အိုး ဋီကာ

.
အိုးဆရာတဲ့ဗျ
အိုးတစ်ကာကို မရိုးသာအောင် သတယ်
အိုးတွေက လှတယ်လေ
နှမငယ်ရေ ပြချင်တယ်
ဟ…ဘ၀င်မယ်ကျစေမှာပဲ…။

မလှချင်လည်း လှရမှာပဲပေါ့
ဘ၀အစဉ်သာ အိုးတွေကြားထဲ
ရိုးလေမသွားပဲ
အိုးတွေများ အမြဲထိုင် သလို့ရယ်
ဆွဲကိုင်ထား ရွှံ့စေးရယ်နဲ့
မတွန့်သေးပါ တောင်မြေ ကို စပ်ပါလို့
ပါးစပ်က တေးကိုနှော့
ပျော့ပါတဲ့ အိုးလည်း မာရမယ်။

ချော့ကာတဲ့ သတယ် မမှားရအောင်
လက်ဝါးလေး ဆ” ကာ ဆ” ကာနဲ့
လှလာတဲ့ အိုးကလေးက အသက်ဝင်တယ်
လက်ဝင်တယ် အမျိုးမျိုးနဲ့
အိုးဒီဇိုင်း မဆိုင်းပဲထုတ်ပါတယ်။

အဟုတ်ပါကွယ် အိုးအစိုလေးကို လ
နေရောင်မခံမိစေရ တဲ့
သဘာဝအတိုင်း ခြောက်စေတယ်
နောက်..လေကွယ် အိုးအရိုင်းကို
တစ်မျိုးတစ်ဆိုင်း ထပ်တိုးကာ
မညှိုးပါ အိုးမှာနီစွေးလို့ အဟုတ်လှအောင်
ဖုတ်ရတယ်ကို။

ဟုတ်ပါ့ကွယ်…အဖုတ်ကောင်းလှချည်ရဲ့
တုတ်ချောင်းများ ထည့်ကာခေါက်ရင်
လွင်ပါတဲ့ အသံချိုလေးဆောင်တယ်….
အို…
ဒေါင်ဒေါင် ရယ်မြည်။


Ps- ညဖက်အလုပ်ကအပြန် MRTV4 ကြည့်နေရင်း အိုးလုပ်ငန်းအကြောင်း အစီအစဉ်လာတာနဲ့ ရေးဖြစ်သွားတာလေးပါ။

Comments

WWKM said…
စိတ်ကူးလေးကောင်းတော့ ကဗျာကောင်းလေးတစ်ပုဒ်
ရတာပေါ့ကွယ်။း)
thonn thonn said…
အွန် ... ဘာကြီးလဲဟ :O
thihanyein said…
အင်းကဗျာကောင်းလေးဗျာ
ကောင်းတယ်ဗျို့...
အိုးကောင်းလေးတစ်ပုဒ်..အဲ..မှားသွားလို့..
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ..

ခင်မင်လျက်
နွေသူရ
အရမ်းကောင်းတဲ့ ကဗျာပါပဲ။
ရေးတဲ့ ဆရာက အတော် ကဗျာ သဘာရင့်ပုံ ရတယ်။
အဲ.. နောက်ဆုံး အပိုဒ်ကတော့ ... ထန်းခေါက်ဖာ ရောင်းတဲ့ ကဗျာကို သွားသတိရမိတယ် ...။
ကဗျာက စီးဆင်းသွားသလိုပါပဲ။ ခံစားမှုတစ်မျိုးကိုလည်း ပေးတယ်။ အိုးလုပ်နေတဲ့ သူကို မြင်ရောင်လာတယ်။ ရေးတတ်ပါပေ့ ကိုဂစ်တာရေ။

သုခမိန်(E-Journal)
ကောင်းပါလေရဲ့
အရင်လိုပဲ။
အိုးအကြောင်း တစေ့တစောင်း ပေါ့လေ..သန်ရာသန်ရာပေါ့..:P
စတာနော်..ခင်လို့
ကို ဂစ် က ဒါ လဲ ရ တယ် နော်။ စ တာ ဗျို့။ သိ နေ တယ် နော်။
MrDBA said…
ဒေါင်ဒေါင်မြည်အောင်ကောင်းတယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး