နေမထွက်ခင်

.













အဖေလည်း အတ္တတွေနဲ့လုံးထွေး
ကျွန်တော်လည်းအတ္တတွေနဲ့လုံးထွေး
ဟော့ဒီ့ ကျွန်တော်တို့ရဲ့အိမ်ကလေး
စိတ်ကူးယဉ် အိပ်မက်တွေနဲ့ ဖွေးဖွေးလှုပ်နေခဲ့တယ်။

တစ်ကယ်တမ်းတော့
အဖေ့ရဲ့ဖြူစင်တဲ့အတ္တတွေကိုကြော်လှော်ပြီး
ရလာတဲ့အာဟာရတွေနဲ့
ကျွန်တော်တို့ အိပ်မက်တွေဆက်မက်ခွင့် ရခဲ့တယ်
မဖြစ်နိုင်တာတွေ မဖြစ်သေးခင်မှာ
ဖြစ်ချင်တာတွေ ဖြစ်နိုင်တာတွေ ဆက်တိုက်ပွင့်လန်းလို့
မနက်ငါးနာရီလောက်ဆိုအဖေထွက်သွားခဲ့တယ်။

အဲ့ဒီလိုပါပဲ…
တိမ်တိုက်တွေလို ကျွန်တော်တို့ လွင့်နေတဲ့ မျောနေတဲ့
ညတစ်ညဟာ
မကျေနပ်တာတွေကိုပဲ ကျေနပ်ပြုံးပြနေရတဲ့ ဇတ်ခုံ ပါပဲအဖေ။
ဗလာရောင်တောက်နေတဲ့ ပုလင်းလွတ်လိုအပိုင်းအခြားမှာ
ကျွန်တော်ပွဲဈေးတန်းတွေ မလျှောက်ရဲဘူး
စုစည်းထားတဲ့ အိပ်မက်တွေ ကြွေမွသွားမှာ ကျွန်တော်ကြောက်တယ်။

Comments

ပီပြင်လိုက်တဲ့ ကဗျာပဲဗျာ ... ခံစားရတယ်
သက်ထွန်းညိမ်း said…
ကောင်းလိုက်တဲ့ကဗျာ ပေါ်လွင်တယ်ဗျာ
ကောင်းတယ်ဗျာ
ကောင်းပြီးရင်း ကောင်းနေတာပါပဲ။
အရမ်းကောင်းတယ် ကိုဂစ်တာရေ...
ကဗျာဆရာ.. ကတော့.. အရမ်းကို ခံစားနေတော့တာပဲ....
စကားမစပ် ညီမလေး ဆီမှာ လာလာပြီး သီချင်းတွေ ဆိုပြနေတာလား....ဟီးဟီး..
ကဗျာလေးကို အလွန်ပင် နှစ်သက်မိပါတယ်
စကားလုံးလေးတွေ နှိုင်းဆ သုံးထားတာကို
ကြိုက်မိပါတယ် ..

ဆက်လက် အောင်မြင်ပါစေ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး