ပြောချင်တယ်...အကို
















ပြောချင်တယ်...အကို


မောတာတွေ ချွေးသိပ်စရာ
သူ့အထာ သူ့စကားလေးတွေကြား
အလိုလိုမှေးမှိတ် ထိတ်တာတွေလည်းပြေမယ်။
မသွေပဲ မင်းအရှေ့ကမခွာတယ်
အသာအယာပဲ ကြွေပြီ အကို။
အလိုလိုလျှံမိတဲ့ အချစ်နဲ့အတူ
မပစ်ပါဘူးကွယ်..သူအားငယ်မှာမို့
နားလည်စွာတို့လေ
အကို့ကို...ချစ်လိုက်တာကွယ်။

အသစ်မရှာပါယုံကွယ်
သစ္စာနဲ့မေတ္တာ ပုံရယ်တဲ့အပ်ချင်တာမို့
နင်လာလို့ နီးရအောင်ကြံကွယ်။

အသံရယ် တိုးတိုးတိတ်
နင်ဘာကြောင့် နှုတ်ဆိတ်တာလဲအကို
နှစ်ကိုယ်တူ လက်ချင်းချိတ်ဖို့
တို့စိတ်ကကြံရွယ်ထား
မှန်တဲ့စကား မပိုပါ
နင့်ကိုငါကြိုနေမှာ အကို။

နေသာတဲ့ မနက်ခင်းတွေ အသံဆိတ်
လက်ချင်းချိတ်ကြင်နာသူတွေ
အတူတူကူဖေး အတွေးတွေစိုကြတယ်
ငါဘယ်လိုနေရမလဲ အကို။

ငါ့ရင်ထဲဝင်ကြည့်ပါဦးဟာ
အလုပ်မှာ နုံးချိ တအိအိ အိမ်အပြန်
အချိန်မှန်အလွမ်းတွေနဲ့ ငါ့နှုတ်ခမ်းတွေလည်း ကြေကွဲနေလို့
နင်ပဲလေ ချစ်တယ်ဆိုပေမယ့်
ငိုနေခဲ့ သူစိမ်းတွေကြားက
မိန်းကလေးတစ်ယောက်ရဲ့အဖျား ပိုကြီးနေခဲ့တာ
နင့်ကိုငါ ငိုပြီးပြောချင်တယ်...အကို။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး