ပိုကောင်းတဲ့မနက်ဖြန်

.
















ပိုကောင်းတဲ့ မနက်ဖြန်ရှိလိမ့်ဦးမယ်လို့
ဘယ်တုန်းကမှ မသိခဲ့ဘူး
ထူးခြားစွာ ငါ့အဆွေးတွေ အဝေးကိုဖယ်ထုတ်ခဲ့ပေါ့
တစ်ကယ်အဟုတ်ကို မင်းရောက်လာတော့ကွယ်။

ခုတော့ကွာ ငါ့ကမ္ဘာမှာလှမ်းကြည့်ရင်
ဝမ်းနည်းဆွေးမြေ့မှု့အတိတ်နေ့ကလေးတွေဟာ
ေ၀၀ါး သေးမွှား ဝေးသွားခဲ့ ရှာမှလေရှား
ငါတွေ့ထားတဲ့ နောက်ဆုံးသော အချစ်စစ်ကြောင့်ပါ။

လှစ်ဟာခဲ့ မေတ္တာနဲ့ဝေးတဲ့နေ့တွေ
ဆွေ့ဆွေ့ခုန် ထွက်ပြေး ရက်ကလေးတွေစိုပြေ
လိုနေဆဲ အသည်းကွက်လပ်ဖြည့်ဆည်း
မေ့ - ကြီးမြတ်တဲ့ မေတ္တာ။

သစ္စာတံခါးတွေ အဖွင့်
အချစ်ဟာ ပျားရည်လိုချို
မလစ်ပါ ငါ့ခံစားချက်တွေ လင်းစေဖို့
မင်းလေတို့ကိုအလင်းတွေ တို့ပေး
တို့အသွေးတွေ ထွန်းလင်းတောက်ပရစ်မယ် ဆက်ကာပေါ့
တစ်ယောက်နှမအချစ်ကို မပစ်ပယ် ချစ်မယ် မပျက်ကာပေါ့ကွယ်။


ကိုဂစ်တာ


ကဗျာမူရင်း-

A Better Tomorrow

I never knew there would be a better tomorrow
But you've come into my life and taken away all my sorrow

My days of sadness are a thing of the past
Because I have found true love at last

My days of emptiness are gone for good
Because you fill a void in my heart that you should

You've opened a window
You've shwn me the light
And my love for you will continue to burn bright


Author: Yvonne Warren


Note- it'll be good if i get better love status tomorrow like above poem. :)

Comments

ကဗျာလေးက လေးလေးနက်နက်လေးဗျ။
ကြိုက်တယ်ဗျာ။
mabaydar said…
အဲဒိပိုကောင်းတဲ့မနက်ဖြန်တွေက အချစ်သစ်ကြောင့်မဟုတ်ပဲ.. ကိုယ့်ဘာသာကိုယ်ပြန်ထူထောင်နိုင်တာဆိုရင် ဒိထက်ပိုကောင်းသွားလိမ့်မယ်ထင်တယ်..

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး