လန့်နိုးခဲ့သော ၀ိုင်အိပ်မက်

.
ချစ်တယ်... ချစ်တယ် လို့ငါမင်းကိုအခါခါ ပြောခဲ့တယ်...မင်းကိုမြတ်နိုးလွန်းလို့ မင်းနဲ့ ပတ်သက်တာတွေ မင်းအကြောင်းတွေကို ငါသိချင်ခဲ့တယ်။ မင်းကို ငါချစ်မိနေပြီလို့ သိလိုက်တဲ့အချိန်မှာ ငါဟာမင်းအတွက်ပဲ ဖြစ်ရမယ့်လို့ ဆုံးဖြတ်ချက်ကိုချပြီးနေခဲ့ပြီ။ မင်းရဲ့ထပ်ခါတစ်လဲလဲ ခါးခါးသီးသီး ငြင်းဆိုမှု့တွေလည်း ငါမှု့ခဲ့ဘူး။ မင်းအတွက်သီချင်း၊ မင်းအတွက် ကဗျာ၊နဲ့ မင်းအတွက်ဆိုတဲ့...ခေါင်းစဉ်အောက်မှာ ငါဟာ အရာရာ မင်းစိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်ခဲ့တယ်။။ နွေရာသီရက်တွေထဲမှာ မင်းမျက်နှာလေးဟာ ငါ့အတွက်တော့ ရေတစ်ပေါက်လို့အမောတွေပြေစေတယ်လေ...။

တန်ခူးလရဲ့ နွေပူပူမှာ သင်္ကြန်ပွဲတော်ကြီးက Techno Beats တွေနဲ့ မြူးကြွလို့ လူတွေပျော်နေတဲ့ သင်္ကြန်ဟာ ငါနဲ့ဘာမှမဆိုင်သလိုပါလားကွယ်။ ငါတွေ့ချင်တာ မင်းမျက်နှာ....။ မင်းမျက်နှာကို တွေ့ချင်လွန်းလို့ နေပူကျဲတဲမှာ မင်းနေတဲ့ရပ်ကွက်ကို လာခဲ့တာတွေ ရော မင်းမှတ်မိသေးရဲ့လားကွယ်။

မကြာပါဘူး သင်္ကြန်ပြီးပြီဆိုတာနဲ့ တစ်နိုင်ငံလုံး ဖရိုဖရဲ ဖြစ်သွားစေတဲ့ မုန်တိုင်းက၀င်ရောက်လာတော့တယ်။ အဲ့ဒီ့ညပေါ့... 12 နာရီလောက်မှာကိုယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလိုက်တာ။ 2နာရီလောက်မှာ လေသံမိုးသံတွေနဲ့ ကိုယ်လန့်အနိုး မုန်တိုင်းကတော့ စလာနေပြီဆိုတာ သိလိုက်တယ်။ အဲ့ဒိအချိန်မှာ ငါသတိရမိတာက မင်းပဲ။ ညီမလေးအန္တရယ်ကင်းရှင်းပါစေ...လုံခြုံနွေးထွေပါစေ။ စိုးရိမ်ကြောင့်ကြကင်းပါစေ လို့ နှုတ်ခမ်းလှုပ်ရုံထပ်တလဲလဲ ရွတ်နေမိတယ်...အိပ်ချင်မူးတူး အသိမှာတောင်မင်းဝင်ပြီး စိုးမိုးနေခဲ့တာကို ပိုတယ်လို့မင်းထင်မလား။

နာဂစ်မုန်တိုင်းကတော့ ပြီးသွားခဲ့ပြီ။ အိမ်ခြေပေါင်းမြောက်များစွာနဲ့ အသက်ပေါင်း မြောက်များစွာလည်း ပျက်စီးခဲ့ရတယ်။လောကကြီးမှာမထင်မှတ်တဲ့အဆိုးတွေကြောင့်လူတွေရဲ့စိတ်ဓါတ်တွေ ၊စည်းစိမ်တွေ ပျက်သုည်းသွားခဲ့ရတယ်။ စိတ်မကောင်းစရာဆိုတာထက် ၀မ်းနည်းကြေကွဲဖွယ်ရာတွေပါပဲကွယ်။...အဲ့ဒိလိုအဖြစ်ဆိုးတွေလောာက်ကိုယ့်အဖြစ်ဟာ ကြေကွဲဝမ်းနည်းဖို့မကောင်းပေမယ့် ငါဘ၀ရဲ့အမာရွတ်တစ်ခုအဖြစ်ထင်ကျန်နေဆဲ ဒါဏ်ရာတစ်ခုကတော့ နာဂစ်မုန်တိုင်းအပြီး ရရှိခဲ့တာ မင်းသိခဲ့ရဲ့လား။ အလဲလဲအပြိုပြိုနေ့ရက်တွေထဲမှာ အပူလောင်ဆုံးမီးတွေလောင်မြိုက်ရင်းပေါ့....

ကိုယ့်အိပ်မက်တွေထဲမှာ အခါခါမက်ခဲ့တဲ့ အခါခါမျှော်လင့်ခဲ့ရတာက မင်းဆီက ချစ်တယ်ဆိုတဲ့စကားလေး တစ်ခွန်းပါပဲ။ အဲ့ဒီ့စကား အဲ့ဒီ့အဖြေ လေးကိုကြားဖို့ အတွက်ကိုယ်နေ့ပေါင်းများစွာရယ် ညပေါင်းများစွာရယ် ရူးသွပ်ခဲ့ရတယ်။

ကိုယ်မှတ်မိသေးတယ်။ အဲ့ဒိနေ့ညကပေါ့။ ကိုယ့်ရဲ့ဘ၀မှာ အပျော်ဆုံးနေ့လို့ သတ်မှတ်လို့ ရခဲ့တယ်။....မင်းပြောတဲ့..ကိုယ့်အချစ်ကိုလက်ခံကြောင်းစကားကြောင့် ကိုယ့်နှလုံးသားအေးမြခဲ့ဖူးတယ်။ အို....သိပ်ပျော်လိုက်တာကွယ်.....။

နောက်တစ်နေ့ရဲ့နံနက်ဟာ....မျှော်လင့်ခြင်း အသစ်...ဘ၀အသစ်လို့ယူဆမိခဲ့တဲ့တစ်နေ့ပေါ့....။ ထူးထူးခြားခြား အဲ့ဒိနေ့မနက်ခင်းဟာ သာယာလိုက်တာ........။


အေးမြလွန်းတဲ့အခြေအနေကနေ...အရာရာဟာပူလောင်ပြင်းပြလွန်းတဲ့ အခြေအနေတစ်ခုကို ရုတ်ချည်းပြောင်းလဲသွားတဲ့အခါ မြန်ဆန်လွန်းတဲ့အဖြစ်အပျက်မှာ သစ်ပင်တွေတောင် ညိုးခြောက်သေဆုံးနိုင်ခဲ့တယ်။ နှစ်ဆယ်လေးနာရီ ဟာ အဖြစ်အပျက်တွေ မြန်ဆန်လွန်းလောက်အောင်ကို ဖြစ်ခဲ့လိမ့်မယ်လို့ တွေးမထားခဲ့ဖူးဘူး။

"ဘာမှလာမပြောနဲ့" "ဘာမှမသိဘူး" "နောက်ကနေ လိုက်မလာနဲ့နော်" ဆိုတဲ့ ခါးသီးတဲ့ မင်းစကားတွေနဲ့ မင်းရဲ့နောက်ကျောမှာ ကျန်နေခဲ့တဲ့ ပရိဒေ၀မီးလျှံတွေ တောက်လောင်နေခဲ့တဲ့ အရူးတစ်ယောက်ရဲ့ ဆောက်တည်ရာမဲ့ အဖြစ်ကို မင်းမြင်တွေးမိရဲ့လားလေ...ဘယ်ကိုဆွဲကိုင်ထားရမှန်းမသိအောင် မူးနောက်ရီဝေ ငါ့ရဲ့လမ်းတွေလည်းေ၀၀ါးနေခဲ့တယ်။

တစ်ရွေ့ရွေ့ပြေးနေတဲ့ အနှေးယာဉ်ကလေးပေါ်က ရှက်ရွံ့သိမ်ငယ် နာကျင်ကြေကွဲမှု့တွေနဲ့ လူငယ်တစ်ယောက်ရဲ့ အမျိုးအမည်မဖေါ်နိုင်လောက်အောင် များပြားလွန်းပြီး ခံစားခက်တဲ့ဝေဒနာတွေနဲ့အတူ ယိုစိမ့်နေခဲ့တဲ့မျက်ရည်တွေဟာ ဟန်ဆောင်ခြင်းတွေ ဘယ်ပျောက်ကုန်မှန်းမသိအောင်ကို ပူလောင်လို့ရယ်....။

ငါ့ရဲ့ တောင်းပန်စကားတွေက မင်းအတွက်တော့ လေထဲကလာတဲ့ ပုစဉ်းရင်ကွဲသံတွေလို မှု့စရာမဟုတ်ခဲ့ဘူး။ မင်းတို့နေတဲ့ရပ်ကွက်လေးထဲမှာ မင်းတို့အိမ်ရဲ့ရှေ့က စာသင်ကျောင်းလေးရဲ့နဘေး မလေးရှား ပိတောက်ပင်အောက်မှာ ငါ့မာန်တွေချပြီး မင်းကိုငါ အောက်ကျို့ခဲ့တာ...လည်း မင်းဥပေက္ခာတွေက အရောင်တောက်ပတုန်း။ မင်းဥပေက္ခာတွေအောက်မှာ မျက်ရည်တစ်ပေါက်ကျတိုင်း ငါအပြန်နောက်ကျလို့ မျှော်နေမယ့် ဆံဖြူသွားကျိုး ငါ့အမေကို သတိရတယ်။ မင်းအပြုံးတွေနဲ့ယစ်မူးပြီး မင်းအတွက်စဉ်းစားနေတာတွေကို ငါကိုယ်ငါ သတိထားမိတိုင်း အိမ်မှာ စာကျက်ပြီး ခေါင်းခြောက်နေမယ့် ငါ့ညီမလေးကိုသတိရတယ်။အိမ်ပြန်ရောက်ရင် အမေနေကောင်းရဲ့လားလို့တစ်ခါမှ မမေးမိဖူးတဲ့ ငါက မင်းဘာသာမင်း
အင်္ကျီထူထူဝတ်ထားတာမြင်ရင် တောင် နေမှကောင်းရဲ့လားလို့ စိုးရိမ်တတ်ချင်နေတယ်...။ ထမင်းစားရင် မင်းကိုရည်စူးပြီး တစ်လုတ်စာချန်ပြီး စားတတ်ခဲ့ပေမယ့်။ ငါ့အတွက်တော့ မင်းရင်မှာ ခံစားချက်နည်းနည်းလေးမှ မရှိခဲ့ဘူးလားကွယ်။ ငါ့ဘ၀မှာ နင်သာနောက်ဆုံးပါပဲလို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာနဲ့ချစ်ခဲ့တာ သတ္တိတွေရှိခဲ့တာ။ မင်းကတော့ ငါ့နဲ့ရပ်စကားပြောဖို့တောင် တစ်အားကြောက်ခဲ့ပါလား။

အဲ့ဒီ့နေ့ရက်တွေကစလို့ ငါဟာ ရေမျှောကမ်းတင် တောင်စဉ်ရေမရ အတွေတွေလည်း လွင့်မော..မျော..နေ။ ငါဟာဘာကို ရှက်လို့ရှက်မှန်းမသိ၊ ဘာကိုရွံလို့ရွံလို့ရွံမှန်းမသိအောင် ရှက်ရွံ့သိမ်ငယ်စွာ...နေ့ရက်တိုင်းဟာ..ငါ့ကိုခြောက်လှန်နေခဲ့တယ်။ စိတ်ဖိစီးမှု့တွေကြီးစိုးလို့ ခြေကုန်လက်ပန်းကျ။ မင်းရဲ့အချစ်ကိုရဖို့ ဒီလောက်တောင်ခက်ခဲပါရောလားကွယ်။ မေတ္တာအစစ်နဲ့ ချစ်ခဲ့တာတောင် အမြစ်တွေမတွယ်နိုင်တဲ့ အဖြစ်နဲ့ ငါဟာဆွဲဆောင်မှု့နည်းပါးတဲ့ အကောင်ပါပဲလား။ မင်းရဲ့ရင်ခုန်သံတွေထဲ နှလုံးသားနံရံတွေထဲ ငါ့နာမည်မတွင်နိုင်သေးပါလား။

အလျှားအနံမရှိပေမယ့် အသွားအပြန်ရှိတယ်ဆိုတဲ့စကားလည်း အလာကားပါပဲကွာ။ သစ္စာတွေဆိုလိုက်တာလည်းမောတာပဲအဖတ်တင်။ စိတ်ဓါတ်တို့လည်းအချဉ်ပေါက်ခဲ့တယ်။ ဆက်နေဆဲရက်ရှည်အလွမ်းတွေနဲ့ပေါ့။ ငါ့အတွက် အရာရာဘာကြောင့် ခက်ခဲနေရတာလဲ...။ တန်သင့်သလောက်အခက်အခဲဆိုတာ ငါလိုလူတစ်ယောက်အတွက် နာလည်နိုင်ခဲ့တယ်။ ဒါပေမယ်ကွယ်....။
i can be bought sex but love. အထပ်ထပ်သော သစ္စာတွေနဲ့ ဖြူစင်ခြင်းအင်္သေချေတွေနဲ့ ဖြေမရအောင်ချစ်ခဲ့တာကမင်းပါကွယ်။ ငါချစ်တဲ့သူမင်းကိုမရလို့ ငါ့မှာမျက်ရည်နဲ့မျက်ခွက်။ သောက်ချင်လို့သောက်တာပါလို့ ကိုယ့်ကိုယ်ကိုလိမ်ပြီး သောက်ကာ..မူးတော့မှ မင်းအကြောင်းတွေပြီးမျက်ရည်ဝေ...။
ဒီအလွမ်းရက်ရှည်တွေ ဘယ်လောက်ထိများ ရှည်လျှားဦးမှာလဲ မင်းကိုငါက ဘုန်းအနိမ့်ခံပြီး ချစ်တာကို မင်းသိရဲ့နဲ့....။

Comments

thihanyein said…
ခံစားလိုက်ရတာ ကိုဂစ်တာရယ်
အေ၇းအသားကောင်းတော့လည်းဖတ်သူရင်ထဲစွဲတာ
တကယ်ကိုခံစားတဲ့သူရဲ့ရင်တွင်းကိုထိုးဖောက်မြင်လိုက်ရသလို
ပဲ မျက်ရည်နဲ့မျက်ခွက်
ကောင်းလိုက်တာ ဗျာ
အရေးအသားလေးတွေကကောင်းလှချည်လား.. ကိုဂစ်တာ..
ရင်နဲ့အမျှ ကိုခံစားရပါတယ် ချစ်တတ်လွန်းတဲ့ ကိုဂစ်တာရယ်...
ဘုန်းနိမ့်ခံပီးချစ်တာကို နားမလည်ဘူး။
ကောင်မလေးကိုချစ်တာ ဘုန်းနိမ့်လို့လား..........
အချစ်က ဘုန်းနဲ့ကံနဲ့လားရှင့်
:P
ရေးထားတွေကောင်းတယ်။ ခံစားချက်အပြည့်နဲ့
ko guiter
a de lauk gi ma kyay nat byar, ma khan sar naing taut bu

ha` ha` :D
flowerworld said…
ကိုဂစ်တာကြီးကြေကွဲပြထားလိုက်တာ..ထိတယ်ဗျာ အရေးအသားတွေက..တကယ်ပဲ...ပြောကိုမပြောချင်ဘူး ကောင်းလွန်းလို့

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး