ကျွန်တော်ဘာလဲ ဘယ်လဲ

.
ကမ္ဘာကြီးက ပူနွေးလာပြီဟု သိပ္ပံပညာရှင်များက ပြောကြားသလို ကမ္ဘာကြီးက တစ်ကယ်ပင်ပူနွေးလာခဲ့ပြီ။ ကမ္ဘာကြီးတောင်မှသွေးပူနေတဲ့အချိန် ကျွန်တော်ကတော့ သွေးအေးဆဲ။ လူငယ်ဆိုသည်မှာ တက်ကြွသည်။ စူးစမ်းလိုစိတ်ရှိသည်။ ခံစားချက်ပြင်းထန်သည်။ လွတ်လပ်မှု့ကို လိုလားသည် စသည်ဖြင့်ရှိကြသည်။
တစ်ချို့လူငယ်တွေ သူများခြံထဲမှာ သစ်ပင်တွေစိုက်ပြီး အသီးတွေခူးစားနေကြသည်။ တစ်ချို့တစ်လေလည်းထွန်ယက်ဆဲ….။ သို့သော် ကျွန်တော် ဆိုက်ကားစီးနေပါသည်။ နလပိန်းတုံးကျွန်တော်…။အရာရာကိုပေါ့ပေါ့လေးတွေးပြီး ဘ၀ကိုဖြတ်သန်းနေခဲ့သည်။ ဘာကိုအရေးကြီးမှန်းမသိ။ ကျွန်တော့်ကို ကျွန်တော်အားမရပါ။
ကျွန်တော် ရွှေခိုးသင်နေသည်။ အောက်သက်ကျေအောင်မကြိုးစား။ ပေါ်ပင် များနှင့် ကျွန်တော် အတော်ပင်ယဉ်ပါးနေသည်။ အနုပညာမှအစ ဟိုအရေး ဒီအရေးအထိ ပြေးမကြည့်ဘဲ ထင်ယောင်ထင်မှာနှင့် စကားထွားနေသည်က အများသားပင်။ လူငယ်ဆိုသည်မှာ အသက် 18-19 မှာ 25-26 အရွယ်အတွင်းပင်။ က်ျအရွယ်တွင် ကျွန်တော့်အနေနှင့် မျှော်လင့်ချက်များ နှင့် သစ်လွင် လတ်ဆတ်နေရမည်။ လုပ်ဆောင်ချက်များ ခန်းနားနေသင့်ပါသည်။ တက္ကသိုလ်မှ ထွက်လာပြီးနောက် သင်ယူမှု့တွေကို အမြဲမပြတ်လုပ်နေသင့်သည်။ အဆက်မပြတ်သော သင်ယူမှု့ (life – long learning) နှင့် ကျွမ်းဝင်နေသင့်ပါသည်။ ကျွန်တော့်မှာထိုသို့မဟုတ်ပေ။ “ငါတက်ရတဲ့ ကျောင်းက ကောင်းမှမကောင်းတာ” ‘ သင်တဲ့ဆရာတွေက အဆင်မမှီဘူး’ ဆိုပြီး ကိုယ်တိုင်ကြိုးစားသမှုမပြုဘဲ အရိုးများသည်၊ ချီးခါးသည် လုပ်နေသည်။
ကျွန်တော်သည် ကံကြမ္မာကိုယိုးမယ်ဖွဲ့နေမိသည်။ ကျွန်တော့်မှာမျောနေသည်။ ကဗျာဆန်ဆန်ပြောရလျှင် မျောလွင့်နေသောတိမ်မှာ ကျွန်တော်ပင်။ ဘာလုပ်မှာလဲ။ ကျွန်တော်သည် ဒီတိုင်းပြည်မှလူငယ်တစ်ယောက်။ လာမယ့်နှစ်အတော်များများမှာ ရှေ့က လူကြီးတွေ ရှိတော့မည်မဟုတ်ပေ။ သူတို့နေရာတွင် ကျွန်တော် နေရာဝင်ယူရပေတော့မည်။ ဒီလိုပဲမျှော်လင့်ခြင်းများစွာနှင့် ကျွန်တော်ဆက်သွားနေဦးမည်လား။
ဟိုလက်ညိုးထိုး။ဒီလက်ညိုးထိုး နှင့် ကျွန်တော် လုပ်နေဦးမည့်အစား ကျွန်တော် သေချာတာလေးတွေ ဆုပ်ကိုင်ထားသင့်ပြီဟုထင်ပါသည်။ အနာဂတ်က မကြာခင် ပစ္စုပ္ပန်ဖြစ်လာတော့မည့်အခါ ပြဿနာများစွာ ခေါင်းပေါ်ကျလာသည့်အချိန်တွင် ကျွန်တော်ဒီအတိုင်းပဲဆိုလျှင်ဖြင့် ခေါင်းကွဲဖို့သာရှိပါသည်။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ရာတွင် ဘာရယ်ကြောင့်၊ ညာရယ်ကြောင့်ဆိုပြီး ညည်းတွားနေမည့်အစား လုပ်စရာရှိတာ ဆက်လုပ်တာသည် အဖိုးတန်သော နေထိုင်ခြင်းဖြစ်သည်ကို လွင့်မျောနေသော ကျွန်တော်သိသင့်ပါသည်။
Comments
နိဂုံးမှာရေးထားသလို လူငယ်တွေအားလုံး
ဒီလို အတွေးတွေရှိစေချင်ပါတယ်---
အားပေးနေပါတယ်--
ဆက်ရေးပါ--
ခင်မင်လျက်
မသက်ဇင်
အင်း..ကြိုက်တယ်ဗျာ..အတွေးလေးကို..
တူတူပါပဲ။
ကျွန်တော်တို့ ဒီလိုဖြစ်သင့်တာကြာပြီ… lets go ahead together bro.