သစ္စာ

.
အိပ်မက်တွေကို အရင်လိုကြည်နူးမှု့မျိုးနဲ့ မက်လိုက်မယ်
သူမနဲ့ သူမရဲ့ အကြောင်းခေါင်းထဲက သံမှိုစွဲနေခဲ့တယ်…။
တစ်ကယ့် တစ်ကယ်လည်း ဘယ်နည်းနဲ့မှ ဆွဲထုတ်လို့မရတဲ့ ဆူးတစ်ချောင်း
အရူးခေါင်းဆောင်ဖြစ်မှန်းမသိ ဖြစ်ခဲ့ပေါ့။

ချစ်ခဲ့တော့ အပြစ်တွေတောင် ပေါ့အောင် တွေးတတ်ခဲ့တယ်။
ပေးဆပ်ခဲ့ သစ္စာ တွေနဲ့ အချစ်မှာဝေခဲ့တဲ့ ပန်းတွေက
နေခလို့မရအောင်ပဲလေ။
ရှောင်လွှဲနေပေမယ့်လည်း ရောင့်ရဲလို့မရအောင်ပဲပေါ့
အမြဲတော့လွမ်းမိတယ်။

မှန်းကြည့်တယ်… ခုချိန်ဆို သူ့အိမ်မှာ သူ့အရှိန်နဲ့သူပိုပြီး
ကိုရီးယားကား နဲ့ နှစ်ပါးသွား နေပြီလား။
ကြွေပြီတစ်အား လွမ်းနေချိန် ပန်းတွေလည်း အရှိန်မသေပဲ ပွင့်နေလို့ပါ
မေမြို့မှာမိုးခေါင်တာကြားဖူးတယ် သီချင်းနဲ့
ရင်တွင်းရဲ့လှိုက်မောမှု့တွေ အခုလေ မင်းသိရင်ကောင်းမယ်။
မပြောင်းလွယ်တဲ့ အချစ်က အသစ်မှဟောင်းသည်အထိ
ကိုယ့်အသည်းတွေ ရိပါစေ…။.
ကြည့်ကာနေ မသိသာပေမဲ့ သေသည်အထိပါလေ။ ။

Comments

သနားတောင် သနားလာပြီဗျာ...
foryou said…
ကြိုက်တယ်ဗျာ...ခံစားချက်ချင်းတူသလိုခံစားမိတယ်..
ကိုတိုင်ကဗျာတွေမစပ်တက်တော့ သူများစပ်ထားတဲ့ကဗျာလေးပဲခံစားလိုက်တော့မယ်...

ကဗျာလေးကြိုက်လို့ကူးယူထားလိုက်ပါတယ်....

ခွင့်ပြုမယ်လို့ထင်ပါတယ်..........

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး