုပ်ရင်...
အပေါက်ဝတောင်မရောက်သေးဘူး
ဒူးနဲ့ဆောင့်တိုက်ခံရမယ်။

လန်ကျမယ် ဆော်ချက်တွေနဲ့
အတော်ရက်ရှည် မှန်မှာမို့
ကိုယ့်ဘာသာကိုယ် ပြန်ဆင်ဆာဖြတ်
ကြင်နာတတ်တယ်ဆိုရင်လည်း...
အို..ရင်ထဲထားပါကွယ်...။

ကိုယ်မြင်လည်း မသိယောင်ဆောင်
ကြည်သယောင်နဲ့ ဒီကောင်လည်းဖိုက်တာပဲ
စနိုက်ပါနဲ့ ချိန်ထားမှာ
ဘယ်အချိန်မှားမှာကို စောင့်
ထောင့်ကနေ ကွယ်ပြီးဆော်မယ်
ပျော်စရာကွယ်လေး။

အတော်လာတယ်ဟေး
ဘလော့ဂ်ဂါရွာလေးမှာ
ဟာ...မနှေးတစ်ခါမှားရင်
သေးပါ ပါသွားမယ်...
ကလေးကပါ လက်သွေး။ ။

Comments

Prizewai said…
မိုက်တယ်ဟ။ ဆက်လုပ်ဆက်လုပ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး